Chapter - 20
ချင်းယွီ စဉ်းစားနေစဉ် မြောင်မြောင်က“နင့်အရင်ကျောင်းက သူငယ်ချင်းတွေ သနားပါတယ်နော် သူတို့မုန့်ဖိုးမရရင် မုန့်ဘယ်လိုဝယ်စားကြမှာလဲ?”ဟု သိချင်စွာပြောလိုက်သည်။
ချင်းယွီ : “မုန့်ဖိုးရလည်း ကျောင်းမှာမုန့်ဝယ်စားလို့မရဘူးလေ အိမ်ပြန်မှဝယ်စားလို့ရမှာ”
မြောင်မြောင် : “ဟင် ဘာလို့လဲ?”
ချင်းယွီ : “သူတို့က ပိုက်ဆံတွေကိုမရေတွက်တတ်သေးဘူးလေ”
မြောင်မြောင် : “ဟုတ်သားပဲ ငါလည်းအခုဂဏန်းတွေရေတွက်ဖို့ လက်ချောင်း ခြေချောင်းတွေသုံးနေရတယ်”
“တော်သေးတာပေါ့ တခြားသူတွေလည်း ငါ့လိုပါပဲ” ဟုတွေးမိကာ မြောင်မြောင် စိတ်ချမ်းသာသွားသည်။
“မေမေကပြောတယ် မိန်းကလေးတွေကတရုတ်စာနဲ့အင်္ဂလိပ်စာမှာတော်ပြီး ယောက်ျားလေးတွေကသင်္ချာမှာပိုတော်တယ်တဲ့ နင်ရောအဲ့လိုထင်လား??”
ချင်းယွီ : “အင်း ဟုတ်တယ် ငါသင်္ချာတွက်ရတာလွယ်တယ်လို့ထင်တယ်”
ထိုအခါ မြောင်မြောင်စိတ်ဓာတ်ကျကာမျက်နှာပျက်သွားသည်။ ဤသည်ကိုသတိထားမိသော ချင်းယွီက
“မြောင်မြောင်က တခြားဟာတွေတော်တာပဲ စိတ်မညစ်ပါနဲ့ တခုခုမေးစရာရှိရင်လည်းငါရှိတယ်လေ” ဟု နှစ်သိမ့်ပေးလိုက်သည်။
မြောင်မြောင် : “ဟုတ်တယ်နော် အခုဆိုငါ့မှာသင်္ချာသင်ပေးဖို့ ရှုံသာ့ရှုံအယ်ရောနင်ရောရှိပြီဆိုတော့ အဆင်ပြေသွားပြီ”
ချင်းယွီစိတ်ထဲတွင်မူ မြောင်မြောင်သည် သူ့တယောက်တည်းကိုသာ ဆရာတင်ရမည်ဟုစိတ်ပိုင်းဖြတ်ထားသည်။
သည်တစ်ပတ်စနေနေ့တွင် ချင်းယွီသည်မြောင်မြောင့်အိမ်သို့ရောက်လာသည်။ ရှုံသာ့ ရှုံအယ်တို့လည်း ရောက်နေပြီဖြစ်သည်။ ထို့နောက် လေးယောက်သား ဖူ့ရုံ ၏ယောဂခန်းထဲတွင် အကဆရာလာသည်ကိုထိုင်စောင့်နေကြသည်။ မကြာခင် အကဆရာနှင့်အကဆရာမနှစ်ဦးရောက်လာသည်။
စစချင်းတွင် ယောက်ျားလေးနှင့်မိန်းကလေးခွဲသင်ရကာ လေ့ကျင့်မှုများပြုလုပ်ရသည်။ အကဗီဒီယိုမှာ ၃ မိနစ်စာဖြစ်ပြီး လှုပ်ရှားမှုများမှာမခက်ပဲထပ်တလဲလဲလုပ်ရသောအကမျိုးဖြစ်သည်။
မြောင်မြောင်သည် ထိုအကပေါ်သို့အလုံးစုံစိတ်နှစ်ထားကာ ကခုန်လေ့ကျင့်နေသည်။
အကဆရာမသည် မိနစ်လေးဆယ်ကြာပြီးနောက်မြောင်မြောင်တို့အား အတန်းဆင်းပေးလိုက်သည်။
