Chapter - 67
စာမေးပွဲပြီး၍ အိမ်သို့ပြန်လာသောအခါ ချင်းယွီသည် မြောင်မြောင့်မိဘများအား သွားရောက် မိတ်ဆက်ချင်နေသည်။
ထိုမှသာ သူတို့ လွတ်လွတ်လပ်လပ် တွေ့ရမည်ဖြစ်သောကြောင့်ဖြစ်သည်။
သို့သော် မြောင်မြောင်မှာမူ ရှက်ရွံ့နေသောကြောင့် တရားဝင် မိတ်မဆက်ချင်သေးပေ။
ထို့ကြောင့် သူမတို့သည် ဒိတ်သောအခါ ညအချိန်မှသာ ဒိတ်ကြသည်။
မြောင်မြောင်သည် ယခုရက်ပိုင်းတွင် အသားများပိုမိုကျစ်လာပြီး ပိန်သယောင်ဖြစ်လာသည်။ ထို့ပြင်
အစားလည်း သေချာမစားသောကြောင့် ပါးဖောင်းဖောင်းလေးမှာ ပျောက်ကွယ်လုနီးပါးပင်။
တစ်ညနေတွင် သူမတို့ အတူတူရုပ်ရှင်သွားကြည့်ကြသည်။ ရုပ်ရှင်ကြည့်နေရင်း မြောင်မြောင်သည် သူမအကြိုက် ပေါက်ပေါက်များအား ဖြေးဖြေးချင်း စားနေသည်။
ရုပ်ရှင်ပြီးသွားသောအခါ ချင်းယွီကသူမအား အသားကင်ဆိုင်သို့ ခေါ်သွားသည်။
မြောင်မြောင်သည် အသားကင်အနည်းငယ်စားပြီးနောက် ဗိုက်ကိုပုတ်ကာ "ငါဒီနေ့ စားတာများသွားပြီ ဝိတ်တော့တက်လာတော့မယ် ထင်တယ်" ဟုပြောသည်။
ချင်းယွီ : "ဝိတ်မလျှော့ပါနဲ့ မြောင်မြောင်ရယ် ဝဝကစ်ကစ်လေးမှ ချစ်စရာကောင်းတာ"
မြောင်မြောင် : "ဒါဆို နင်က ဝမှကြိုက်တာလား?? ဝမှ ဖက်လို့ကောင်းလို့လား?"
ချင်းယွီ : "အင်း.. အသားများရင်တော့ ပိုကိုင်လို့ကောင်းတာပေါ့ မြောင်မြောင်ရဲ့"
ထို့နောက် မြောင်မြောင်သည် သူမကောင်လေး၏ အထိအတွေ့များအား လွမ်းဆွတ်နေတော့သည်။
ယခုဆိုလျှင် သူမတို့အနေချင်းမနီးရသည်မှာ တစ်လကျော်ကြာနေပြီ။ သူမသည် ချင်းယွီ၏ရင်ဘတ်ကြွက်သားများအားလွမ်းနေလေပြီ။