အပိုင်း 11(U+Z)

621 28 0
                                    

နောက်နေ့မနက်ရောက်တော့ မဟူရာသည် အိမ်ကြီးအတွင်းရှိ အလုပ်သမားတွေကိုအကုန် ခေါ်လိုက်သည်

အလုပ်သမားတွေနဲ့အတူ ရှိုင်းပါ မဟူရာ ဘာပြောမလဲစောင့်နေလျက်

"ဒါက ငါ မနေ့က လက်ထပ်လိုက်တဲ့ ငါ့ရဲ့ အသစ်စက်စက် ဇနီးလေး"
မဟူရာ ရှိုင်း ကို ဦးတည်ပြီး ပြောလိုက်တော့ အလုပ်သမားတွေအကုန် သို့လောသို့လော ဖြစ်သွားကြသည်

ရှိုင်း ခမျာ ရှက်သော်လည်း မဟူရာ စကားကို အသက်မပါတဲ့ အပြုံးလေးပြုံးကာ နှုတ်ဆိတ်လို့နေလိုက်သည်

"ပြီးတော့ ဒီစံအိမ်ကြီးထဲကို ဘယ်သူမှ အလုပ်လာလုပ်စရာမလိုတော့ဘူး ဒီအိမ်ရဲ့ အိမ်မှုကိစ္စတွေအကုန် ငါ့ဇနီး ကတာဝန်ယူ လုပ်လိမ့်မယ်"

မဟူရာ ပြောစရာရှိတာတွေ မှာစရာရှိတာတွေ ပြောပြီးတာနဲ့ အလုပ်သမားတွေကို ပြန်လွှတ်လိုက်သည်

ရှိုင်း လည်း အလုပ်သမားတွေပြန်သွားတာနဲ့ အပေါ်ထပ်တက်ဖို့ ခြေလှမ်းပြင်တော့

"ငါဗိုက်ဆာတယ် မနက်စာ ပြင်ပေး"

"မင့်ဆီမှာ ခြေတွေလက်တွေ ပါတယ်မလား ကိုယ့်ဘာသာ ပြင်စားပါလား"

"ယောကျာ်းတစ်ယောက် စားဖို့သောက်ဖို့ကို ပြင်ဆင်ပေးရမှာက အိမ်ရှင်မတွေရဲ့ တာဝန်မလား"

"ငါက အိမ်ရှင်မ မဟုတ်ဘူး
ငါက ယောကျာ်းလေး"

"ရှိုင်းသခင် ငါ မင့်နဲ့ စကားနိုင် လုဖို့ အချိန်မရှိဘူးနော် ငါအလုပ်သွားစရာရှိတယ် အခုချက်ချင်း ငါ့အတွက် မနက်စာပြင်ပေး မင့်ပြောတော့ ယောကျာ်းဆို မနေ့က ပေးထားတဲ့ ကတိကို မေ့သွားပြီလား"

ပွစိပွစိပြောနေတာကို စိတ်ပျက်လာတာကြောင့် ရှိုင်း မဟူရာအတွက် မနက်စာ ပြင်ပေးဖို့ မီးဖိုချောင်ထဲ လာခဲ့သည်
ရှိုင်း မီးဖိုချောင်ထဲ မွေနောက်ကြည့်တော့ ထမင်းကလွဲရင် ဘာမှမရှိ

"ရော့ "

ရှေ့ကို ဆောင့်ကြီးအောင့်ကြီးချလာတဲ့ ထမင်းပန်းကန်ကို ကြည့်တော့ ထမင်းဖြူနဲ့ ကြက်ဥကြော်သာ

"အကြာကြီး မီးဖိုချောင်ထဲ ဝင်သွားတာ ဒါပဲချက်ခဲ့တာပေါ့"

"စားမှာလား မစားဘူးလား
မစားလည်း ပြီးရော"

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now