အပိုင်း 9(U+Z)

613 28 4
                                    

ရှိုင်း အလုပ်ကို စောစောသိမ်းပြီး ပြန်လာတော့ မနေ့ကနေရာမှာပဲ အမျိုးသမီးတစ်ဦးစောင့်နေသည်
ရှိုင်း ပျော်သွားတာဆိုမှ ပြောမနေနဲ့တော့

"သခင်လေး "

"မဆွေဆွေခင် ရှိုင်းကို စောင့်နေတာလား"

"ဟုတ်တယ် သခင်လေး
ကျွန်မနောက် တစ်ခါတည်း လိုက်ခဲ့တော့မလား"

"ဟင် ဒီမှာပြောလို့ မရဘူးလား"

"မလုံခြုံဘူး သခင်လေး
ကျွန်မကို ယုံပါ"

ဆွေဆွေခင် ဘေးဘီကို ဝေ့ကြည့်ပြီး ဘယ်သူမှ သူတို့ကို စောင့်ကြည့်နေတာမရှိတာ သေချာမှ ရှိုင်းကို သူမတို့ရဲ့ လျှို့ဝှက်နေရာလေးဆီ ခေါ်လာခဲ့သည်

"ရောက်ပြီ သခင်လေး"

နေရာလေးက ဘယ်ဆိုးလို့လဲ ဒီခြံကြီးထဲမှာ ဒီနေရာရှိတယ်ဆိုတာ အိမ်ကြီးသခင်တောင်မှ သိမယ်မထင်
ဆူးခြုံတွေပတ်ချာလည်ဝိုင်းထားတဲ့ ကြားကကွက်လပ်လေးမှာ မြေအောက်လမ်းလေးကို ဝင်ဖို့ အပေါက်တစ်ပေါက်ရှိသည်
ထို လမ်းလေးအတိုင်းဆင်းလိုက်ပြီး ခြေလှမ်း 50လောက်မှာ ဘောလုံးကွင်း တစ်ဝက်စာ မြေပြင်ကျယ်က ထီးထီးမားမား
ရှေ့က အမျိုးသမီးက ရောက်ပြီလို့ ပြောလို့တာ ရှိုင်း ရပ်လိုက်တာ
ကြည့်ရသလောက်ဆိုရင်တော့ ဒီလမ်းကလေးက ဆုံးမယ်မထင်သေး

"ကိုစေ ဘယ်လိုလဲ လမ်းလွဲလိုက်နိုင်လား"

"အေ မလိုက်လာနိုင်ဘူး ထင်တာပဲ"

နောက်မှ ရောက်လာတဲ့ ကိုစေ ဆိုတဲ့သူနဲ့ မဆွေဆွေခင်တို့ ပြောနေတဲ့ စကားတွေကို ရှိုင်း သဘောမပေါက်လို့ မေးလိုက်တော့ သူတို့နှစ်ယောက်ကို အိမ်ကြီးသခင်က သံသယဝင်နေကြောင်း သူ့အစေခံကို လိုက်စောင့်ကြည့်ခိုင်းထားကြောင်း ပြောပြသည်လေ

"သခင်လေး သိချင်တာ မေးလို့ရပါပြီ"

"ဖြစ်နိုင်ရင် ရှိုင်း အစအဆုံးသိချင်တာ "

"ကောင်းပါပြီ သခင်လေး"

***
ရှိုင်း အိမ်ပြန်လာတော့ မှောင်ရိပ်တောင် သန်းနေပြီဖြစ်သည်
သူ့ခြေလှမ်းတို့ကလည်း ပုံမှန်ထက်အရမ်းကို နှေးကွေးလွန်းလျက်

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now