Chapter - 71
နှစ်ကုန်သို့ရောက်သောအခါ မြောင်မြောင် ကိုယ်ဝန်ရခဲ့သည်။ ထို့ကြောင့် ဝိန်မိသားစုနှင့်ချင်းမိသားစုမှာအတိုင်းမသိ ဝမ်းသာပျော်ရွှင်နေကြသည်။
ထိုစဉ် ကျန်းဖန်ဖန်မှာ သားအကြီးဆုံးအတွက် စိုးရိမ်ရပြန်သည်။ ရှုံအယ် ရည်းစားရသွားသော်လည်း သားကြီးမှာ ခုထိ အသစ်မတွေ့သေးသောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူမသည် ရှုံသာ့အား ညနေစာ လာစားရန် ခေါ်လိုက်သည်။
သားနှစ်ယောက်ရှိရာ သူ့တစ်ယောက်တည်းကွက်ခေါ်သောကြောင့် ကိစ္စတစ်ခုခုရှိနေသည်ကို ရှုံသာ့ရိပ်မိသည်။
ကျန်းဖန်ဖန်သည် ထမင်းစားနေစဉ်တွင် သူ့သားအားဘာမှမပြောပေ။
စားပြီးနောက် "သား မင်း ကြင်ဖက် တွေ့ကြည့်မလား?" ဟု စိုးရိမ်စွာ မေးလိုက်သည်။
ရှုံသာ့ : "မေမေရယ် ကျွန်တော်က အခုမှအသက် ၂၆ နှစ်ပဲ ရှိသေးတာကို"
ကျန်းဖန်ဖန် : "မေမေတို့တုန်းက သားတို့ကိုတောင် မွေးနေပြီလေ"
"သား မင်း ဟိုကောင်မလေးကို မမေ့နိုင်သေးဘူးလား?? ခုဆို ၇ နှစ်တောင် ရှိတော့မယ်လေ သူ့လိုလူတိုင်းက ငွေမမက်ကြပါဘူး"
ရှုံသာ့ : "ဒါဆို မေမေ ကျွန်တော့်ကို ချစ်စရာကောင်းပြီး အသံကောင်းတဲ့ကောင်မလေးမျိုးနဲ့ ချိတ်ပေး"
"မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော့်ကို မိသားစုနောက်ခံကောင်းတဲ့သူနဲ့ပဲ ကြင်ဖက်တွေ့
ခိုင်းလိုက်တော့ ကျွန်တော့်အတွက် ရုပ်ရည်ကအရေးမကြီးပါဘူး ချစ်မှာမှ မဟုတ်တာ"
ကျန်းဖန်ဖန် : "မဟုတ်တာ သားရယ် သားက ပိုက်ဆံအတွက် မချစ်တဲ့သူနဲ့ ယူစရာမလိုပါဘူး"
သည်လိုနှင့် ရှုံသာ့ ကြင်ဖက် ၃ ယောက်နှင့်တွေ့သော်လည်း တစ်ယောက်ကိုမှ သဘောမကျပေ။