အပိုင်း 15(U+Z)

681 38 2
                                    

"သခင်လေး ဧည့်သည်လာတယ်ရှင့်"

"ဟင် ဘယ်သူလဲ မနွဲ့ရဲ့ "

"မသိဘူးရှင့် သခင်လေးနဲ့ တွေ့ချင်တယ်ဆိုလို့"

"ဟုတ်ပြီ ရှိုင်းလာခဲ့မယ်နော်"

"ဟုတ်ကဲ့ သခင်လေး"

သန့်ရှင်းရေးလာလုပ်ပေးတဲ့ မနွဲ့ရီ ထွက်သွားပြီးတာနဲ့ မကြာ ရှိုင်း ဧည့်ခန်းဆီ ထွက်လာခဲ့သည်

"ကိုစေ "

ဧည့်ခန်းမှာ ထိုင်စောင့်နေသူက တစ်ခြားသူမဟုတ် ကိုစေတမန်ပင်
ရှိုင်း စုံစမ်းထားခိုင်းတဲ့ ကိစ္စက အခြေအနေထူးလို့လားပ

"မနွဲ့  အလုပ်ပြီးပြီလား"

"ဟုတ် သခင်လေး အိမ်အနှံ့သန့်ရှင်းပြီးပါပြီ ဒါမယ့်"

"ဒီလောက်ဆို တော်ပြီလေ မနွဲ့ ပြန်လိုက်တော့နော်"

"ဟုတ်ကဲ့"

ရှိုင်းက မနွဲ့ရီကို အလိမ္မာနည်းနဲ့ ပထုတ်လိုက်သော်လည်း မနွဲ့ရီတစ်ယောက်တော့ အလုပ်စောစောနားရတဲ့အတွက် ပြုံးလို့

"ကိုစေ ရှိုင်း စုံစမ်းခိုင်းထားတဲ့ကိစ္စ"

"အခြေအနေ မထူးဘူး ရှိုင်း
ဒါမယ့် သူ့ရဲ့ အကြောင်းတော့ တစ်စွန်းတစ်စသိခဲ့ရတယ်"

"ပြောပါအုန်း ကိုစေ"

"သူက ဒီနယ်ပယ်ထဲဝင်တာ သိပ်မကြာသေးဘူး တစ်နှစ်လောက်ပဲ ရှိအုန်းမှာ ဒါမယ့် သူ့ရဲ့အစွမ်းက အံ့မခန်းပဲနော် အချိန်တိုအတွင်း နာမည်ရလာတာ နည်းတဲ့စကေးမဟုတ်ဘူး "

"ဒါနဲ့ သူရဲ့နာမည်လေး ဘာလေး မသိရဘူးလား"

"မသိခဲ့ဘူး ရှိုင်း သူတို့နယ်ပယ်အချင်းချင်းတောင် သူဘယ်သူမှန်း မသိကြဘူး"

"အော်
နောက်ထပ် ဘာသိရသေးလဲ"

"ဒါအကုန်ပဲ ရှိုင်း
ကြည့်ရတာ သူ့အကြောင်းစုံစမ်းနေမှန်းသိလို့ထင် ခြေရာဖျောက်သွားတာ ပြီးတော့ သူက မဟူရာစံအိမ်ကြီးအကြောင်းတင် မဟုတ်ဘူး ဧကရာဇ်မျိုးနွယ်စုအကြောင်းပါ သိနေတာ ကိုစေတို့ဘက် လှည့်လာမှာ စိုးရသေးတယ်"

"သတိရှိပါ ကိုစေ
ပြီးတော့လေ မျိုးနွယ်စုတွေကို ပိုပြီး ကာကွယ်ပေးပါအုန်းနော် ရှိုင်း တောင်းဆိုပါတယ်"

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now