Ep-11

876 80 4
                                    

အဲ့နေ့ကစပြီး ငါတို့ချစ်သူတွေဖြစ်ခဲ့ကြတယ်..။
ဒီအကြောင်းကို ငါတို့နှစ်ယောက်ရယ်
Rioနဲ့ Kylie ကလွဲပြီး ဘယ်သူမှ မသိကြဘူး..။
အိမ်မှာဆို Gemသည် ငါ့အနားအရမ်းကပ်လွန်းသည်..။ရိပ်မိသွားမှာစိုးရိမ်တာကြောင့်
သိပ်မကပ်နဲ့ဟုပြော‌လည်း ခေါင်းမာသည့်
ကလေးသည် စကားနားမထောင်ပါ..။

အခုလည်း ကြည့်ပါလား မနက်စာစားဝိုင်းမှာ
လက်ဖြင့် မေးကိုထောက်ပြီး စိုက်ကြည့်
နေလေရဲ့..။ နေတိုင်းတွေ့နေရတာပဲလို့
ပြောလည်း ကြည့်လို့မဝဘူးဆိုသည့်
ဆင်ခြေတွေ ပြန်ပေးသည်..။

" Gemကြည့်နေတာတော်တော့.."

" ခနလေးပဲ.."

ဒီနေ့ငါစာမေးပွဲဖြေရမှာ နောက်ဆုံးရက်
ဖြစ်သည်..။ ဒါပြီးရင် ဘွဲ့ရပြီဖြစ်တာကြောင့်
ငါအရမ်းပျော်နေသည်..။ ပြီးတော့ ဘွဲ့ယူတဲ့
အချိန်ကြရင် Gemက ငါနဲ့တူတူရှိနေမှာလေ
အချစ်ရဆုံးသူနဲ့တူတူ ဘွဲ့ယူတာဟာ ဘာနဲ့မှ
မလဲနိုင်ပေ..။ အဖိုးတန်လွန်းလှသည်..။

" Gem!တော်တော့ လူတွေရှိတယ်.."

" သိပါတယ်.."

နည်းနည်းလေသံမာသွားတော့ Gemသည်
ဆက်ပြီးကြည့်မနေတော့ပဲ ရုပ်တည်ကြီးဖြင့်
ကော်ဖီသာ ဆက်ပြီးသောက်နေသည်..။
ဒါသေချာပေါက် စိတ်ကောက်သွားတာပေ..။

ကော်ဖီသောက်ပြီးသည်နှင့် အိမ်အပြင်ထွက်သွားသည့်သူကြောင့် ငါအနောက်ကနေမှီအောင်
လိုက်မိသည်..။ကားထဲဝင်သွားတာကြောင့်
ငါပါ ဘေးက liver seat နေရာကို
ဝင်ထိုင်လိုက်သည်..။ အရင်ကအနောက်မှာ
ထိုင်ပေမယ့် အခုက မတူတော့ဘူးမဟုတ်လား..။

ငါကားပေါ်ရောက်သည်နှင့် တစ်ပြိုင်နက်
ချက်ချင်း စက်နိုးကာ ကားမောင်းလိုက်သည့်
သူကြောင့် ငါ့မှာ ချော့ချိန်မရ‌လိုက်ပေ..။
တကယ်ရည်းစားဖြစ်တာ ကိုယ်က
စိတ်ဆိုးစိတ်ကောက်ရမလားအောက်မှတ်တယ်
သူကပိုပြီး စိတ်ကောက်နေလေရဲ့..။

" Gem.."

ပထမတစ်ခါခေါ်ကြည့်သည်..။ လုံးဝ
လှည့်မကြည့်လာသလို ဘာမှလဲပြန်မပြောပါ..။

" Gem.."

ဒုတိယတစ်ခါလည်း ထိုနည်းတူစွာပါပဲ
ရှေ့ကိုတည့်တည့်ကြည့်ကာ ကားအပေါ်ကိုပဲ
အာရုံစိုက်ပြီး မောင်းနေသည်..။ ဒီလောက်ဆို
Fourth Nattawat တို့ကလဲ စိတ်မရှည်
တော့ပေ..။ တတိယတစ်ခါခေါ်လို့မှ ပြန်မထူးရင်
ငါပြန်ပြီး စိတ်ကောက်ပြမယ်..။

MISSION { COMPLETED }Where stories live. Discover now