ကလေးများ ၏ကိုယ်ကာယကျန်းမာရေးမှာအားနည်းသောကြောင့် သူမ အတန်းရပ်ပေးလိုက်ခြင်းဖြစ်သည်။
“မြောင်မြောင်ရေ ဒီကိုလာပါဦး…ဒီမှာသမီးတို့ကထားတာကို ဆရာမ video ရိုက်ထားပေးတယ်နော်”
“အိမ်ပြန်ရောက်ရင် ဒါလေးကိုကြည့်ပြီး လှုပ်ရှားမှုတွေပြန်မှတ်ပေါ့ ဒါပေမဲ့ဆက်တော့မလေ့ကျင့်နဲ့တော့နော် ခန္ဓာကိုယ်ကိုအနားပေးရမယ်နော်”
မြောင်မြောင် : “ဟုတ်ကဲ့ပါ ဆရာမ”
ဆရာမနှင့်ဆရာ ပြန်သွားပြီးနောက် မြောင်မြောင်တို့ တူတူပုန်းတမ်းကစားကြသည်။ ချင်းယွီကအနစ်နာခံကာ လိုက်ရှာရမည့်သူအဖြစ်နေလိုက်သည်။
“စရေမယ်နော် 30,29,28,27,.....,3,2,1 လာရှာပြီနော်”
ချင်းယွီသည် ပထမဆုံးပုန်းလို့ကောင်းသည့် အိပ်ခန်းကျယ်ကြီးထဲသို့သွားရှာသည်။ မတွေ့။ ထို့နောက် အဝတ်လဲခန်းထဲသို့ ဝင်သွားလိုက်သည်။အဝတ်လဲခန်းတွင် နာမည်ကျော်ဒီဇိုင်နာထုတ်ပစ္စည်းများကိုတွေ့ရပြီး မှန်အနောက်တွင်ပန်းရောင်အင်္ကျီစလေးထွက်နေသည်ကို သတိထားမိလိုက်သည်။
“ဒီနေ့ မြောင်မြောင်ဝတ်ထားတာ ပန်းရောင်လေးပဲ သူဘာလို့ သတိထားပြီး မပုန်းတာလဲမသိဘူး”
ထိုသို့စဉ်းစားကာ ချင်းယွီသည် မမြင်ချင်ယောင်ဆောင်ပြီး ဗီဒိုများအားရှာကာထိုအခန်းထဲမှထွက်သွားတော့သည်။
ထိုအခါမှ ကြောက်လန့်နေသော မြောင်မြောင်တစ်ယောက် သက်ပြင်းချလိုက်ရသည်။
ထို့နောက် မီးဖိုခန်းထဲသို့ဝင်သောအခါ ရေခဲသေတ္တာဘေးတွင်မတ်တတ်ရပ်နေသော ရှုံသာ့အားမျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။
ရှုံ့သာ : “ငါကပထမဆုံးဖမ်းမိတာလား?”
ချင်းယွီ : “ဟုတ်တယ်”
ရှုံ့သာ : “ငါ့အမေက အန္တရာယ်အများဆုံးနေရာကအလုံခြုံဆုံးပဲဆိုလို့ ဒီမှာပုန်းလိုက်တာ ငါတော့မှားပါပြီကွာ”
ထို့နောက်ချင်းယွီ ရှုံအယ်အား မြောင်မြောင့်အခန်းထဲရှိ မှန်တင်ခုံအောက်တွင်ခုံအားအကွယ်ပြုကာပုန်းနေသည်ကို ရှာတွေ့သွားသည်။
အားလုံးရှာတွေ့သွားသံကြားသောအခါ မြောင်မြောင်သည် ပုန်းရာမှထွက်လာကာ ချင်းယွီအားလက်ချာပေးတော့သည်။
“ပိန်းဥရာ နင်နောက်ထပ်နည်းနည်းရှာလိုက်ရင် ငါ့ကိုမိတော့မှာ နင်ဘာလို့သတိမထားမိရတာလဲ??”
“နောက်ဆို အရာရာတိုင်းကိုသတိထားကြည့်နော် ကြားလား?”
