အပိုင်း 6 (U+Z)

689 35 2
                                    

အလင်း နှုတ်ဆက်ပြီး ထွက်သွားတာနဲ့ တစ်ပြိုင်နက် သူ့အာရုံက အအေးဆိုင်ဘက်ဆီကိုသာ
ဟင်......ရှိုင်း ဘယ်ရောက်သွားတာလဲ
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်တော့လည်း ရှိုင်းကို မတွေ့ရ
မဟူရာ သိတယ် ရှိုင်းကဘယ်လောက် စိတ်ဆိုးဆိုး တစ်ယောက်ထဲလျှောက်သွားမယ့်သူမျိုး မဟုတ်ဘူးဆိုတာ
ဘာလို့ဆို သူ့လိုတစ်ကောင်ကြွက်အတွက် အခု သူ့လောင်းရိပ်အောက်ကလွဲရင် ရှိုင်းအတွက် ဘယ်မှသွားစရာနေရာမရှိဘူးလေ
သူစိတ်ပူတာက အန္တရာယ်တစ်ခုခုဖြစ်မှာကိုပင်

"ကိုကို ကိုကို"

"ဟင်"

"ကိုကို့ ကို လူတစ်ယောက်က စာပေးခိုင်းလိုက်လို့"

ကောင်ငယ်လေး တစ်ယောက်သည် သူ့အင်္ကျီစကို လှမ်းဆွဲပြီး စကားလာပြောသည်
သူကမ်းပေးတဲ့ စာလေးကို လှမ်းယူပြီး သိချင်တာလေးမေးမလို့ကြံရုံရှိသေး ထိုကောင်လေးက သူ့ လက်ထဲက ပန်ကာလေးကို လှည့်ကာ မဟူရာနဲ့ဝေးရာဆီ ပြေးသွားခဲ့ပြီ

မဟူရာ လက်ထဲက စာရွက်နွမ်းနွမ်းလေးကို ဖွင့်ဖတ်လိုက်တော့
မသေမသပ် လက်ရေးလေးနဲ့ စာသားလေးက တစ်ကြောင်းနှစ်ကြောင်းသာ
သို့သော် ထိုစာလေး တစ်ကြောင်းနှစ်ကြောင်းကပဲ သူ့ရင်ကို မီးစနဲ့ ထိုးသလို နာကျင်စေသည်

ရှိုင်းသခင် ကို လူတစ်စုဖမ်းခေါ်သွားတယ်
ဒီမှာ လိပ်စာ
အမြန်လိုက်သွားပါ

တောက်တစ်ချက် ခေါက်ကာ လက်ထဲက စာရွက်ကိုလည်း စိတ်ရှိလက်ရှိ လုံးချေပစ်လိုက်သည်
ငါပိုင်တဲ့သူတစ်ယောက်ကို ထိရဲတယ်ပေါ့
မဟူရာအကြောင်း မသိသေးဘူးနဲ့တူတယ်
အခု သူ့ရဲ့စိတ်ထဲမှာ စိုးရိမ်စိတ်တို့ကော ဒေါသတို့ကောက ရောနှောလျက်
မဟူရာ အချိန်မဆွဲပဲ စာထဲမှာပါတဲ့ လိပ်စာအတိုင်း အမြန်လိုက်သွားလိုက်သည်

ရှိုင်း ခေါင်းထဲမှာ မူးဝေနေသည်
ငါ ဘယ်နေရာရောက်နေတာလဲ
မျက်စိထဲမှာဝိုးတစ်ဝါးမြင်နေရတာက သူနဲ့ ရင်းနှီးတဲ့နေရာမဟုတ်
ရှိုင်း သူ့မှတ်ဥာဏ်တွေကို ပြန်ခေါ်တော့ သူနောက်ဆုံးမှတ်မိတာက အအေးဘူးဝယ်ပြီးပြန်လာတာ
အသျှင်က ကောင်မလေးတစ်ယောက်နဲ့ စကားပြောနေတာ ရှိုင်းလက်ရမ်းပြမလို့ကြံရုံရှိသေး..........
အဲ့ကတည်းက ရှိုင်း ဘာဖြစ်သွားမှန်းမသိတော့တာ
အခု နိုးလာမှ....
ဟမ် ရှိုင်းလက်တွေလည်း လုပ်လို့မရဘူး
ရှိုင်း အားထည့်ပြီး ရုန်းကြည့်ပေမယ့်
ကုလားထိုင်ပေါ်ဝယ် နောက်ပြန်ကြိုးတုပ်ခံထားရတဲ့အတွက် ဘယ်လိုမှ မရ
ရှိုင်းရဲ့ အခုအခြေအနေက အဖမ်းခံခဲ့ရသလိုပဲ
ဘာလို့ အဖမ်းခံရတာလဲ လူမှားပြီး အဖမ်းခံရတာလား
ရှိုင်းလို တစ်နှစ်နေလို အပြင်တစ်ခါ မထွက်တဲ့သူအတွက်
ဘယ်ကရန်သူက ပေါ်လာတာလဲ
အာ....ခေါင်းရှုပ်လိုက်တာ ကိုယ့်ဘဝနဲ့ကိုယ်တောင် အစေခံပါဆိုမှ ဘယ်လိုလူတွေက သူ့ကိုမုန်းနေရတာလဲ

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now