Chapter - 21
ထိုသို့ပြောနေချိန်တွင် Little Star မူကြိုကျောင်းရှိအထိုင်ဖုန်းသို့ ဖုန်းတစ်ကောလ်ဝင်လာခဲ့သည်။
ကျောင်းအုပ်ဆရာကြီး : “ဟုတ်ကဲ့ LittleStar မူကြိုကျောင်းကပါ”
“ဪ ဟုတ်ကဲ့ဗျ သိပါတယ်ဗျ သိပါတယ် ဟုတ်ကဲ့စိတ်တိုင်းကျဖြစ်စေရပါမယ်နော် သာယာတဲ့နေ့လေးပိုင်ဆိုင်ပါစေဗျာ”
ထိုသို့ပြောကာဖုန်းချလိုက်ပြီး ဆရာမဟူဘက်သို့လှည့်ကာ
"ဆရာမဟူ ခင်ဗျားအတန်းမှာ ဝိန်မြောင်မြောင်ဆိုတဲ့ ကလေးမလေးရှိတယ်မလား?? သူက သက်သက်ဖျော်ဖြေဖို့ ပြောထားဖူးတယ်ဆို!!”ဟုမေးလိုက်သည်။
ဆရာမဟူ : “ဟုတ်…ဟုတ်ပါတယ်”
ကျောင်းအုပ်ဆရာကြီး : “သူတို့အဖွဲ့ကိုအစီအစဉ်နောက်ဆုံးမှာ ဖျော်ဖြေခိုင်းလိုက် ကြားလား?”
ဆရာမဟူ : “ဆရာကြီး ကျွန်မတို့အစီအစဉ်ကိုအသေအချာ ဆုံးဖြတ်စီစဉ်ပြီးသွားပြီလေ”
ကျောင်းအုပ်ဆရာကြီး : “အဲ့တော့ဘာဖြစ်လဲ?? နောက်ဆုံးမှာထည့်တာပဲ ဘာမှအလုပ်ပိုစရာမှမရှိတာ ကြားထဲမှာ ကလေးတွေကို ဒီအစီအစဉ်ကြေညာဖို့ပြောလိုက်ပေါ့”
ဆရာမဟူ : “ဆရာကြီး… ဒီလိုကိစ္စကို ဟိုဘက်ကဖုန်းတစ်ချက်ဆက်ရုံနဲ့ လက်ခံလိုက်လို့မရဘူးလေ”
ကျောင်းအုပ်ဆရာကြီး : “ငါကဒီမှာအကြီးဆုံးနော် ငါပြောသလိုသာလုပ်လိုက်စမ်းပါ”
ထိုစကားကြောင့် ဆရာမဟူ ရုတ်တရက်တိတ်ဆိတ်သွားကာ စိတ်ထဲတွင် ခါးသီးမှုကိုခံစားသွားရသည်။
ကျောင်းအုပ်ဆရာကြီး : “ငါပြောနေတာမကြားဘူးလား????”
