အပိုင်း 8 (U+Z)

651 30 1
                                    

###
မဟူရာ ဆယ်တန်းတုန်းက ပုံစံသည် အခုလက်ရှိ မဟူရာလိုမျိုး ခက်ထန်မနေပေမယ့်လည်း လူတိုင်းနဲ့တော့ တရင်းတနှီးပေါင်းလေ့မရှိ
ဘယ်နေရာ ဘယ်အချိန်ဖြစ်ဖြစ် သူနဲ့ စကားပြောတဲ့သူ သူနဲ့တူတူ တွဲမြင်ရတဲ့သူက သူ့ညီမလို့ အများသူငါ သတ်မှတ်ထားတဲ့ စန္ဒီလင်းသာ

"ကိုကို အလင်း သွားပြီနော်"

"အင်း"

အလင်းကို နှုတ်ဆက်ပြီး အတန်းထဲ ဝင်လာသည့် မဟူရာသည် အခန်းဝမှာ လူတစ်ယောက်နဲ့တိုက်မိသည်

ဘယ်တော့မှ တောင်းပန်ပါတယ်ဆိုတဲ့စကားကို မပြောတဲ့သူက အခုလည်း ဘယ်သူမှားမှား သူ့ဘက်က တောင်းပန်ပါတယ်လို့ မပြောဘူး
အဲ့အစား ဘာမှမဖြစ်သလိုနဲ့ အတန်းထဲသာ ခပ်တည်တည် ဝင်လာပြီး သူ့နေရာမှာ သူထိုင်နေသူ

ရုတ်တရက် မဟူရာရဲ့ စာရေးခုံပေါ် အရှိန်နဲ့ကျလာတဲ့ စာအုပ်တွေ
အသံကျယ်သွားလို့ထင် တစ်တန်းလုံးရဲ့ အာရုံစိုက်မှုတို့က သူနဲ့ သူ့ခုံရှေ့မှာ သူ့ကို စားမတတ်ဝါးမတတ်ကြည့်နေသူဆီ

မဟူရာ ရှေ့ကလူကို ဝတ္တရားအရ ကြည့်ပြီး ကိုယ်လုပ်စရာရှိတာကိုသာ ဆက်လုပ်နေသည်

ရှေ့ကမိန်းကလေးက သူ့ကို ရန်လုပ်တေ့ာမှာပဲလို့ ထင်နေသော မဟူရာရဲ့ အတွေးတို့သည် သက်သက်စင်အောင် လွဲချော်သွားရသည် အကြောင်းမှာ ထိုမိန်းကလေးသည် မဟူရာဘေးက ခုံလွတ်မှာ ဝင်ထိုင်လိုက်ပြီး မဟူရာကို လက်ကမ်းပေးလိုက်သောကြောင့်ပင်
အတန်းသားတွေကလည်း ထိုလုပ်ရပ်ကြောင့် အာ.... ဘာမှလည်း မဟုတ်ပါဘူးဆိုပြီး အာရုံလွဲသွားကြသည်လေ

ကမ်းလာတဲ့ မိန်းကလေးရဲ့ လက်ကို သူလျစ်လျူရှူလိုက်တော့ မိန်ကလေးက ခပ်ဟဟရယ်သည်

"ငါနဲ့ type တူသားပဲ အဲ့လိုလူမျိုးနဲ့ ခင်ချင်တာ
ရပြီ ဒီကျောင်းမှာ မပျင်းရတော့ဘူးပ"

အစပိုင်းမှာ မဟူရာက ခပ်တန်းတန်းနေပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူတို့နှစ်ဦးက ရင်းနှီးလို့လာသည်
ရင်းနှီးဆို အစစအရာရာ တူနေသောသူတို့နှစ်ဦးအတွက် အဆန်းမဟုတ်
အကြိုက် နေပုံထိုင်ပုံ အပြောအဆို အမူအယာကအစ အကုန် ဆိုက်တူဂိုက်တူ ဖြစ်နေတာလေ
တစ်ကျောင်းလုံးကတောင် သူတို့နှစ်ယောက်ကို တွဲနေတယ်လို့ထင်ကြတာ
တကယ်တော့ သူတို့တွေရင်းနှီးတယ်ဆိုတာက ဘော်ဒါအကန့်သာ
မဟူရာက အရောင်လွှင့် ကို မိန်းကလေးတစ်ယောက်လို့ မမြင်သလို အရောင်လွှင့် ကလည်း မဟူရာကို ယောကျာ်းလေးတစ်ယောက်လို့မမြင်
သူတို့စိတ်ထဲရှိတာက စိတ်တူကိုယ်တူသူငယ်ချင်းဘော်ဒါပဲ

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now