မဟူရာနဲ့ ရှိုင်းတို့ အိမ်ကြီးဆီပြန်လာတော့ ကုမ္မာန်က ခြံရှေ့မှာ မဟူရာတို့ကို စောင့်နေဟန်
ခြံရှေ့မှာ ခြေချင်းလိမ်ထပ်အောင် လျှောက်နေပြီး ပွတ်နေတဲ့ လက်ဖဝါးနှစ်ဖက်ကလည်း မီးပင်ထတောက်တော့မလိုဖြစ်နေသည်
မဟူရာတို့ကို မြင်တာနဲ့ ကုမ္မာန်မျက်လုံးတို့က ချက်ချင်းအရောင်တောက်သွားပြီး အနားကို အမြန်ပြေးလာကာ စကားတွေကိုတရပ်စပ်ပြောတော့သည်
အသျှင် ဘယ်တွေသွားနေတာလဲ
ကျွန်တော် အသျှင်တို့ နောက်ကျနေလို့ ညစျေးဆီ လူလွတ်ပြီး ရှာခိုင်း လိုက်သေးတယ်
အသျှင်တို့ အဆင်ပြေရဲ့လား
အသျှင် မနက်စာ ဘာစား မလဲ
ဒီနေ့ အလုပ်မသွားတော့ဘဲ နားလိုက်ပါလား
မဟူရာ မျက်မှောင့်ကြုတ်လိုက်တော့မှ ကုမ္မာန် ပြောလက်စ စကားတို့ကို ရပ်ပစ်လိုက်သည်
ခါတိုင်း စကားနည်းလွန်းသူက စကားတွေ ဆက်တိုက်ပြောနေပုံထောက်ရင် တစ်ခါမှ သူ့ကို အသိမပေးဘဲ ဘယ်မှ မပျောက်ဖူးတဲ့ ကျွန်တော့်ကို ကုမ္မာန် ဘယ်လောက် စိတ်ပူနေမလဲ သိပါတယ်
ဒါမယ့် နားငြီးတာကို မဟူရာ အသေမုန်းသည်လေ
ပွစိပွစိပြောတာကောပဲ"ရှိုင်း ပြန်နားလိုက်တော့"
"ဟုတ်ကဲ့ ဒါဆို ရှိုင်းသွားပြီနော်"
ရှိုင်း ခြံထဲဝင်သွားတာနဲ့ အသင့်ဆောင်ထားတဲ့ မျက်နှာဖုံးကို မဟူရာ ကောက်တပ်လိုက်သည်
ကုမ္မာန် ရှေ့ကသူ့အသျှင်ရဲ့ လုပ်ရက်ကိုကြည့်ကာ စိတ်ထဲ ကြိတ်ရယ်နေမိသည်
ပေါ်တင်တော့မရီရဲ ......"ဒီနေ့ အရေးတကြီး လုပ်စရာဘာမှ မရှိဘူး မဟုတ်လား"
ကုမ္မာန် ခဏစဥ်းစားပြီးမှ မဟူရာကို အဖြေပြန်ပေးလာသည်
"ဟုတ် အသျှင် ခြံတွေလိုက်စစ်ရမှာက လွဲရင် ဘာအရေးကြီးတာမှ မရှိဘူး
ဖောက်သည်တွေနဲ့ ချိန်းထားတာကလည်း မနက်ဖြန်မှရှိမှာ""ကောင်းပြီ ငါ ဒီနေ့ ခြံစစ်မသွားတော့ဘူး
မင့် လိုက်စစ်လိုက် အဆင်ပြေလား""ဟုတ် ရတယ် အသျှင်
ဒါနဲ့ အသျှင်က ဘယ်သွားစရာရှိလို့လဲ ဟင်""အလုပ်ထက် အရေးကြီးတာ သွားရှင်းမလို့ပါ"
"ဟုတ်"
YOU ARE READING
ခေတ်သစ် ဒဿ (စဆုံး)
Romanceသခင့်အချစ်ကို မရရင်နေပါ သခင့်ကိုတော့ မောင့်အနားအမြဲရှိနေစေချင်တယ် အဲ့ဒါတစ်ခုပဲ မောင်တတ်နိုင်လို့လေ သခင့်အပေါ် မောင့်လုပ်ရပ်တွေက ရက်စက်သွားရင် မောင် တောင်းပန်ပါတယ်နော် ဘာလို့ဆို မောင်ကအချစ်နဲ့ပက်သက်ရင် အရမ်း လောဘ ကြီးလွန်းလို့ ...