ထိုအခါ ဆရာမကျူ ဆရာမဟူအား အသိစိတ်ပြန်ဝင်လာစေရန် လက်တို့လိုက်ရသည်။
ဆရာမဟူ : “ဟုတ်ကဲ့ပါ ဆရာကြီး”
ဆရာမဟူ စိတ်ထဲတွင် ထိုကလေးများအား ဖျော်ဖြေခွင့်မရစေပဲ နောင်တရစေမည်ဟု တေးထားသော်လည်း ယခုလိုဖြစ်သော အခါ သူမ မကျေမနပ်ဖြစ်နေသည်။
သို့သော် သူမဘာမှလုပ်လို့မရပေ။ မြောင်မြောင်မှာမူ ဘာမှမသိပဲ ပျော်ရွှင်စွာကျောင်းလာခဲ့သည်။ ဆရာမဟူသည် သူတို့အတန်းတွင် သင်္ချာသင်ပေးသူဖြစ်သည်။
ဒီကနေ့မနက်ပိုင်းတွင် တိုက်ဆိုင်စွာဆရာမဟူကပထမဆုံးအချိန်တွင် အတန်းဝင်သည်။ ဆရာမဟူသည် စာများကိုရှင်းပြနေသော်လည်း တခြားကျောင်းသားကျောင်းသူများကို အာရုံမထားပဲ မြောင်မြောင့်ကိုသာ မျက်စိဒေါက်ထောက်ကြည့်နေသည်။
မြောင်မြောင်သည် အိတ်ထဲတွင် ခဲတံဘူးရှာမတွေ့သောကြောင့် ချင်းယွီဆီမှခဲတံတစ်ချောင်း ငှားလိုက်ရသည်။ ချင်းယွီ၏ခဲတံဘူးမှာ အဆင့် ၃ ဆင့်ပါပြီး ပထမတစ်ဆင့်တွင် ခဲတံများ၊ ဒုတိယတစ်ဆင့်တွင်ခဲဖျက်များနှင့် တတိယအဆင့်တွင်ချွန်စက်များထည့်ထားသည်။
ဤကဲ့သို့ မြောင်မြောင်သည် စာချရေးရန် ခဲတံဘူးရှာနေချိန်တွင် အခွင့်အရေးကိုရှာနေသော ဆရာမဟူတစ်ယောက် ချက်ချင်းမြောင်မြောင့်နာမည်ကိုခေါ်လိုက်သည်။
“မြောင်မြောင် ရှေ့မှာဆရာမက စာသင်နေတာကို ဘာလုပ်နေတာလဲ??”
“ခုနကဆရာမမေးသွားတာ ဘာလဲသိလား?”
မြောင်မြောင် : “.......”
ထိုအခါ ချင်းယွီက ခပ်တိုးတိုး “8-6”ဟု ပြောလိုက်သည်။
မြောင်မြောင် : “8-6 ပါဆရာမ”
ဆရာမဟူ(မျက်နှာတည်ဖြင့်) : “ဒါဆို အဖြေကိုပြောပါဦး”
မြောင်မြောင်သည် လက်ချောင်းခြေချောင်းအား မရိပ်မိအောင်သုံးကာ တွက်လိုက်ပြီးမှ “2 ပါဆရာမ” ဟုဖြေလိုက်သည်။
မြောင်မြောင်သည် အေးစက်စက် ဆရာမဟူ ၏အမူအရာများကိုကြည့်ကာ ထူးဆန်းနေသည်။
“ဆရာမဟူ ဒီနေ့ ဘာလို့ဒီလောက်တောင် အေးစက်နေတာပါလိမ့်??”
ထိုအတွေးကို ချင်းယွီလည်း အတူတူတွေးမိသည်။
“ဆရာမဟူ ဒီနေ့ စိတ်မကြည်လို့များလား??”
ထို့နောက် အချိန်ပြီးသောအခါ မြောင်မြောင်သည် ချင်းယွီအားရင်ဖွင့်တော့သည်။
“ပိန်းဥ ဒီနေ့ဆရာမဟူက ဘာဖြစ်နေတာလဲ?? ငါ့ကိုပြောသွားတာတမျိုးကြီးပဲ ကြောက်စရာကြီး”
ချင်းယွီ : “ဟုတ်တယ် ငါလည်းအဲ့လိုထင်တယ် ကြည့်ရတာ ဆရာမက စိတ်မကြည်ဖြစ်နေလို့ထင်တယ်”
မြောင်မြောင် : “မဟုတ်လောက်ဘူး ဆရာမကနားနေခန်းထဲမှာ ရယ်မောနေတာ ငါမြင်လိုက်တယ်”
ချင်းယွီ : “ဒါနဲ့ ငါတို့ ဘောလုံးဂိမ်းကစားကြမလား?”