ချင်းယွီသည် ဟီးကနဲပြုံးပြလိုက်ကာ“အင်းပါ”ဟုသာပြန်ဖြေလိုက်သည်။
သည်လိုနှင့် ရက်သတ္တပတ်၂ပတ်ဆက်တိုက် လေးဦးသားအကတိုက်ကြရင်းအချိန်များကို ကုန်ဆုံးခဲ့သည်။
ချင်းယွီသည် ယခုအပတ်တွင်လည်း ၂ ပေါင်ထပ်ကျသွားသည်။ ထို့ကြောင့် သူသည် 40 kg ပင်မရှိတော့ပေ။
တစ်ခုသောမနက်တွင် ရှချန်းရှီသည် သူမသားကိုခေါ်ကာ ဆောင်းဦးရာသီအဝတ်များဝယ်ရန်ထွက်လာခဲ့သည်။
နွေဦးနှင့်ဆောင်းဦးသည် ထင်ထားသည်ထက် ခပ်မြန်မြန်ရောက်လာတတ်သောကြောင့် သူမ သားဖို့အဝယ်ထွက်လာရခြင်းဖြစ်သည်။
အဝတ်ဆိုင်တွင်အဝတ်များစမ်းဝတ်ကြည့်သောအခါ ချန်းရှီတစ်ယောက် ချင်းယွီအရမ်း
ပိန်သွားသည်ကိုစိတ်ပူသွားသည်။
“သားလေး အရမ်းပိန်နေပြီ မဖြစ်တော့ဘူး ဒီနေ့ကစသား ထမင်းတစ်ပန်းကန်ကို နေ့တိုင်းသုံးနပ်စားရမယ် ဟုတ်ပြီလား?”
ချင်းယွီ : “မဖြစ်ဘူးမေမေ သားပြန်ဝရင်မြောင်မြောင်ကသားကိုစိတ်ပျက်သွားလိမ့်မယ်”
သူမထိုစကားကိုကြားသောအခါ ဘာမှဆက်မပြောတော့ပဲစဉ်းစားနေမိသည်။
ချင်းယွီသည် လှပသောမိခင်နှင့်ခန့်ညားသောဖခင်တို့မှမွေးဖွားလာသောကြောင့် ဝိတ်ကျသွားသည်နှင့် အလွန်အင်မတန် လှပချောမောလာသည်။
ချင်းယွီ ဝနေရခြင်းအကြောင်းမှာ သူ၏ကျန်းမာရေးကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမသည်သူမသားလေး ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်နေသည်။
သို့သော် ယခုလို ပိန်လာသောကြောင့် ဝတ်သမျှအဝတ်အစားတိုင်းနှင့်လိုက်ဖက်နေသည်ကို မြင်ရသောအခါလည်း သူမဝမ်းသာမိသည်။
“ဒီလိုဆို ငါ့သားလေး အနိုင်ကျင့်ခံရမှာမဟုတ်တော့ဘူး”
တနင်္ဂနွေနေ့သို့ရောက်သောအခါ ချင်းယွီ ရှုံသာ့ နှင့်ရှုံအယ်တို့ မြောင်မြောင်အိမ် သို့ ရောက်လာကြသည်။ မြောင်မြောင်သည်တစ်ပတ်လျှင် ချင်းယွီနှင့် ခြောက်ကြိမ်တွေ့ရသည်။ သို့သော် ရှုံသာ့တို့မှာချင်းယွီနှင့်တစ်ပတ်တစ်ခါတောင် မတွေ့ဖြစ်ပေ။အကြောင်းမှာအတန်းမတူသည့်အပြင် အကတိုက်ရာတွင်လည်း နေရာခွဲတိုက်ကြရခြင်းကြောင့်ဖြစ်သည်။
“ချင်းယွီ တကယ်ကို ပိန်သွားတာပဲတော်လိုက်တာ”
“ဟုတ်တယ် မေမေပြောတာတော့ ဝိတ်ချဖို့ကအရမ်းခက်တာတဲ့ ခုတော့ ချင်းယွီက ဝိတ်အများကြီးကိုခဏလေးနဲ့ချလိုက်နိုင်တယ်”
ချင်းယွီလည်း ရှက်ရွံ့စွာခေါင်းကုပ်လိုက်ပြီး “ဟုတ်လား တော်သေးတာပေါ့ အစကတော့ငါ
ဝိတ်ကျတာနှေးတယ်ကွ နောက်ပိုင်းကျမြန်လာတာ” ဟု ပြန်ဖြေလိုက်သည်။
“မြောင်မြောင် ငါဒီထက်ပိုပိန်ရင်လှမှာလား?”
