စာမေးပွဲဖြေပြီးတဲ့နောက်မှာ ငါအိမ်မှာပဲ
သောင်တင်နေမိသည်..။ ဖုန်းကြည့်လိုက်
Gem နဲ့ကြည်နူးလိုက် ရန်ဖြစ်လိုက်
ပန်းပင်တွေကို ဂရုစိုက်လိုက်နဲ့ပဲ
အချိန်တွေကုန်နေခဲ့တာ..။အပြင်ထွက်ဖို့အတွက်ကလဲ ပျင်းပေမယ့်
ညဘက်တွေဆို Gem နဲ့တူတူ ကလပ်ကို
တစ်ခါတစ်လေ ခိုးထွက်သေးသည်..။
အရင်ကဆို တစ်ယောက်ထဲဖြစ်တာကြောင့်
ကလပ်သွားရသည်ဟာ အနည်းငယ်
ပျင်းဖို့ကောင်းပေမယ့် အခုတော့ Gemပါ
ရှိနေတာကြောင့် ငါ့ကိုကာကွယ်ပြီးသားလဲ
ဖြစ်သည်..။အခုကတော့ ငါ့ရဲ့ဥယျာဉ်ငယ်လေးထဲမှာ
ဖြစ်သည်..။ ဥယျာဉ်လေးကို အနည်းငယ်
သန့်ရှင်းရေးလုပ်ပြီး ပန်းအသစ်တွေပါ
ထပ်ပြီး ဖြည့်ချင်တာကြောင့် Gemက
ကူညီပေးနေသည်..။ တစ်ခြားသူတွေကိုလဲ
အမိန့်ဆန်ဆန်ကြီးနဲ့ မခိုင်းချင်ပါ..။" ဒီပန်းတွေပဲ ဂရုစိုက်နေလိုက်.."
ပန်းအိုးတွေကို သယ်ပေးနေရင်း Gemဆီကနေ
ထွက်လာသည့် မကျေမနပ်အသံလေး..။
Gemသည် သဝန်တိုလွန်းအားကြီးပါသည်..
ဟော အခုလဲကြည့် ပန်းပင်တွေနဲ့ သဝန်တို
နေပြန်ပြီလေ..။" သဝန်တိုတာလား.."
" ဘယ်သူကလဲ.."
" မသိပါဘူး ဒီနားမှာရှိနေတဲ့
ကောင်ဆိုးလေးဖြစ်မယ်.."" ဖယ်တော့ ပေမယ်.."
မြေဩဇာတွေကို ထည့်ပေးနေတဲ့Gemက
မျက်စောင်းတစ်ချက်ထိုးပြီး ပြောလာသည်..။
တစ်ခါတစ်လေGemက သန်မာပေမယ့်
အခုလို ကလေးဆိုး ဆိုးတံ့အချိန်တွေလဲ
ရှိသေးသည်..။ဥယျာဉ်ထဲက အလုပ်တွေပြီးသည်နှင့်
ရေချိုးဖို့အတွက် နှစ်ယောက်စလုံး
အိမ်ပေါ်တက်လာခဲ့ကြသည်..။
Gemကလဲ ထိုနည်းတူစွာ
အနောက်နေ လိုက်လာသည်..။" ကိုယ့်အခန်းကိုယ်သွားတော့.."
Gemသည် ပြန်ပြီး ခေါင်းငြိမ့်ပြတာကြောင့်
လက်ခံတယ်လို့ ယူဆလိုက်ပြီး အခန်းထဲဝင်ကာ
တံခါးပိတ်ဖို့အလုပ် ဟန့်တားလာသည့်
လက်တစ်ဖက်ကြောင့် " ဘာလို့လဲ" ဆိုသည့်
အကြည့်ဖြင့် ငါပြန်ကြည့်မိသည်..။