မြောင်မြောင် : “အင်း ကစားကြမယ်လေ”
ထိုဂိမ်းမှာစာရွက်ပေါ်ရှိ ဘောလုံးလေးအားအကွေ့အကောက် လမ်းကြောင်းများကိုကျော်ဖြတ်ပြီး ဂိုးပေါက်ထဲရောက် ရန်သွင်းရခြင်းဖြစ်သည်။
ထိုဂိမ်းသည် ခက်ခဲသောကြောင့် နှစ်ဦးသားအာရုံစိုက်ကာ ဆော့နေသည်။ နေ့လယ်ထမင်းစာ
ခေါင်းလောင်းထိုးမှ ကန်တင်းဘက်သို့ ထလာကြသည်။
ယခင်က မြောင်မြောင်သည် ကန်တင်းသို့အပြေးသွားတတ်သော်လည်း ယခုမူ ချင်းယွီနှင့်သွားနေကျမို့ တည်တည်ငြိမ်ငြိမ်ဖြစ်လာသည်။
လမ်းလျှောက်လာစဉ်တွင် ကျူဖူတစ်ယောက်မျက်နှာငယ်လေးနှင့် မြောင်မြောင့်လက်လေးအားလာကိုင်သည်။
“မြောင်မြောင် ဒီနေ့လေ ငါ့ကိုဆရာမက သင်္ချာညံ့လို့ဆိုပြီး အကုန်လုံးရှေ့မှာတုံးတယ်လို့ ဆူတယ်”
“ငါ တကယ်တုံးတာလားဟင်?”
မြောင်မြောင့်စိတ်ထဲတွင်
“ဟုတ်တယ် နင်က နည်းနည်းတုံးတယ်”
ဟု ဖြေချင်စိတ်ကိုထိန်းကာ
“မဟုတ်ပါဘူးဟာ ငါ့ကိုလည်း ဒီနေ့ဆရာမစာသေချာနားမထောင်လို့ဆိုပြီး စကားကိုကြောက်စရာကောင်းအောင်ပြောသွားတယ်”
ဟု နှစ်သိမ့်ပေးလိုက်သည်။
ကျူဖူ : “ဒါဆို ငါက မတုံးဘူးပေါ့နော်”
မြောင်မြောင် : “မတုံးပါဘူးဟ”
ကျူဖူ : “ချင်းယွီ နင်ရောဘယ်လိုထင်လဲဟင်?”
ထိုအခါမှ ကျူဖူ စိတ်သက်သာရာရသွားသည်။
မြောင်မြောင် : “ငါတို့ ထမင်းသွားစားမလို့ နင်လည်းလိုက်ခဲ့လေ”
ထိုအခါ ချင်းယွီ စိတ်မကောင်းဖြစ်သွားသည်။ ကျူဖူရောက်လာသောကြောင့် သူ့အား လျစ်လျူ
ရှုသလို ခံစားရသောကြောင့်ဖြစ်သည်။ ထမင်းစားနေရင်း ကျူဖူက မြောင်မြောင့်အားမေးလိုက်သည်။
“မြောင်မြောင် နင်ဘာလို့ချင်းယွီကို ပိန်းဥလို့ ခေါ်တာလဲဟင်?”
မြောင်မြောင် : “အော် အဲဒါလား ငါသူ့ကိုနာမည်ပြောင်ပေးထားတာလေ ချစ်ဖို့ကောင်းလိူ့”
ချင်းယွီသည်လျင်မြန်စွာပင်
“မရဘူးလေဒါက မြောင်မြောင်တစ်ယောက်ပဲခေါ်တာ နင် ငါ့ကို ချင်းယွီလို့ပဲခေါ်လေ”
“ဟုတ်တယ် ငါတို့က အတူတူထိုင်တဲ့သူတွေမလို့ ခေါ်လို့ရတာ”
“နင်လည်း နာမည်ပြောင်ခေါ်ချင်ရင် နင်နဲ့တူတူထိုင်တဲ့သူကို နာမည်ပြောင်ပေးလိုက်လေ”
မြောင်မြောင်တို့ ထမင်းစားပြီးသောအခါ ကျူဖူသည် သူငယ်ချင်းဆီသို့သွားကာ မြောင်မြောင်တို့က အိပ်ရန်နေရာသို့ရောက်လာသည်။ ထို့နောက် အိပ်စင်တွင် စကားပြောနေကြသေးသည်။
“ပိန်းဥ ဒီနေ့ ဆရာမဟူက သိပ်အခြေအနေမကောင်းဘူးထင်တယ်နော် သူဒီနေ့ထူးဆန်းနေတယ်လို့ မထင်ဘူးလား?”
