The End

3.3K 166 5
                                        

ပြင်သစ်နိုင်ငံ Paris မြို..။

နာရီပေါင်းများစွာ လေယာဉ်စီးပြီးသည့်နောက်မှာ
Paris ကိုခြေချနိုင်ခဲ့ပြီလေ..။ လေဆိပ်မှာ
လူနေဟာ အနည်းငယ် ရှင်းလင်းနေခဲ့သည်..။

ပစ္စည်းတွေကို ယူပြီး လေဆိပ်ကနေ
တက်စီငှားကာ တည်းမဲ့ ဟိုတယ်ကို
ဦးတည်လိုက်သည်..။

Gemကတော့ camera တစ်လုံးဖြင့်
အကုန်လုံးကို လိုက်ပြီး ရိုက်နေလေရဲ့..။

" တော်ပြီလေGem.."

" ဘာဖြစ်လဲ ကလေးတွေမွေးလာတဲ့
အခါကျရင် မင်းတို့ ဒယ်ဒီနဲ့ပါးပါးက
အရမ်းချစ်ခဲ့တာဆိုပြီး ပြလို့ရတယ်လေ.."

' ကလေးတွေမွေးလာတဲ့အခါကျရင် 'ဆိုသည့်
နေရာကို ငါသဘောကျစွာ ရယ်မိသည်..။
လက်ထက်ဖို့အတွက်ကိုတောင်
အချိန်ထက်ယူရဦးမယ် မဟုတ်လား..။

" ပေါက်ကရတွေ.."

" တကယ်.."

" တော်ပါ.."

Gemသည် camera ကို ငါ့ကိုရိုက်နေသည့်
ထဲကနေ အပြင်ဘက်မြင်ကွင်းတွေအား
ရိုက်နေသည်..။ ငါသိပါတယ် Gem
စိတ်ဆိုးသွားသည်ဆိုတာ..။

ကလေးမလိုချင်တဲ့သဘောမျိုးပြောတာ
မဟုတ်ပေမယ့် တကယ်တမ်း အဲ့ဒါက
ခက်ခဲတဲ့ အရာတစ်ခုမဟုတ်လား..။
အမျိုးသမီးတွေအတွက်တောင် ခက်ခဲ
နေတဲ့အရာဖြစ်တာကြောင့် ယောင်္ကျားလေး
ဖြစ်တဲ့ငါ့အတွက် အနည်းနဲ့အများတော့
ကြောက်မိသည်..။

ဟိုတယ်ရောက်သည်နှင့် ငါတို့ ကြိုတင်ယူ
ထားသည့် အခန်းဆီသွားကြသည်..။
ကံကောင်းစွာပင် အခန်း၏ အနောက်တိုင်း
ဆန်ဆန် ပြတင်းပေါက်ကနေ Eiffel tower ကို
လှမ်းမြင်နေရသည့် မြင်ကွင်းဟာ
တကယ်လှလွန်းသည်..။

။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
MISSION { COMPLETED }Where stories live. Discover now