Ep-15

578 67 4
                                    

အချိန်တွေ ရက်တွေ လတွေ ကုန်ဆုံးသွားခဲ့ပေမယ့်
ကုတင်ထက်မှာ အိပ်ပျော်နေသည့် သူလေးကတေယ့
နိုးမလာခဲ့ပေ..။

ကိုမာဝင်သွားခဲ့သည်..။ အစ်ကိုအိပ်နေတာ
အခုဆို တစ်နှစ်ပြည့်တော့မယ်လေ..။
ငါ့စိတ်ကို သေချာဆုံးဖြတ်ခဲ့တယ်..။
ငါအစ်ကို ဒီလိုပင်ပန်းနေတာကို မျက်စိစုံ
မှိတ်ပြီး ကြည့်နိုင်စမ်းမရှိခဲ့ဘူး..။

ထပ်ပြီး လိမ်ပြောနိုင်စွမ်းလဲ မရှိတော့ဘူး..။

အိမ်တော်ထိန်းနဲ့ အစ်ကို့သူငယ်ချင်းတွေဟာ
ငါ့ကိုပြန်ပြီး လက်ခံခဲ့သည်..။ စိတ်ချပါ
ဒီတစ်ခေါက် အစ်ကို ကိုယ့်ကြောင့်
ကျရတဲ့ မျက်ရည်ဟာ ပျော်ရွှင်မှု‌နဲ့
စပ်ဆက်တာပဲ ဖြစ်စေရမယ်..။

အိမ်တော်ထိန်းလာပေးသည့် အစ်ကို့ရဲ့
ဒိုင်ယာရီစာအုပ်လေးအား ငါဖတ်ခဲ့သည်..။
ပထမဆုံးတွေ့ဆုံချင်းကစလို့ ငါမရှိတော့တဲ့
ရက်တွေအထိ သေချာလှလှပပလေး
ရေးထားခဲ့တာ..။

ထိုအပြာရောင် စာအုပ်လေးကို ဖတ်ပြီး
ယူကျုံးမရဖြစ်ခဲ့သေးသည်..။ အကုန်လုံးဟာ
ငါ့အမှားတွေပါလား..။

Aria..Ariaသည် USကို ထွက်သွားပြီလေ..။
မသွားခင်တစ်ရက်အကြိုက လာနှုတ်ဆက်ပြီး
တောင်းပန်းသွားလေသည်..။ ငယ်ငယ်ထဲက
ပေါင်းလာသည့်သူဖြစ်တာကြောင့်
ငါကျေအေးပေးလိုက်သည်..။

" အိပ်နေတာကြာရောပေါ့ တစ်ခါလောက်
ထကြည့်ပါအုံးလား.."

လက်ကလေးအား ခပ်ဖွဖွကိုင်ပြီး
ရှည်နေသည့် လက်သည်းလေးတွေအား
ညှပ်ပေးနေရင်း စကားဆိုမိသည်..။

အသက်ရှူကိရိယာကို ချိတ်ဆွဲထားပြီး
အိပ်နေသည့်သူ..။ မလိုက်ဖက်ဘူး
အစ်ကို..။ အစ်ကိုက ဒီအရာတွေနဲ့
နည်းနည်းလေးတောင် လိုက်ဖက်မနေဘူး..။

" နိုးလာရင် အစကနေပြန်စကြရအောင်
အဲ့တာကြောင့်မို့ မြန်မြန်နိုးလာတော့နော်.."

ဆံနွယ်ရှည်လေးအား ပွတ်သပ်ပေးနေမိသည်..။
ဆေးရုံကုတင်ထက်မှာတောင် အစ်ကိုဟာ
လှလှလေး အိပ်နေသည်..။

" အရမ်းချစ်တာပေါ့ ခေါင်းကနေ ခြေဖမိုး
အဆုံး နူးနူးညံညံ့လေးမို့ ဂရုစိုက်ခဲ့ရတာ.."

MISSION { COMPLETED }Where stories live. Discover now