Chapter - 57
ယောက်ျားတစ်ယောက်ရဲ့ပါးစပ်ဆိုတာ လှည့်စားတတ်လွန်းသည် မဟုတ်ပါလား??
ချင်းယွီ : "နင်ကလည်းဟာ ငါနင့်ကိုသဘောကျတယ်ဆိုတာ ဟုတ်ပါတယ် ဒါပေမဲ့ အဲ့ဒါကြောင့်တော့ လုံးဝမဟုတ်ပါဘူး"
မြောင်မြောင် : "ငါကတော့ နင့်ကို အပြည့်အဝမယုံနိုင်ဘူး အစကလည်း နင်ငါ့ကို ညာခဲ့တာကို"
ချင်းယွီ : "ဒါနဲ့ မြောင်မြောင် ငါတိို့ပိတ်ရက်ကျရုပ်ရှင်သွားကြည့်ကြမလား? ငါတို့နှစ်ယောက်တည်းလေ"
မြောင်မြောင် : "ဘာလို့ ငါတို့နှစ်ယောက်တည်းလဲ?? တခြားသူတွေရောခေါ်ခဲ့လေ"
ချင်းယွီ : "ရုပ်ရှင်ရုံထဲမှာက လူတွေအများကြီးရှိတာပဲ နင်ကလည်း ဘာစိတ်ပူစရာမှ မရှိတာပဲကို"
မြောင် မြောင် : "အေးပါ ဒါဆိုလည်းကြည့်မယ် ကြည့်ပြီးတာနဲ့တော့ တန်းပြန်ကြမယ်"
ချင်းယွီ : "ဟုတ်ကဲ့ပါဗျာ"
စနေနေ့မနက်တွင် သူမစားသောက်ပြီး ရေမိုးချိုးပြီးသောအခါ ချင်းယွီနှင့်သွားတွေ့ရန် အဝတ်အစားရွေးနေသည်။
သူမသည် ချင်းယွီနှင့်၂ယောက်တည်း အပြင်သွားရမည်ဖြစ်သောကြောင့် ဂါဝန်စကတ်လေးများအား မဝတ်ရဲတော့ပေ။ ထို့ကြောင့် သူမသည် ခေါင်းရှုပ်လာကာ မရွေးတတ်သောကြောင့် system မမအား ပြောလိုက်သည်။
"မမ မြောင်မြောင် ဘာဝတ်ရမလဲ အကြံပေးပါဦး"
systemမမ : "မြောင်မြောင်က ဂါဝန်လေးတွေ ဝတ်မသွားချင်ဘူးဆိုရင် ဘောင်းဘီအပွလေးဝတ်ရင်ရော??"
မြောင်မြောင်လည်း system မမစကားအတိုင်း ဘောင်းဘီအပွလေး ရှာလိုက်သည်။ ထို့နောက် ကိုယ်ကျပ် crop topလေးအား ဝတ်ကာ မှန်ထဲတွင် လှပနေကြောင်း အတည်ပြုလိုက်သည်။