အပိုင်း 1(U+Z)

1.2K 48 1
                                    

"မဟူရာစံအိမ်"

နာမည်နဲ့အတူတူ အိမ်ရဲ့ ခမ်းနားမှုက ဝင့်ဝင့်ထည်ထည်
ပြီးတော့ မဟူရာ ခြံဝန်း ဘယ်လောက်ကျယ်လဲဆိုတာကို ရှိုင်းသခင်အတွက်တော့ သူ့ရဲ့ဥာဏ်သေးသေးလေးနဲ့ ခန့်မှန်းဖို့မလွယ်လှ
ဘာလို့ဆို သူ့မြင်ကွင်းဆုံးသွားတာတောင် ခြံဝန်းရဲ့ နယ်နိမိတ်က မဆုံးနိုင်သေးလို့လေ

ခြံထဲမဝင်သေးပဲ ကြီးမှားတဲ့ အိမ်ကြီးရဲ့ အရှိန်အဝါကို
ရှိုင်း တင်္ဒဂတော့ တအံ့တသြငေးကြည့်နေမိသည်

တစ်ချို့သူတွေ ကံကောင်းချက်များကြတော့လည်းနော် အရာရာလိုလေသေးမရှိ ပြည့်စုံနေလိုက်ကြတာ
သူ့ဘဝနဲ့များ ကွာပ
သူ့ခမျာတော့ ကျွန်ပစ်တဲ့ သရက်စေ့ဘဝ ထက်တောင်ခပ်ဆိုးဆိုး

ဒီလိုခြံဝန်းကြီးထဲ ခြေချနိုင်ဖို့ဆိုတာ သူ့ဘဝမှာ တစ်ခါမှ စိတ်ကူးတောင် မယဥ်ရဲခဲ့ပင်

အတွေးနဲ့အတူတူ သူ့ကိုယ်သူအတွက် ရှိုင်းသခင် လောင်ပြုံးလေးတစ်ချက် ပြုံးလိုက်သည်
အခု ဒီခြံဝန်းထဲ ခြေချခွင့်ရတာကကော ကောင်းခြင်းတစ်စုံတစ်ရာ ရှိလို့လားဟမ်
သူသည် သက်ရှိလူသားတစ်ဦးဖြစ်ပါရဲ့နဲ့ သူ့ရဲ့ မွေးစားမိဘတွေကြောင့် လူလို အဆက်ဆံမခံရ
ငယ်ငယ်လေးကတည်းက တစ်အိမ်လုံးရဲ့ ဝေယျာဝစ္စတွေ အကုန် သူတစ်ယောက်ပဲ သိမ်းကျုံးလုပ်ခဲ့ရတာ
အရွယ်ရောက်သည် အထိ တစ်ရက်မှ အနားမရခဲ့
နေမကောင်းတာတောင် နားခွင့် မရှိတဲ့ သူ့ဘဝ
အလုပ်တွေသာ ဒိုင်ခံလုပ်ရတယ် ထမင်းဟင်း သက်သက်တူတူ စားရလား ဆိုတော့လည်း.....ဝေးပနော်
သူတို့စားလို့ကျန်မှ စားရတယ် တစ်ခါတစ်ရံဆိုရင် စားတောင်မစားရဘူး
ပြီးတော့ ဗိုက်ဟောင်းလောင်းနဲ့ အိပ်ခဲ့ရတဲ့ ညတွေကလည်း မရေမတွက်နိုင်...
အခုတော့ မွေးစားအကိုနဲ့ ရန်ဖြစ်တဲ့ အမှုကြောင့်
သူ အဲ့ဘဝကနေတော့ လွတ်ခဲ့ရပြီလေ

ဒါမယ့် အကျိုးဆက်အနေနဲ့ သေအောင် အရိုက်ခံခဲ့ရပြီး ဒီစံအိမ်ကြီးရဲ့ သခင်ဆိုတဲ့ သူထံ အရောင်းခံလိုက်ရတာပါပဲ
အော် ......ငါ့ကိုယ်ငါ ဘာလဲဆိုတာတောင် မခွဲခြားတတ်တော့ပါလားနော် ငါက သက်ရှိလူလား  သက်မဲ့ပစ္စည်းလား ဒါမှမဟုတ် ဘာတန်ဖိုးမှ မရှိတဲ့ အပိုလူသားတစ်ယောက်လား ဟင်.......

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now