"ရှိုင်း ခရီးက ညအိပ်ခရီးကြီးနော်"
"အင်းလေ"
"ဘာကို အင်း လဲ"
မဟူရာ အလုပ်ကိစ္စနဲ့ ခရီးထွက်စရာရှိသည် ခရီးကညအိပ်ခရီးဖြစ်တဲ့အပြင် လမ်းကလည်း တောလမ်းကများတာကြောင့် မလိုက်ခဲ့နဲ့လို့ပြောတာကို ဂရုမစိုက်ပဲ သူ့အဝတ်တွေကို မဟူရာရဲ့ ခရီးဆောင်အိတ်ထဲ ထည့်နေသည်
"လိုက်မှာနော် မလိုက်ခိုင်းရင် မောင့်ကို တစ်သက်လုံး စကားမပြောတော့ဘူး ပြီးတော့ မောင် ခရီးသွားနေတဲ့အချိန် ရှိုင်း နောက်တစ်ယောက် ရှာလိုက်မှာ ဘာမှတ်နေလဲ"
"ရှိုင်း "
ရှိုင်းရဲ့ စကားကြောင့် မျက်နှာကြီး ချက်ချင်းစူပုတ်သွားသူက ရှိုင်း ကို သဝန်တိုနေတာလား
"ဘာလဲ မလိုက်ခိုင်းချင်ဘူးလား ရတယ်လေ
အခုညပဲ ကလပ် သွားကဲတော့မယ်""သဘော သဘော လိုက်ခဲ့
ပြီးမှ ညောင်းတယ်လေ ဘာလေ မညည်းနဲ့နော်""ဟဲ ဟဲ "
အခုမှ ရှိုင်း မျက်နှာက ပြုံးပျော်သွားတော့သည်***
မဟူရာ သူ့နောက်ကနေ အိပ်ပြီးလိုက်လာသူကြောင့် ပြုတ်မကျအောင် ခါးနားဖက်ထားတဲ့ လက်ကို ကိုင်ထားရတာကမျိုး ဆိုင်ကယ်ကို အရှိန်လျှော့မောင်းရတာက တစ်မျိုးတို့ကြောင့် ခရီးက ခါတိုင်းလို မတွင်
ပြီးတော့ တစ်ဖက်တည်းထိန်းမောင်းလာရတဲ့အခြေအနေကြောင့် လက်ကထုံနေပြီ
ရှေ့နားဆိုရင်တော့ ခဏနားအုန်းမှပဲ"ရှိုင်း "
"ရှိုင်း""အင်း"
"ထတော့ ထမင်းစားရအောင်"
"ဟုတ်"
မဟူရာနဲ့ ရှိုင်းတို့ တောထမင်းဆိုင်လေးတစ်ဆိုင်မှာ မနက်စာနဲ့ နေ့လည်စာကို ပေါင်းပြီးစားလိုက်သည်
"ခန္ဓာကိုယ်တွေ ညောင်းကိုက်နေတာပဲ"
အကြောဆန့်ကာ ပြောနေသူက သူ့ကိုမှ အားမနာ ညည်းနေပြန်သည်
"ရှိုင်း မောင်ညည်းဖို့လည်း ထားပါအုန်း"
"ဟောဗျာ ကိုယ့်ဘာသာ ညည်းပါလား
ရှိုင်း ညည်းတာနဲ့ မောင် ညည်းတာနဲ့က ဘာမှ မှမဆိုင်သာ"
YOU ARE READING
ခေတ်သစ် ဒဿ (စဆုံး)
Romanceသခင့်အချစ်ကို မရရင်နေပါ သခင့်ကိုတော့ မောင့်အနားအမြဲရှိနေစေချင်တယ် အဲ့ဒါတစ်ခုပဲ မောင်တတ်နိုင်လို့လေ သခင့်အပေါ် မောင့်လုပ်ရပ်တွေက ရက်စက်သွားရင် မောင် တောင်းပန်ပါတယ်နော် ဘာလို့ဆို မောင်ကအချစ်နဲ့ပက်သက်ရင် အရမ်း လောဘ ကြီးလွန်းလို့ ...