မြောင်မြောင်(ခေါင်းယမ်းလျက်) : “ဒီထက်တော့မချနဲ့တော့လေ လူဆိုတာအသားလေးလည်းရှိမှ ချစ်စရာကောင်းတာ”
ထိုစကားအား ချင်းယွီခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
တနင်္လာနေ့မနက်တွင် ချင်းယွီသည် အသစ်ဝယ်ထားသောဆောင်းဦးဝတ်စုံကိုဝတ်ကာ ကျောင်းသို့လာခဲ့သည်။
ချင်းယွီကျောင်းဝန်းထဲဝင်လာချိန်တွင် ကောင်မလေးအတော်များများ သူ့အားကြည့်နေသည်ကိုခံစားရသောကြောင့်မသက်မသာဖြစ်ကာအခန်းထဲသို့ဝင်လာခဲ့သည်။ အတန်းဖော်များကလည်း ချင်းယွီဤသို့ပြောင်းလဲလာသည်ကို မယုံနိုင်အောင်ဖြစ်လာရသည်။ ထိုအထဲတွင် ကျူလန်ကထိပ်ဆုံးကပင်ဖြစ်သည်။ ကျူလန်သည်ကျူဖူ၏ တစ်လသာကြီးသော ဝမ်းကွဲညီအမဖြစ်သည်။
ကျူလန်သည် မြောင်မြောင်ကျောင်းပြောင်းမလာခင် အလှဆုံးနဲ့အတော်ဆုံး queen ဖြစ်ခဲ့သည်။သို့သော် မြောင်မြောင်ရောက်လာသောအခါ ဆရာမများက သူမကို အလေးမထားကြတော့ပေ။
ယခုသူမသည် ချင်းယွီအား ခင်မင်ချင်သွားသည်။ မြောင်မြောင့်ဆီကနေလည်း လုယူချင်နေသောကြောင့် ချိုချဉ်တစ်လုံးအားယူကာ ချင်းယွီဆီသို့သွားပေးရန် ဆုံးဖြတ်လိုက်သည်။ ချင်းယွီနေရာသို့ရောက်သောအခါ မြောင်မြောင်တစ်ယောက်ပဲပေါင်မုန့်အား ပလုတ်ပလောင်းစားနေသည်ကိုတွေ့လိုက်ရသည်။
“မြောင်မြောင် မောနင်း”
“အေး မောနင်း…. ငါ့မေမေက ဒီနေ့မနက်ဘာမှချက်မထားလို့လေ ငါမနက်စာဝယ်စားခဲ့တာ ကားပေါ်မှာစားတာမကုန်လို့ ဒီထိယူလာလိုက်တာ”
“အေးပါ ဖြေးဖြေးစားနော်”
ထိုအချိန်တွင် ကျူလန်က ချိုချဉ်လေးကိုင်ကာချင်းယွီဆီသို့ လျှောက်လာသည်။
ထို့နောက်လက်လေးကို လှမ်းကာ
“ချင်းယွီရော့ သကြားလုံးကြိုက်တယ်မလား?”
ချင်းယွီ : “ငါသကြားလုံးစားလို့မရဘူး”
ထိုစကားကိုကြားသောအခါ ရှက်ရွံ့သွားသော ကျူလန်သည် မြောင်မြောင့်အားကြည့်ကာ ဟွန်း ဟု ပြောလိုက်ပြီးလှည့်ပြေးသွားသည်။
မြောင်မြောင် : “ဘာလို့ ငါ့ကိုမကျေနပ်တဲ့ပုံစံ ပြသွားတာလဲဟ”
“ဟဲ့ ပိန်းဥ နင်ဘာလို့ သူပေးတဲ့သကြားလုံးကို မယူလိုက်တာလဲ?”
