အပိုင်း 13(U+Z)

658 31 1
                                    

တစ်နှစ်.............
မှန်သည် မဟူရာသျှင်နဲ့ ရှိုင်းသခင်တို့ရဲ့ အိမ်ထောင်သက်သည် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ
အချစ်တို့နဲ့ စတင်ခဲ့တဲ့ အိမ်ထောင်ရေး မဟုတ်တဲ့အတွက် အစပိုင်းမှာ ကတောက်ကဆ ဖြစ်ကြသော်လည်း အချိန်ကြာလာတာနဲ့အမျှ သံယောဇဥ်တွယ်လာကြသည် အဆင်ပြေလာကြသည်
သူတို့ကြားက အမုန်းတွေ အငြိုးတွေကလည်း သူတို့ရဲ့ အချစ်ကို မဖျက်ဆီးနိုင်ခဲ့
ထိုအငြိုးတွေအမုန်းတွေကပင် သူတို့နှစ်ယောက်ကို ပိုနီးစပ်ပေးစေခဲ့တယ်လို့တောင် ဆိုနိုင်သေးသည်

"ရှိုင်း မောင် အလုပ်သွားတော့မယ်"

"သွားလေ "
ရှိုင်း ပန်းကန်တွေ ဆေးနေရင်းမှ တစ်ဖက်လူရဲ့ စကားကို ပြန်ဖြေသည်
အသံက ရွဲ့နေတဲ့အသံ ဖြစ်သော်လည်း ရှိုင်း မျက်နှာကတော့ ပြုံးလျက်
မဟူရာရဲ့ ဂရုစိုက်မှုတွေ အလျှော့ပေးမှုတွေကြောင့် ရှိုင်းလည်း သူ့ကို ချစ်မိနေပြီ ထင်တယ်

"ရှိုင်း "

"ဟောဗျာ ရှိုင်း ဒီမှာ မအားဘူးလေ မောင်ကလည်း"

"အဲ့အလုပ်ကို ခဏထားခဲ့လို့ ရတာပဲကို"

ဂျီကျနေသူကြောင့် ရှိုင်း လုပ်လက်စကိုရပ်လိုက်ပြီး ရေစိုနေတဲ့လက်ကိုလည်း အေပရွန်မှာပဲ သုတ်လိုက်ရသည်

"ကဲ ပြော ဘာကိစ္စလဲ"

ရှိုင်း မေးလိုက်တာကို မဖြေပဲ လူကို အတင်းလာဖက်သည်
အခုနောက်ပိုင်း မောင်က သူ့ကို အရမ်းချွဲလာသလိုပဲ

"မောင် အလုပ်လုပ်ဖို့အတွက် အားရှိအောင်.........."
သူ့ပါးကို နမ်းဖို့ ပြောနေသူကို ရှိုင်း မျက်စောင်းခဲလိုက်တော့ နှုတ်ခမ်းလေးက စူထွက်လာသည်
မောင်က ရင့်ကျက်သော်လည်း တစ်ခါတစ်လေကျရင် သူ့အပေါ် ကလေးဆိုးလေးတစ်ယောက်လို ပြုမူတတ်သေးသည်

!ရွတ်
"ရပြီ သွားတော့ နောက်ကျနေတော့မယ်"

"ဟီး....ဟီး.....အာဘွားရပြီးပြီဆိုတော့ သွားပြီနော် ဘေဘီ"
!မွ

သွားခါနီး ပါးကို ဖြတ်ခနဲနမ်းသွားသူကြောင့် ရှိုင်းမှာ မျက်နှာလေး ရဲတက်ပြီး ကျန်ခဲ့လေရဲ့

ခေတ်သစ် ဒဿ (စဆုံး)Where stories live. Discover now