Ep-5

1.3K 114 6
                                    

အောက်ထပ်က ဆူညံနေသည့် အသံကြောင့်
ငါနိုးထလာခဲ့သည်..။ အတန်းပြီး အိမ်ပြန်တော့
ကားပေါ်မှာ အိပ်ပျော်သွားခဲ့တာ Gemini ငါ့ကို
အခန်းထဲခေါ်လာတာပဲ ဖြစ်ရမယ်..။ ချီးပဲ
မျက်နှာပူလိုက်တာ ဒါနဲ့ဆို နှစ်ခါတောင်ရှိပြီ
မဟုတ်လား..။

အခန်းအပြင်ထွက်လိုက်တော့ အကုန်လုံးဟာ
ရောက်ယက်ခတ်နေပြီး အလုပ်တွေရှုပ်နေသယောင်..။

" ဘာဖြစ်နေတာလဲ Gemini ရော.."

" သခင်ကြီးပြန်ရောက်နေပြီလေ သခင်လေး
Gemini က အပြင်ထွက်သွားတယ်.."

ဒယ်ဒီပြန်ရောက်နေပြီတဲ့လား တစ်ပတ်လောက်
ကြာမယ်ပြောသွားတာမဟုတ်ဘူးလား ဘာလို့
အစောကြီးပြန်ရောက်နေတာလဲ ပြီးတော့
Gemini က အပြင်ထွက်သွားတယ်တဲ့လား
ငါ့ကိုဘာလို့မပြောသွားတာလဲ မဖြစ်ပါဘူး
သူ့ကို ဒယ်ဒီမတွေ့ရင် ပြန်ရောက်တဲ့အချိန်ကျရင်
ဆူခံနေရဦးမယ်..။

ငါ Gemini ကို ဖုန်းဆက်လိုက်သည်..။

" ဟယ်လို မင်းဘယ်ရောက်နေတာလဲ.."

Ariaနဲ့သောက်နေတုန်းပင် ဖုန်းခေါ်လာသည့်သူ..။
နိုးနေပြီပေါ့ ဖုန်းအား ကိုင်လိုက်တော့
တစ်ဆက်ထဲ အသံချိုချိုလေးဟာ
ထွက်ပေါ်လာသည်..။

" ကိုယ်သူငယ်ချင်းနဲ့အပြင်မှာ.."

" ပြန်လာခဲ့ ဒယ်ဒီပြန်ရောက်နေပြီ.."

" ဟုတ်ပြီ.."

" အရှေ့တံခါးကနေဝင်မလာနဲ့ နောက်ဖေးက
ဝင်လာ..ဒါပဲ.."

" ဟုတ်ကဲ့ပါဗျာ.."

ချသွားသည့် ဖုန်းကိုငါပြုံးကာကြည့်နေတော့
Ariaသည် ခေါင်းအား လှမ်းရိုက်လာသည်..။

" ငါပြောထားတယ်နော်.."

" သိတယ် အခုတော့သွားပြီ.."

" အေးအေး.."

Ariaခေါင်းခါမိသည်..။ Gemini ဆီမှာအခု
ဘယ်သူမှ မရှိပါ..။ အပေါင်းအသင်းဆိုလို့
ငါတစ်ယောက်ထဲသာ အဲ့တာတောင် ငယ်ငယ်
ထဲက ပေါင်းလာလို့ပင် မဟုတ်ရင် အဲ့ကောင်
သူငယ်ချင်းတောင် ရှိမှာမဟုတ်ဘူး..။

သူကိုယ်တိုင်ပဲ ဒီလမ်းကို ရွေးချယ်ခဲ့တာ..။
ငါ့ဘက်က ငါ့သူငယ်ချင်းရဲ့ ဆုံးရှုံးမှာကြောင့် အနည်းငယ် supporting လိုက်လုပ်ပေးရုံပင်..။

MISSION { COMPLETED }Where stories live. Discover now