Ep-6

578 69 2
                                    

ကျောင်းရောက်သည်နှင့် သက်တော်စောင့်လေးသည်
သူ့ရဲ့အလုပ်အတိုင်း မပြန်သေးပဲ အခန်းရှေ့ထိကို
ရပ်ပြီး စောင့်နေသတဲ့..။

ငါ့သူငယ်ချင်းနှစ်‌ယောက်ကတော့ သိတာကြောင့်
ဘာမှသိပ်မပြောပေမယ့်..အခန်းထဲက သူတွေနဲ့
ကျောင်းကသူတွေအားလုံးရဲ့ ပါးစပ်ဖျားမှာ
ငါနဲ့ Gemini က ဘယ်လိုပတ်သတ်တာလဲ
ဆိုသည့် ခေါင်းစဉ်ဖြင့် အကြောင်းအရာတွေ
ပြန့်နေကြောင်း Rioပြောလို့သိခဲ့ရပြီးပြီ..။

ငါကကျောင်းမှာ နာမည်ကြီးတော့ မဟုတ်ပေမယ့်
မျိုးရိုးမြင့် ချမ်းသာပြီး ရွှေဇွန်းကိုက် မွေးလာတဲ့
သူဆိုပြီးတော့ တစ်ချို့သူတွေက သိကြသည်..။
ဒါပေမယ့် ငါမကြိုက်ပါဘူး ငါက ငါ့ဘဝကို
ဒီတိုင်းသာမန်လူတစ်ယောက်အနေနဲ့ပဲ
ဖြတ်သန်းချင်ခဲ့တာ သိတက်စအရွယ်ထဲကပင်..။

ဒယ်ဒီသည် ငါလူမှန်းသိတက်စအရွယ်
နားလည်နေပြီဖြစ်သည်ဆိုသည့် အရွယ်ထဲက
ဖိအားတွေအရမ်းပေးခဲ့သည်..။ အခုအချိန်မှာသာ
ဒယ်ဒီနဲ့အဆင်ပြေနေပေမယ့် အရင်ကတော့
အဲ့လိုမဟုတ်ခဲ့ပေ..ကျောင်းစာမေးပွဲစစ်ပြီးလို့
Report cardထွက်လာတိုင်း အဆင့်တစ်
မရခဲ့ရင်..ဒယ်ဒီသည် ဆူသည်..ရိုက်တာတော့
မခံခဲ့ရပေ ကံကောင်းတယ်ပြောရမည်..။
ဒယ်ဒီသည့် သူ့ရဲ့စံချိန် စံနှုန်းတွေမှီအောင်
ဆိုပြီး ငယ်ငယ်ထဲက စီးပွားရေးကို နားလည်
အောင် သင်ပေးသော်လည်း စိတ်မဝင်စားသည့်
ငါသည် ခေါင်းထဲကို တစ်လုံးမှ မရောက်ပေ..။
 
" Ai Fourth!!.."

" ဟမ်.."

အတန်းရှေ့မှာရပ်နေသည့် Geminiကို
ငေးကြည့်ရာကနေ အတွေးလွန်သွားပြီး
Kylie အော်ခေါ်မှ သတိပြန်ဝင်လာသည်..။

" နင့်လူကိုပဲ ကြည့်နေတာ ငါတို့ခေါ်တာတောင်
မကြားဘူး.."

" ဘာလဲပြော.."

" ဆရာလာတော့မှာလေ.."

" အော်အေး.."

အတန်းချိန်စတော့မှာဖြစ်တာကြောင့်
ငါ့အာရုံတွေကို ပြန်ပြီး စုစည်းလိုက်သည်..။

ဆရာစပြီးဝင်လာသည်နှင့် ရှင်းပြသမျှကို
နားထောင်ရတော့သည်..။ Rioနဲ့ Kylie သည်
ဖုန်းသုံးလိုက် စာကြည့်လိုက် လုပ်နေပေမယ့်
ငါကတော့ နှစ်ခုစလုံး စိတ်မဝင်စားပေ..။
အပြင်မှာ ရပ်စောင့်နေသည့်သူကို ခဏခဏ
မကြည့်မိအောင် ထိန်းထားရသည်..။

MISSION { COMPLETED }Where stories live. Discover now