ချင်းယွီ : “ဟုတ်တယ် ငါလည်းအဲ့လိုထင်တယ်”
မြောင်မြောင် : “ဟုတ်တယ် ငါလည်း နားမလည်တော့ဘူး အိမ်ရောက်မှအမေ့ကို မေးကြည့်ရမယ်”
ချင်းယွီ : “အေး အဲ့ဒါကောင်းတယ်”
ထို့နေ့ညတွင် မြောင်မြောင်သည် ဖူ့ရုံအားဖြစ်သမျှအကြောင်းများအားပြောပြနေသည်။
ထိုစကားများကို ကြားသောအခါ ဖူ့ရုံဒေါသတွေ ထွက်လာသည်။ မူကြိုအရွယ်ကလေးတစ်ယောက်ကစာအမြဲတမ်းစိတ်မဝင်စားနေနိုင်ခြင်းအား ထိုဆရာမ မသိဘူးလားဟုအပြစ်တင်မိသည်။
ထိုဆရာမကြောင့် သူမကလေးစိတ်ဒဏ်ရာရသွားနိုင်သည်။ နောက်တစ်ခါဆိုလျှင် သူမကောင်းကောင်းတုံ့ပြန်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။
ဖူ့ရုံ : “သမီးရယ် စိတ်ထဲမထားပါနဲ့ ဆရာမကသူ့အိမ်မှာပြဿနာတစ်ခုခုရှိလို့နေမှာပါ”
ဖူ့ရုံ သမီးလေးအား စိတ်မညစ်စေရန် ဖာထေးကာပြောလိုက်သည်။
မြောင်မြောင်သည် ချင်းယွီကိစ္စမှလွဲ၍ ဆရာမဟူအားသဘောကျသည်။ ထို့ကြောင့်နောက်နေ့တွင်ဆရာမဟူအား ဘာကူညီပေးရမလဲဟု သွားမေးရန်ဆုံးဖြတ်လိုက်သည်။
သို့သော်နောက်တစ်နေ့မနက် မြောင်မြောင်အတန်းထဲတွင် ဆရာမဟူအားစောင့်နေချိန် ဆရာမကျူကအတန်းသို့ဝင်လာခဲ့သည်။
ဆရာမကျူ : “ကလေးတို့ရေ ဒီနေ့ဆရာမက ကလေးတို့အတန်းမှာ သင်္ချာသင်ပေးမယ်နော်”
“ကလေးတို့ဆရာမဟူက အိမ်မှာကိစ္စလေးရှိနေလို့ရယ်”
ထိုအခါ မြောင်မြောင်သည် သူမအမေပြောတာမှန်ပါ့လားဟု တွေးနေမိသည်။
ဆရာမကျူသည် ကြင်နာတတ်ကာ စကားပြောကောင်းသောကြောင့် စာမလိုက်နိုင်သော ကလေးများပင် စာအားသေချာလိုက်ကြည့်လာကြသည်။
ဆရာမကျူအား ကလေးများက ပိုမိုသဘောကျကြသည်။ သည်လိုနှင့် ဘွဲ့ယူအခမ်းအနားသို့ ရောက်လာခဲ့သည်။ ထိုပွဲတွင် အတန်းပေါင်းစုံမှကလေးများသည် ဖျော်ဖြေမှုအစုံဖြင့် ဖျော်ဖြေကြသည်။မြောင်မြောင်တို့ဖျော်ဖြေမှုမှာ နောက်ဆုံးအစီအစဉ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှုံသာ့ နှင့် ရှုံအယ်တို့သည် အတန်းနှင့်အတူသီချင်းဆိုကြရဦးမည်ဖြစ်သည်။
မြောင်မြောင့် ၏ဆံပင်ပုံစံမှာလှပကာ သူမ ၏ပါးနှစ်ဖက်မှာလည်းနီစွေးလှပနေသည်။ ဖူ့ရုံသည် ကလေးအား မိတ်ကပ်မလိမ်းစေပဲ သာမန် skincare လောက်သာလိမ်းပေးထားပြီး နှုတ်ခမ်းနီလေးဆိုးပေးထားသည်။
မြောင်မြောင် ပြင်ဆင်ပြီးထွက်လာသောအခါ ချင်းယွီသည် မြောင်မြောင့် ၏ပါးကိုဆွဲချင်လွန်းသောကြောင့် လက်များယားယံလာသည်။
“မြောင်မြောင်က အရမ်းကို ချစ်ဖို့ကောင်းတာပဲ…….”
