Ep-8

620 77 7
                                    

ညဘက်ကြတော့Rioနဲ့ Kylie ပြန်သွားပြီးသည့်နောက်မှာ ငါGeminiကို လိုက်ရှာမိတယ်..။
တစ်ယောက်ထဲဆို ပျင်းစရာကောင်းတယ်
မဟုတ်လား..။ နည်းနည်းပါးပါး စကားလေး
ဘာလေးပြောရင်းပေါ့..။

သူ့အခန်းရှေ့မှာ ငါဒီတိုင်းရပ်နေမိသည်..။
တံခါးကိုခေါက်လိုက်ရင် ကောင်းမလား..
‌မခေါက်ရင် ကောင်းမလား စဉ်းစားနေတာ
အတော်လေးကြာနေပြီလေ..။

တွန့်ဆုတ်နေတုန်းမှာ တံခါးဟာ ပွင့်လာပြီး
တံခါး၏ရိုက်ချက်ဟာ အရှေ့မှာ ရပ်နေသည့်
ငါ့နဖူးပေါ် တန်းခနဲပင်..။ တံခါးဖွင့်လိုက်သည့်
အရှိန်ကြောင့် အနောက်ယိုင်ကျသွားသည့်ငါ့ကို
Gemini သည် ပြုတ်မကျအောင် သူ့လက်
တစ်ဖက်ဖြင့် ထိန်းထားသည်..။ သို့ပေမယ့်
ထိသွားသည့် နဖူးကတော့ အတော်လေး
နာသွားသည်..။

" အာ့.."

" တောင်းပန်ပါတယ် ဘာလို့အသံမပေးတာလဲ
ဘယ်သူမှမရှိဘူးထင်ပြီးဖွင့်လိုက်တာ
ဘာလို့ရပ်နေတာလဲ အထဲဝင်ခဲ့ပါတော့လား
ကြည့် အခုတော့ထိပြီမဟုတ်လား..
အရမ်းနာသွားလား.."

ထင်တဲ့အတိုင်း Gemသည် နဖူးက ဖောင်းတက်လာသည့် ဒဏ်ရာကို ကြည့်ပြီး ပွစိပွစိပြောပါတော့သည်..။ ထိုပုံစံကို ငါရယ်မိသည်..။
မသိရင် အန်တီကြီးအ‌တိုင်းပဲ..။

" ဟော ဘာရယ်နေတာလဲ စိတ်ပူလို့ပြောနေတာ.."

" အင်းပါ သိပါတယ်.."

" လာ ဆေးထည့်ရအောင်.."

Gemသည် ငါ့လက်ကို ဆွဲကာ သူ့အခန်းထဲ
ဝင်စေသည်..။ အခန်းထဲဝင်လိုက်သည်နှင့်
အကုန်လုံးက အနက်ရောင်ပင်..။ ငါ့ကို
ကုတင်ပေါ်မှာ ခဏထိုင်စေပြီး Gemသည်
ဆေးသေတ္တာအား သွားယူနေသည်..။

" ဆောင်ထားတာလား.."

" မဟုတ်ပါဘူး ရောက်ထဲကရှိတာ.."

ထင်ပါတယ် Gemလိုလူမျိုးက ဆေးသေတ္တာကို
ဆောင်မယ် မဟုတ်ဘူး ဆိုတာကိုပေါ့..။
နဖူးသည် ပေါက်ပြဲသွားတာမျိုး မဟုတ်ပေမယ့်
အရောင်ကျသွားအောင် Gemသည် သေချာလေး
ဂရုတစိုက်လုပ်ပေးနေသည်..။ ထိုမြင်ကွင်းဟာ
ငါ့ကိုရင်ထဲ အနည်းငယ် နွေးထွေးစေသည်..။

MISSION { COMPLETED }Where stories live. Discover now