Ep-4

595 68 5
                                    

နှင်းဆီပွင့်ဖက်တွေကို ငါအခန်းထဲယူလာလိုက်ပြီး
ဘူးလေးတစ်ခုဖြင့် အသေအချာထည့်သိမ်း
ထားလိုက်သည်..။ လွှတ်ပစ်ရမှာတောင်
ငါအရမ်းနှမြောပါတယ် အပင်ရှင်သန်အောင်
ကြိုးစားပြီး စိုက်ထားရတာ ဂရုစိုက်ထားရတာ
မဟုတ်လား..။ နေ့တိုင်း ရေလောင်း ပေါင်းတင်ပြီး
ဂရုစိုက်ပေးနေတာတောင် ဘာကြောင့်
ကြွေကျရတာလဲကွယ်..။

* ဒေါက် ဒေါက်..*

တံခါးခေါက်သံကြောင့် ငါထိုင်နေရာကနေ
ထပြီး တံခါးသွားဖွင့်ပေးလိုက်တော့ Gemini ပင်..။

" အဆင်ပြေရဲ့လား.."

" ဘာကိုလဲ.."

"ပန်းတွေလေ.."

" အဆင်ပြေပါတယ် ထပ်စိုက်လို့ရတာပဲ.."

နှုတ်ကသာ အဆင်ပြေတယ်လို့ပြောနေပေမယ့်
မျက်နှာငယ်လေးဟာ သိသိသာသာ ညိုးနွမ်းနေပြီး
အရင်လို ရွှင်လန်းမနေပါ..။ ဘယ်လိုလုပ်ရမလဲ
စဉ်းစားစမ်း..။

" ဆော့ကြမလား.."

" ကလေးလား.."

" ကလေးလိုတော့ ဘယ်ဆော့မလဲ.."

ရှေ့ကနေ ငါ့ကိုအူကြောင်ကြောင်
မျက်လုံးလေးတွေနဲ့ ကြည့်နေတဲ့ သခင်လေး‌ကြောင့် အသည်းယားနေပြီပင်..။

" အပေါက်ဝမှာနေခိုင်းမလို့လား.."

" အော် ဝင်.."

အစ်ကိုသည် ရှေ့ကနေ ဝင်သွားပြီး..
ကုတင်ပေါ် စိတ်ပျက်လက်ပျက်ပုံစံမျိုးဖြင့်
ထိုင်ချလိုက်သည်ဟာလဲ ချစ်စရာကောင်းနေသည်..။

အခန်းအားလှည့်ပတ်ကြည့်နေတုန်းပင် စင်တစ်ခုပေါ်
‌တင်သွားတဲ့ Unoအား ငါတွေ့လိုက်သည်..။
Uno အင်း ညီမလေးကိုတော့ သတိရမိသား..။

ငါ့ညီမလေးသည် သူကျောင်းကပြန်လာတိုင်း
ငါ့ကို unoဆော့ဖို့အတွက်ခေါ်တက်သည်..။
အနိုင်လွန်ချင်သည့် ညီမလေးသည် ရှုံးရင်
ရှုံးမဲ မဲတာလဲ လွန်ပါရော..။ ကဒ်တွေ
ဆွဲရတဲ့အချိန်မှာ မဲ့ကျသွားသည့် မျက်နှာလေးကိုလဲ
သတိရပါသည်..။

" Gemini!!.."

နားထဲဝင်လာတဲ့ အော်သံလေးကြောင့်
အတွေးတွေ အကုန်ပျက်စီးသွားသည်..။

MISSION { COMPLETED }Where stories live. Discover now