ယနေ့ပွဲအား ဝိန်ဖုချိန်နှင့်အတူ ဝိန်ဖန်ချူး ကျန်းဖန်ဖန်တို့လည်းပါလာသည်။
ထို့နောက် ဝိန်မိသားစု ဖျော်ဖြေမှုများကြည့်နေကြရင်း ရှုံသာ့တို့အတန်းလိုက်ဖျော်ဖြေမှု ပြီးသွားလေပြီ။
ထို့ကြောင့် ရှုံအယ်သည် အဝတ်အစားခပ်မြန်မြန်လဲလိုက်သည်။ ထို့နောက် မြောင်မြောင်မုန့်ဖိုးစုကာဝယ်ထားသော ဆံပင်တုအား ရှုံအယ်ခေါင်းပေါ်သို့တပ်ပေးရန် မိတ်ကပ်ဆရာမအား အကူအညီတောင်းလိုက်သည်။
ရှုံ့အယ်တစ်ယောက် ချစ်စရာကောင်းသောကောင်မလေးအသွင်ဖြင့် အခန်းထဲမှ ထွက်လာသည်။
ချင်းယွီပင် သူ့အားမမှတ်မိနိုင်ပေ။
ကလေးများစင်နောက်တွင် စိတ်လှုပ်ရှားစွာ စောင့်နေကြသည်။ သို့သော် ဖျော်ဖြေမှုအားလုံး အဆုံးသတ်နေပြီဖြစ်သည်။
မြောင်မြောင် : “ဘယ်လိုဖြစ်တာလဲ ငါတို့ မကရတော့ဘူးလား??”
မြောင်မြောင်သည် ဤဖျော်ဖြေမှုအား စိတ်အားထည့်ထားသောကြောင့် စိတ်မကောင်းဖြစ်နေသည်။ထိုအချိန်တွင် စီနီယာများကိုယ်စားပြုအစီအစဉ်တင်ဆက်သူနှစ်ယောက်ထွက်လာကာစတင်ကြေညာသည်။
“ဒီနေ့ ကျွန်တော်တို့အတွက် ဂျုနီယာလေးတွေကဖျော်ဖြေမှုတစ်ခုပြင်ဆင်ထားတယ်လို့ သိရပါတယ်ဗျာ”
“ဟုတ်ပါတယ်ရှင် ဒီတော့ ကျွန်မတို့နဲ့အတူတူကြည့်ရှုသူ မိဘများလည်းလိုက်ပါ ခံစားကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေရှင်”
ထိုစကားကိုကြားသောအခါ သူမပိုပြီးစိတ်လှုပ်ရှားလာသည်။
မြောင်မြောင် : “ဒါဆို ငါတို့ကိုကြည့်နေမှာက ၆ ယောက်တင်မဟုတ်ဘူးပေါ့ လူတွေအများကြီးငါတို့ကမှာကို ကြည့်နေကြမှာပေါ့နော် ပျော်စရာကြီး!!!!!”
(ဆက်ရန်)