အပိုင်း 10 (U+Z)

720 28 1
                                    

ရှိုင်း တစ်ယောက် အိပ်မရတဲ့ ရက်တွေ ဘယ်လောက် များခဲ့ရပြီလဲ
တစ်နေ့ တစ်နေ့ သူ့မျိုးနွယ်စုတွေ လွတ်မြောက်အောင် ဘယ်လို လုပ်ရမလဲဆိုတာပဲ တွေးနေမိတာ
ကိုစေနဲ့မဆွေဆွေခင်တို့က ပြောတယ် မဟူရာ သိမ်းထားတဲ့ မျိုးနွယ်စု တံဆိပ်တုံးကိုရမှ ရှေ့ဆက်လို့ရမှာတဲ့လေ
ရှိုင်း ကဘယ်လို ယူရမှာလဲ
ရုတ်တရက် မျိုးနွယ်စုရဲ့ခေါင်းဆောင်တာဝန်ကို လက်လွဲယူလိုက်ရတဲ့ ရှိုင်း အတွက် လိုအပ်ချက်တွေ သင်ယူစရာတွေမှ အများကြီးပဲ

***

"သခင်လေး တစ်ယောက်တည်းက ဖြစ်ပမလား
သခင်လေးအစား ကျွန်တော်ပဲသွားလိုက်မယ်လေ"

"ရတယ် ကိုစေ ကိုစေထက် ရှိုင်းက မဟူရာရဲ့ အခန်းကို ပိုရင်းနှီးတယ် ရှိုင်း သူ့အခန်းကို သေသေချာချာ လေ့လာပြီးပြီ
ရှိုင်း ကို စိတ်မပူနဲ့"

"ဒါဆို ကျွန်မတို့ သခင်လေးကို ဒီမှာဘဲ စောင့်နေမယ်နော် ကျွန်မတို့ အချက်ပြတာနဲ့ သခင်လေး လွတ်အောင်ပြေးရမယ်နော်"

"ဟုတ်ကဲ့ပါ ဂရုစိုက်ကြနော် ရှိုင်းသွားပြီ"

ရှိုင်း အသင့်ယူလာတဲ့ ပုဝါစကို မျက်နှာမှာ စည်းပြီး မဟူရာရဲ့ အခန်းဆီသို့ ခြေသံလုံလုံဖြင့် တက်လာခဲ့သည်
အခုလို ခိုးကြောင်ခိုးဝှက် အလုပ်မှာ မကျွမ်းကျင်သော်လည်း
အခြေအနေနဲ့ အချိန်အခါ အရ သူလုပ်သင့်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပဲ မဟုတ်လား
မဟူရာ အလုပ်ကိစ္စနဲ့ ခရီးထွက်နေတဲ့ ဒီအချိန်က သူတို့လှုပ်ရှားဖို့ အကောင်းဆုံးအချိန်လေ

ရှိုင်း မဟူရာအခန်းထဲကို လွယ်လွယ်နဲ့ ဝင်လို့ရသည်
ပြီးတော့ သူလိုချင်တဲ့ မျိုးနွယ်စု တံဆိပ်ကို လည်း လွယ်လွယ်ပဲ ရှာတွေ့သည်
မဟုတ်သေးပါဘူး ဘာလို့ အဲ့လောက်ထိလွယ်ကူနေရတာလဲ
ရှိုင်း စိတ်ထဲ အခြေအနေတွေ ပုံမှန် မဟုတ်သလို ခံစားနေရသည်
ဒါကြောင့် သူ အမြန် ထွက်သွားဖို့ အောက်ထပ်ကို ဆင်းလာတဲ့ အချိန် ရုတ်တရက် မီးတွေလင်းထိန်လာပြီး လက်ခုပ်တီးကာ တဟားဟား ရယ်နေသူကို တွေ့လိုက်ရသည်
သွားပြီ......အဲ့ဒါကြောင့်ကို

မီးရောင်တွေရဲ့အောက်မှာ သူ့ကိုကြည့်နေတဲ့ မျက်ဝန်းတစ်စုံက ဒေါသတို့ကြောင့် နီရဲနေသည်

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now