အချိန်တွေတစ်ရွေ့ရွေ့ကုန်ဆုံးနေသည်ဟာ
အရမ်းမြန်လွန်းတယ်..။ အခုဆို ဒီအိမ်မှာ
အစ်ကို့ရဲ့သက်တော်စောင့်အဖြစ်လုပ်နေတာ
တစ်လကျော်တောင် ရှိနေပြီလေ..။ အစ်ကိုနဲ့ငါလဲ
ပိုပြီးတော့ နီးကပ်လာခဲ့သည်..။မနက်တိုင်း မိုချီ ၄လုံးကို အညီအမျှ
ခွဲစားရတာလဲ ကြည်နူးစရာပါပင်..။
အချိန်ကြာလာတာတောင် အစ်ကိုသည်
သူအကြိုက်ဆုံးစားစရာကို စားလို့
ညိုညင်ခြင်းမရှိပေ..။နှင်းဆီပန်းတွေကိုလည်း မဖျက်စီးမိဘူး..။
အစ်ကိုသည် မနက်တိုင်းလိုလို ထိုဥယျာဉ်လေးထဲ
သွားပြီး သူမြတ်နိုးသည့် ပန်းလေးတွေကို
ပြုစုလေ့ရှိသည်..။ ဘေးကနေ ရပ်ကြည့်မနေပဲ
ကူညီခဲ့တဲ့ အခိုက်အတန့်လေးလဲ ရှိခဲ့သည်..။" ငါအဲ့တာပဲလုပ်တက်တာ.."
" ဟုတ်လား လုပ်ကျွေး.."
ထမင်းစားခန်းထဲမှာဖြစ်သည်..။ အစ်ကိုသည်
သူ မိုချီကပဲ လုပ်တက်ကြောင်း ပြောလာသည်..။
မနက်တိုင်း အိမ်တော်ထိန်းလုပ်ပေးတဲ့ဟာကို
စားရပေမယ့်လည်း အစ်ကိုလုပ်ထားတာဆို
ဘယ်လိုနေမလဲ ငါသိချင်တာကြောင့်
တောင်းဆိုမိသည်..။" အခုလား မင်းစားပြီးပြီလေ.."
" မဝသေးဘူး.."
အစ်ကိုသည် သက်ပြင်းတစ်ချက်အား
ချပြီး အိမ်တော်ထိန်းကို လှမ်းခေါ်ပြီး
ပါဝင်ပစ္စည်းတွေ ရှိမရှိကို မေးလေသည်..။
အိမ်တော်ထိန်း၏ " ရှိပါသေးတယ် "
ဆိုသည့် စကားကြောင့် အစ်ကိုသည်
ငါ့လက်ကို ဆွဲပြီး မီးဖိုချောင်ထဲ ခေါ်သွားလေသည်..။" သခင်လေး ဘာအလိုရှိလို့လဲရှင့်.."
မီးဖိုချောင်ထဲက အလုပ်သမားတွေသည်
သူတို့သခင်လေးဝင်လာတာ တွေ့တော့
ပြာပြာသလဲလဲမေးကြသည်..။ သခင်လေး၏
ပထမဆုံး မီးဖိုချောင်ဝင်ခြင်းပဲ မဟုတ်လား..။" လုပ်စရာလေးရှိလို့ အပြင်ခနထွက်ပေးပါ.."
" ဟုတ်ကဲ့ လိုအပ်တာရှိရင် လှမ်းခေါ်လိုက်ပါ
သခင်လေး.."သူတို့သခင်လေး၏စကားကြောင့် မီးဖိုချောင်
ထဲမှာ ရှိတဲ့သူတွေ အကုန်လုံး အပြင်ကို
ထွက်ပေးကြရသည်..။