အပိုင်း 3(U+Z)

788 31 1
                                    

ရေလဲ ပုဆိုးတစ်ထည်တာ ဝတ်ထားသော ခန္ဓာကိုယ်ရဲ့ အချိုးအစား ကျစ်လစ်မှုက ကိုယ်လုံးပေါ် မှန်လေးဝယ်အထင်းသား

အမြဲလိုလိုတပ်ထားလေ့ရှိသည့် မျက်နှာဖုံးလေးကို ခွာချပြီး မှန်တင်ခုံပေါ်မှာ ထားလိုက်သည့် အမူအယာလေးကအစ မဟာဆန်နေသူ.......

မျက်နှာဖုံးချွတ်လိုက်လို့ ကြေးမုံမှာ ပေါ်လာတဲ့ မျက်နှာချောချောလေးကလည်း ကမ္ဘာတစ်ခွင် ပြိုင်ဘက်ရှိမယ်မထင်

မှန်ထဲမှာပေါ်နေသည့် သူ့ပုံရိပ်ကို သူကြည့်ပြီး လှောင်ပြုံးလေးတစ်ချက်က လှစ်ခနဲ
အဲ့အပြုံးရဲ့ အဓိပ္ပာယ်ကိုတော့ ကာယကံရှင် မဟူရာသျှင် ကိုယ်တိုင်ကလွဲရင် ဘယ်သူမှ သိမည်မဟုတ်

ရေပန်းအောက်မှာရေချိုးနေရင်း နားထဲ ပြန်ကြားယောင်လာသည့် တစ်ယောက်သောသူရဲ့ စကားသံတွေကြောင့် သူသဘောတကျလေး ပြုံးမိလိုက်သည်

###
"ခင်ဗျားမှာ စာနာသနားစိတ်မရှိဘူးလား ဟမ်
မနေ့က တစ်ရက်လုံးဒူးထောက်ထားရလို့ ထတောင်မထနိုင်တဲ့သူကို အခု ခင်ဗျားက ပြန်ပြီး ဒူးထောက်ခိုင်းရက်တယ်နော်
ခင်ဗျားအရင် ထောက်ပြလေ ခင်ဗျားသာထောက်နိုင်ရင် ကျွန်တော်လည်း ဒူးထောက်မယ် နောက်ထပ် 1ရက်မကဘူး
2ရက်3ရက်လောက် ဒူးထောက်နေပေးမယ်"

"အား ကျွတ် ကျွတ် နာလိုက်တာ ငါ့ခြေထောက်လေး အကြောတွေများသေသွားပြီလားမသိဘူး"
"ဦးညိုရေ ရှိုင်းခြေထောက်တွေ ထောက်လို့မရတော့ဘူးထင်တယ်"

"ခင်ဗျားမှာ တစ်ခြားမျက်နှာဖုံးလေး မရှိဘူးလား"

"အခု မျက်နှာဖုံးကြီးက အရမ်းရုပ်ဆိုးတာပဲ သိလား
လှလှလေး ပြောင်းလိုက်ပါလား ဟင်
လိပ်ပြာပုံလိုမျိုးလေး ဒါမှမဟုတ်........ဟေ့ နေအုန်းလေ ပြောလို့မပြီးသေးဘူးလေ....."
###

T shirt အနက်နဲ့ style pant အနက်ကို တွဲဝတ်ထားသည့် သူ့ခန္ဓာကိုယ်ဝယ် အနက်ရောင် long coat ကလည်း သေသေသပ်သပ်နေရာယူလျက်

သူသွားနေကျနေရာလေးဆီ သွားဖို့အဆင်သင့်ဖြစ်နေသူက
အမြဲတပ်လေးရှိသည့် မျက်နှာဖုံးလေးကို ကောက်တပ်လိုက်သည်

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now