ချင်းယွီ : “ ငါ့အမေကပြောထားတယ် ကို့သူငယ်ချင်း မဟုတ်တဲ့သူကကျွေးတာတွေ မစားရဘူးတဲ့”
မြောင်မြောင် : “ဒါဆို ငါပေးတာဆိုရင်ရော”
ချင်းယွီ : “နင်ပေးတာတော့ ဘာမဆိုစားရမှာပေါ့”
သည်လိုနှင့် နောက်တရက်တွင် ကျူလန်သည်ပေါင်မုန့်ထုပ်လေးယူလာကာပေးပြန်သည်။ချင်းယွီကလည်း ငြင်းသည်။
ထို့နောက် ရေသန့်တစ်ဘူးပေးသည်။ အငြင်းခံရပြန်သည်။ ထိုအခါ ကျူလန်သည်စိတ်တိုလာကာ
“ချင်းယွီ နင်က ငါပေးတာမလို့ မယူတာလား?”
ဟု စိတ်ဆိုးမာန်ဆိုး မေးလိုက်သည်။
“ဟုတ်တယ်လေ နင်ကအခုမှသိတာလား?"
ဟု ချင်းယွီတစ်ယောက် ချက်ချင်းပြန်ပြောလိုက်သည်။
ထိုအခါ ကျူလန်သည် ငိုယိုကာထွက်ပြေးသွားတော့သည်။ တခြားမိန်းကလေးများ မုန့်များလာပေးလျှင်လည်း ချင်းယွီက တည့်တိုး မလိုချင်ဘူးဟုပြောကာ ငြင်းဆန်မြဲဖြစ်သည်။
ထိုအခါ ကျောင်းသူများ၏မိဘများက သူတို့သမီးလေးအားငိုအောင်လုပ်သည်ဟုပြောကာ ချင်းယွီမိဘတွေအား ရုံးခန်းသို့ဆင့်ခေါ်ခဲ့သည်။
ရှချန်းရှီ : “သား သူများပေးတာကို ဘာလို့ကြမ်းကြမ်းတမ်းတမ်းကြီး ငြင်းရတာလဲကွယ်”
ချင်းယွီ : “မေမေပဲ သူငယ်ချင်းမဟုတ်တဲ့သူပေးတာမယူရဘူးဆို”
ရှချန်းရှီ : “.......”
တကယ်တော့ ချင်းယွီသည် နေမကောင်းဖြစ်ခဲ့သောကြောင့် ကိုယ်အလေးချိန်မှာထိန်းမရပဲ ဝခဲ့ခြင်းဖြစ်သည်။ ယခုမူ မျက်နှာအသွင်အပြင်ကအစချောမောလာ၍ ရှချန်းရှီတစ်ယောက် ပျော်မိသလိုစိုးရိမ်မိသလိုရှိလာခဲ့သည်။
နောက်တစ်နေ့တွင် အကတိုက်ရမည်ဖြစ်သောကြောင့် မြောင်မြောင်နှင့်ချင်းယွီတို့ အပြင်ထွက်ကစားဖို့ပြင်နေစဉ် အတန်းပိုင်ဆရာဟူမှ လှမ်းခေါ်လိုက်သည်။
“ဆရာမပြောချင်တာက အခု ချင်းယွီလဲပိန်သွားပြီဆိုတော့ သူ့အင်္ကျီဆိုဒ်ဆရာမတို့မှာရှိပြီလေ ဒီတော့ သမီးတို့ အဖွဲ့ထဲပြန်ပါလို့ရပြီ”
ချင်းယွီမှာမြောင်မြောင်နှင့်သာကချင်သောကြောင့်မြောင်မြောင်ဆရာမပြောသည်ကိုလက်ခံလိုက်မလားဟု ကြောက်ရွံ့နေသည်။
မြောင်မြောင် : “ဆရာမပဲ ချင်းယွီကိုမရွေးလို့ သမီးကသူနဲ့အတူ သက်သက်ကမလို့တောင် လေ့ကျင့်ပြီးပြီ”
ဆရာမဟူ : “ဟမ် လေ့ကျင့်ပြီးပြီဟုတ်လား??”
“ဒါပေမဲ့ အစီအစဉ်တွေအားလုံးက နေရာတကျဖြစ်ပြီလေ သမီးတို့က ဘယ်အချိန်မှာဘယ်လိုသွားကမှာလဲ?”
