အပိုင်း 16 (The End ) (U+Z)

1K 54 7
                                    

ရှိုင်း မဟူရာကို မအိပ်ဘဲ ဧည့်ခန်းမှာ စောင့်နေသည်
ပုံမှန်ဆို မောင်က နောက်မကျတတ်ပါဘူး
ဒီနေ့မှ ဘာလို့......

ရှိုင်း အတွေးမဆုံးသေးဘူး အိမ်ထဲကို ဒယီးဒယိုင်နဲ့ရောက်လာတဲ့ မဟူရာ.....
ရှိုင်း မူးလာတဲ့ သူကို စိတ်ဆိုးချင်သော်လည်း အဲ့စိတ်က ခဏတာ
မူးနေသူကို ချက်ချင်းသွားထူပေးပြီး အခန်းထဲ ခေါ်လာခဲ့သည်
ထွက်သွားမလို့ပြင်နေတဲ့ ရှိုင်းကို အနောက်ကနေ သိုင်းဖက်လာသည့် မောင်

"ဟင် မောင် မောင်ငိုနေတာလား"

ရှိုင်း မူးနေသူဘက်လှည့်ကြည့်တော့ မောင်က သူ့ရင်ခွင်ထဲ တိုးဝင်ကာ ရှိုက်ကြီးတငင်ငိုတော့သည်
မဟူရာရဲ့ ပုံစံကြောင့် ရှိုင်း မှာအံ့သြကာစိုးရိမ်တကြီးဖြစ်သွားရသည်
မောင်က ရှိုင်းနဲ့ သိလာကတည်းက အရာရာကို ဘယ်သူမှ မသိအောင် ကြိတ်ခံစားတာ ရှိုင်း ရှေ့မှာဆိုပိုဆိုးသေး
အခု ဒီလိုဖြစ်နေတယ်ဆိုတော့ ဘယ်လိုကိစ္စအကြောင်းအရာများက မောင့်ကို ဝမ်းနည်းစေတာလဲ

"မောင် မောင်"

"ဟင်"

"ဘာဖြစ်လာတာလဲဟင်"

ရှိိုင်း မေးတာကို အရင်မဖြေပဲ ရှိုင်းကို အကြာကြီး စိုက်ကြည့်နေသည် ပြီးမှ သူ့အိပ်ကပ်ထဲက လုံးချေထားတဲ့ စာရွက်တွေကို ရှိုင်း ဆီပေးလာသည်

ရှိုင်းလည်း မဟူရာ ပေးလာတဲ့ စာရွက်တွေကို ဖြေကြည့်လိုက်တော့
အလုပ်ထွက်စာနဲ့တောင်းပန်စာ
ပြီးတော့ မဟူရာနဲ့ ရှိုင်း ဆိုတဲ့ နာမည်နဲ့ဖိတ်စာလေးတစ်ခု
ပေးတဲ့သူက.............မဟူရာနဲ့ညီအစ်ကိုလိုရင်းနှီးတဲ့သူ.......
အချိန်တွေအကြာကြီး လက်တွဲခဲ့တဲ့သူ..............
သူ့နာမည်က ကုမ္မာန်တဲ့...........

ရှိုင်း တောင် စာရွက်ကိုင်ထားတဲ့လက်က တုန်လို့
အကြောင်းမှာ ကုမ္မာန်ပေးတဲ့ ဖိတ်စာက သူ့ရဲ့ မနှစ်က တည်ထောင်ထားတဲ့ လုပ်ငန်းဖွင့်ပွဲတဲ့.........
ဒါက ရှိုင်း စုံစမ်းနေတဲ့ လုပ်ငန်းပိုင်ရှင်.......ဒါဆို ငါ့ကို ခြိမ်းခြောက်နေတာက ကုမ္မာန်ပေါ့......
ဘာတွေ ဖြစ်ကုန်တာလဲ

ဖိတ်စာစာရွက်ကို ကိုင်ကာ ငေးနေသူက စိတ်နဲ့ကိုယ်နဲ့ မကပ်သလို

You've reached the end of published parts.

⏰ Last updated: Apr 13 ⏰

Add this story to your Library to get notified about new parts!

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now