အပိုင်း 2(U+Z)

840 47 5
                                    

မဟူရာသျှင် တစ်ယောက် ရှေ့မှာဒူးထောက်နေတဲ့ သူကို ကြည့်ပြီး စိတ်မရှည်တော့

"ငါ မေးနေတယ်လေ ဘာလို့ ငါ့အခန်းနားမှာ ရစ်သီရစ်သီလုပ်နေရတာလဲလို့"

"ကျွန်တော် ဘာမဟုတ်တာမှ မလုပ်ဘူးလို့ပြောပြီးပြီပဲဗျာ"

"ကျစ်.....ဒါဆို ဘာကိစ္စနဲ့ မင့်က ဒီစံအိမ်ထဲရောက်နေတာလဲ"

မဟူရာသျှင် ရဲ့စိတ်ရှည်မှုကို ရှိုင်းသခင် မင့်က စမ်းသပ်နေတာလား......ဟမ်...

ရှိုင်း အတွက် အခုလို သူခိုးအရိုးခံရတာက အဆန်းမဟုတ်တော့
ရှင်းပြနေလည်း သူ့လိုအစေခံတစ်ယောက်ကို ဘယ်သူကယုံမှာလဲ

"ငါ မင့်ကိုအခွင့်အရေးပေးပြီးပြီ"
"ကိုယ့်အပြစ်ကို သိတယ်မလား "
"သွား အိမ်ရှေ့က ရေပန်းနားမှာ မနက်ဖြန်မနက်ထိ ဒူးထောက်ချည်"

ရှိုင်း ဘာမှအတွန့်တက်မနေပဲ အိမ်ကြီးသခင်ပြောတဲ့အတိုင်း
ဒူးထောက်ဖို့ ထသွားလိုက်သည်

'တော်တော်ခေါင်းမာပါလား မင့်က'
***
အိမ်ကြီးရဲ့ ချောင် ကြသည့်နေရာဝယ်.....

"ဘယ်လိုလဲ ရခဲ့ရဲ့လား "

"မရခဲ့ဘူး ကိုစစ် "

"ဟာ မင့်ကိုအချိန်ပေးထားတာ ဘယ်နှစ်ရက်ရှိပြီလဲ အခုချိန်ထိ မအောင်မြင်သေးဘူးလား ဟမ်"

"ကျွန်မလည်း တတ်နိုင်သလောက်ကြိုးစားတာပဲ
သူ့အိပ်ခန်းထဲ ဝင်ဖို့နေနေသာ
စံအိမ်ထဲတောင် ဝင်ဖို့လွယ်တာမဟုတ်ဘူး
ဒီနေ့ ရှားရှားပါးပါး အခွင့်အရေးလေး ရလာတော့လည်း ဟိုလူသစ်ဝင်ရှုပ်လို့လေ မအောင်မြင်ခဲ့ပြန်ဘူး"

"အဲ့လူသစ်ကကော စံအိမ်ထဲ ဘာလာလုပ်တာလဲ"

"ကျွန်မလည်း မပြောတတ်ဘူး
ဒါမယ့် အခုတော့ သူ့ဘဝက သေမလား ရှင်မလားဘဲ
ဟိုလူက သူ့ကိုမိသွားတယ်လေ
ကျွန်မတောင် ကံကောင်းလို့ သီသီလေး လွတ်လာခဲ့တာ
ဒါကို ရှင်က ကျွန်မကိုလာအပြစ်တင်နေသေးတယ်
ကျွန်မကိုမိရင် ရှင်လည်း လွတ်နိုင်မှာမဟုတ်ဘူးနော်"

"အေ့ပါ ငါသိပါပြီ
အခုတော့ ဘာမှမလှုပ်ရှားဘဲ အခြေအနေစောင့်ကြည့်နေလိုက်အုန်း ဟုတ်ပြီလား
သွားတော့ ဘယ်သူမှ မရိပ်မိခင်"

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now