အပိုင်း 4(U+Z)

687 36 1
                                    

ရှိုင်း တစ်ယောက် သူ မသွားချင်တဲ့ စံအိမ်ကြီးဘက် ခြေဦးလှည့်လာရသည်
အကြောင်းမှာ ပန်းဆက်သဖို့ပင်
ဟိုနေ့က စံအိမ်အသျှင်က သူ့အတွက် အလုပ်တစ်ခု ပေးထားခဲ့တယ်မဟုတ်လား
မဟူရာသျှင်ရဲ့ အမိန့်တော်အတိုင်း ရှိုင်းသည်
နှင်းဆီလတ်လတ်ဆတ်ဆတ်တစ်ပွင့်ကို ခူးကာ သူ့အခန်းထဲထားပေးရမည်
အူကြောင်ကြောင်နိုင်လှသည်မှန်သော်လည်း မလိုက်နာလို့မှမရတာ
အတွန့်တက်ခွင့်လည်းမရှိဘူးလေ
အဲ့နေ့တုန်းက ဘာလို့လဲ လို့မေးလိုက်တာကို စိတ်ဆိုးပြီး ချက်ချင်းထပြန်သွားတာကိုပဲကြည့်.......
အသျှင့်ရဲ့စိတ်က အရမ်းခန့်မှန်းရခက်တယ်
သူဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာကို ဘယ်သူမှ ကြိုမခန့်မှန်းနိုင် အခု ရှိုင်းအပါအဝင်ပေါ့

"အာ တောင်းပန်ပါတယ်ဗျာ့
ကျွန်တော်သတိမထားမိလိုက်........."
ဟင် ဟိုတစ်ခါ အသျှင့်အိပ်ခန်းနား ရစ်သီရစ်သီလုပ်ဖူးတဲ့ အမျိုးသမီးမဟုတ်လား
ဘာလို့ ငါ့ကိုမြင်တာနဲ့ ချက်ချင်းအကြည့်လွဲပြီး အမြန်ထွက်သွားရတာလဲ

ဒီကောင်လေး ငါ့မှတ်မိနေတာလား
ကိုယ့်ကို စူးစူးရဲရဲလာကြည့်သည့် သူ့အကြည့်ကြောင့် ဟိုကမှတ်မိသည်ဖြစ်စေမမှတ်မိသည်ဖြစ်စေ ဆွေဆွေခင်ကတော့ ကိုယ့်ကိုကိုယ်မလုံမလဲဖြစ်ရသည်
မဖြစ်ဘူး ကိုစေကို ပြောရတော့မယ်

အရမ်းခမ်းနားလွန်းတဲ့ ဒီစံအိမ်ကြီးထဲ ရှိုင်း တတိယအကြိမ် ခြေချခွင့်ရခဲ့ပြန်ပြီ
တံခါးကို ဆွဲဖွင့်ပြီးတာနဲ့ ရှိုင်းမဝင်သေးဘဲ အိမ်ကြီးရဲ့ အပြင်အဆင်ကို အသေးစိတ်ထပ်ကြည့်မိသည်
ပြောင်လက်နေတဲ့ ကြွေပြားခင်းကြမ်းခင်းသည်ပင် ရှိုင်းဘဝထက်တောက်ပြောင်နေသေးသည်
ပြီးတော့ သူ့လိုလူအတွက် ခြေမချရက်စရာလေး....

တံခါးပေါက်ဝမှာ ရပ်ကာ မဝင်သေးဘဲ ကြမ်းခင်းပေါ် ခြေချရ မချရ ဒွိဟ ဖြစ်နေဟန် ခြေထောက်ကို ဆန့်ချည်ရုတ်ချည် လုပ်နေတဲ့ ကောင်လေးကိုကြည့်ပြီး
အကာအကွယ်ရဲ့ အောက်က မျက်နှာနုနုလေးက အလိုမကျဟန်
ဘာဖြစ်နေတာလဲ သူနင်းလိုက်ရင် ကြမ်းခင်းက ပဲ့ကြွေသွားမယ့်အတိုင်း စိုးရိမ်နေလိုက်တာ

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now