မြောင်မြောင် : “အားလုံးရဲ့ performance တွေပြီးမှ သမီးတို့ကမှာပါ”
“ဘယ်သူမှမကြည့်တောင် သမီးတို့မိဘတွေလာကြည့်မှာဆိုတော့အဆင်ပြေပါတယ် ဆရာမ”
“ဒါဆို သမီးတို့သွားကစားတော့မယ်နော်”
ဆရာမဟူ : “ဒီကလေးတွေတော့ သီချင်းဖွင့်ပေးမဲ့သူမရှိရင် ဘယ်လိုလုပ်ကလို့ရမှာလဲ တုံးလိုက်ကြတာ”
မြောင်မြောင်သည် ယခင်က ဆရာဆရာမစကားများကိုတစ်သွေမသိမ်းလိုက်နာသော်လည်း ချင်းယွီကိစ္စနှင့်ပတ်သက်လျှင်အမြဲတမ်း ဆိုးသွမ်းသွားတတ်သည်ကို ဆရာမဟူသတိပြုမိသည်။
“လူချမ်းသာ သားသမီးတွေကတော့အမြဲတမ်းအဆန်းထွင်လိုက်ရမှ……”
မြောင်မြောင်သည် ကစားကွင်းသို့ရောက်သောအခါ စိတ်တိုစွာပြောလိုက်သည်။
“ငါအရင်က ဆရာမဟူကိုအရမ်းသဘောကျတာ အခုတော့တော်တော်မုန်းသွားပြီ”
“အရင်ကကျ နင့်ကိုဝလို့ဆိုပြီး ထုတ်ပစ်တယ် အခုကျပါခိုင်းပြန်ပြီ သူပဲပြောတော့ အကုန်လုံးကိုမျှမျှ
တတ ဆက်ဆံတယ်ဆိုပြီး မဟုတ်တာတွေလျှောက်ပြောနေတာပဲ!!!”
ချင်းယွီ : “စိတ်လျှော့ပါ မြောင်မြောင်ရယ်”
“ငါတို့ performance ကို သေချာပြင်ဆင်လေ့ကျင့်ထားတာပဲ ငါတို့ကဖျော်ဖြေသမျှထဲအကောင်းဆုံးဖြစ်နေမှာ”
မြောင်မြောင် : “ဟုတ်တယ် ငါတို့ကအတော်ဆုံးပဲ”
ဘွဲ့ယူအခမ်းအနားသည် မေလတွင်ကျင်းပမည်ဖြစ်ပြီး ဇွန်လတွင်မှသာ တရားဝင်ကျောင်းပြီးမည်ဖြစ်သည်။
ထို့နောက် ကျောင်းပိတ်ရက်တွင် လေးယောက်သားမြောင်မြောင်အိမ်တွင်စုကြကာ အကလေ့ကျင့်ကြသည်။ ယခုမူ ဆရာမအားခေါ်စရာမလိုတော့ပဲ ကိုယ်တိုင်လေ့ကျင့်ကြရမည်ဖြစ်သည်။
မြောင်မြောင် : “ငါကတော့စကတ်လှလှလေးဝတ်ချင်တယ် ရှုံအယ် နင်ရော”
ရှုံအယ် : “ရှောင်ကူးကူး ကြိုက်တာ ဝတ်မယ်လေ ရှောင်ကူးကူးကြိုက်တာဆို သားလည်းကြိုက်ပြီးသားပဲ”
ရှုံအယ်သည် မြောင်မြောင်သဘောကျသည့် ချစ်စရာအရောင်နှင့်အင်္ကျီကလေးများအား
အလွန်သဘောကျသူဖြစ်သောကြောင့် ယခု မြောင်မြောင်နှင့် ဆင်တူဝတ်ရမည်ကို စိတ်လှုပ်ရှားနေသည်။
“ဒါဆို ငါမေမေ့ဆီကပိုက်ဆံတောင်းပြီး လိုက်ဝယ်ခိုင်းရမယ်”
ထို့နောက် မြောင်မြောင်သည် ဖူ့ရုံဆီသွားကာ ပွဲတက်ဝတ်စုံဆိုင်သို့ ခေါ်သွားခိုင်းသည်။
ဆိုင်သို့ရောက်သောအခါ မြောင်မြောင်သည်
လှပပြီးချစ်စရာကောင်းသည့်စကတ်တိုလေးနှစ်ထည်အားအရောင်ကွဲရွေးလိုက်သည်။
ဖူ့ရုံသည် သမီးဖြစ်သူအတွက်ပင် စကတ်နှစ်ထည်