Ep-10

643 75 2
                                    

ခန္ဓာကိုယ်ရဲ့တစ်တောင့်တစ်နေရာက
‌ကိုက်ခဲချင်းနဲ့အတူ ငါနိုးထလာခဲ့သည်..။
နိုးလာသည်နှင့် ခေါင်းထဲတန်းစီပြီး
ဝင်လာခဲ့သည်ဟာ မနေ့ညက ပုံရိပ်တွေ..။
သေလိုက်‌တော့ Nattawat ရေ..။
သူနဲ့အဲ့လောက်ထိတောင် ဖြစ်သွားရလား..
ဘယ်လိုလုပ်ရမလဲ..။

" အမလေး!!.."

ဘေးနားမှာ တစ်ခုခုခံနေသလိုဖြစ်နေတာကြောင့်
ဘေးလှည့်ကြည့်လိုက်တော့ သူက ငါ့ကို
စိုက်ကြည့်နေပြီ ငါက သူ့ရင်ခွင်ထဲရောက်နေသည်..။

" အဆင်ပြေရဲ့လား.."

စိတ်ပူနေသည့် အသံဖြင့်မေးလာသည့်သူ..
မြင်သည်နှင့် ညကဆွဲဆောင်မှုရှိလွန်းသည့်
ပုံရိပ်တွေဟာ ခေါင်းထဲကို တန်းစီပြီး
ဝင်လာသည်..။

" ပြေပါတယ်.."

" ညကပြောတာ တကယ်ပဲလား.."

အပြုံးတစ်ခုဖန်ဆင်းကာမေးလာသည့်သူ..။
Memories တွေအား ပြန်ခေါ်ကာ
သေချာစဉ်းစားကြည့်တော့ ညက မအိပ်‌ခင်မှာ
သူသည် ငါ့နဖူးအား ခပ်ဖွဖွနမ်းကာ..

" ချစ်တယ်အစ်ကို.."

" ငါရောပဲ ချစ်တယ်.."

ချီး..ငါတကယ်ကြီးဝန်ခံခဲ့တာလား..။
အရင်က‌ဆို အရက်သောက်ရင် အဲ့လောက်ထိ
သွေးမဆိုးခဲ့ပင်..မဖြစ်တော့ဘူစ နောက်ခါကြရင်
အလွန်အကျွံမသောက်မိအောင် ဆင်ခြေမှ
ဖြစ်တော့မယ်..။

အခုထက်ထိ ငါ့ဟာသူ့ရင်ခွင်ထဲမှာဖြစ်နေပြီး
ရုန်းထွက်ဖို့လဲ မကြိုးစားမိပါ..။ ပြီးတော့
သူ့ငါ့ကို စိုက်ကြည့်နေတဲ့ အကြည့်တွေကို
ငါသဘောကျသည်..။ အဓိပ္ပာယ်တွေ
အများကြီး ပါဝင်နေတယ်လို့ ငါခံစားရသည်..။
ရှက်စရာကောင်းတာ သူကဝတ်ဆုံအပြည့်
ရှိနေပေမယ့် ငါကဗလာပင် စောင်အဖြူ
တစ်ထည်ဖြင့်သာ ဖုံးအုပ်ထားသည်..။

" မေးတာဖြေပါဦး.."

" မသိဘူး သွားတော့ သွား.."

အားမပါသည့် ခြေထောက်ပိစိလေးတွေသည်
ကုတင်ပေါ်ကနေ ကန်ချနေသည်ကြောင့်
ငါပစ်ကျချင်ယောင်ဆောင်လိုက်သည်..။

" အား!! သေပါပြီ.."

ငါ့အသံကြားတော့မှ ကုတင်ပေါ်က ကောင်လေးသည်
ကုတင်‌အောက်ကို ငုပ်ကြည့်လာသည်..။

MISSION { COMPLETED }Where stories live. Discover now