အပိုင်း 12 (U+Z)

696 34 6
                                    

အဖြူရောင် tuxedo လေးတွေနဲ့ ထင်ပေါ်နေတဲ့ လူသားလေးနှစ်ဦးထံ အားလုံးရဲ့ အကြည့်တို့က ဆိုက်ရောက်လို့လာသည်

မဟူရာကတော့ ပုံမှန်လိုဖြစ်နေပေမယ့် ရှိုင်း အတွက်က ပထမဦးဆုံးဆိုတော့ စိတ်ထဲဘယ်လိုကြီးမှန်း မသိ
ရှိုးတိုးရှန့်တန့်နဲ့ ပြီးတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလိုပဲ
သူတို့ရဲ့အကြည့်က ရှိုင်းတို့ကို လိင်တူလက်ထပ်ထားလို့ ရှုတ်ချတာမျိုး ကဲ့ရဲ့တာမျိုး သဘောတော့မဟုတ်
ဘယ်လိုအကြည့်လဲဆိုတာတော့ ရှိုင်းလည်း မရှင်းပြတတ်

"ကိုကိုတို့ နောက်ကျလှချည်လား"

"အွန် နည်းနည်းပါ တစ်ယောက်သောသူ ဂျီကျနေလို့ပါ"

မဟူရာရဲ့ စကားနောက်ကပ်ပါလာတာ ရှိုင်းရဲ့ မျက်စောင်းလှလှ

###
လွန်ခဲ့သော နာရီဝက်ခန့်က...........................

"ငါ မလိုက်ချင်ဘူးလို့ပြောပြီးပြီပဲ ကိုယ့်ဘာသာ တစ်ယောက်တည်းသွား"

"ရှိုင်းသခင်"

"ခင်ဗျာ့"

"ငါ့ကို ရွဲ့နေတာလား"

"ရှိုင်း မရွဲ့ရဲပါဘူးခင်ဗျာ့
အိမ်ကြီးအသျှင် ဘာပြောချင်တာပါလဲ ပြောပါ ရှိုင်း နားထောင်နေပါတယ်"

အရှေ့ကနေ မဲ့ကာရွဲ့ကာ လုပ်ပြနေသူကို ကြည့်ပြီး မဟူရာ စိတ်မရှည်တော့

"ခင်ဗျား ဘာလုပ်တာလဲ လွတ်ဗျာ "

"မင့်က ငါ ပြောတာမှ ဂရုမစိုက်တာကို "

"လွတ် ကိုယ့်ဘာသာ လဲရင်ရပြီမလား"

ဂျီကျနေသူကို မဟူရာ ပြောနေလည်း လေကုန်တာသာ အဖက်တင်မှာမို့ ရှိုင်းဝတ်ထားတဲ့ အင်္ကျီကြယ်သီးကို မဟူရာ ကိုယ်တိုင် ချွတ်ပြီး လဲပေးဖို့ လုပ်လိုက်မှ မဟူရာ ပြင်ပေးထားတဲ့ ဝတ်စုံကို ယူကာ ဆောင့်ကြီးအောင့်ကြီး ထွက်သွားသူ......
မဟူရာတစ်ယောက် သက်ပြင်းချပြီး ခေါင်းကိုသာ အကြိမ်ကြိမ် ခါရမ်းလျက်

"ရှိုင်းသခင် မပြီးသေးဘူးလား အခုချိန်ထိ"

အဝတ် လဲဖို့ဝင်သွားတာ 10မိနစ်လောက်ရှိတော့မယ် အခုချိန်ထိ မထွက်လာသေးသူမို့ မဟူရာ တစ်ယောက် အော်ရပြန်ပြီ

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now