Chapter - 31
ထိုညနေ မြောင်မြောင် အိမ်ပြန်လာသောအခါ ဝိန်ဖုချိန်သည် ထူးထူးခြားခြား အိမ်ပြန်ရောက်နေပြီဖြစ်သည်။
ထို့ကြောင့် မြောင်မြောင် ထူးဆန်းစွာမေးလိုက်သည်။
“ဖေဖေ အစောကြီးပြန်ရောက်နေတာပါ့လား?? ဒီနေ့က ပိတ်ရက်မလို့လားဟင်?”
ဝိန်ဖုချိန် : “ဒီနေ့က ဖေဖေနဲ့မေမေလက်ထပ်တာ ၆ နှစ်ပြည့်တဲ့နှစ်ပတ်လည်နေ့လေ အဲ့တော့ ညစာထွက်စားဖို့ ဖေဖေကစောစောပြန်လာတာ”
မြောင်မြောင် : “ဟင်? နှစ်ပတ်လည်နေ့က အားလပ်ရက်ပဲလား?? မြောင်မြောင်တို့ကျောင်းကျဘာလို့ မပိတ်တာလဲဟင်??”
ဝိန်ဖုချိန် : “ဒါက မေမေနဲ့ဖေဖေ နှစ်ယောက်တည်းရဲ့ပိတ်ရက်ပေါ့”
“ကဲ …. မင်းသမီးလေး အဝတ်အစားသွားမလဲဘူးလား??”
မြောင်မြောင် : “လဲမှာပေါ့ လဲမှာ လဲမှာ”
မြောင်မြောင်သည် ဗီဒိုထဲကအဝတ်အစားများယူရန် ငယ်သေးသောကြောင့် ဖူ့ရုံကယူပေးရသည်။
မြောင်မြောင်တစ်ယောက် ပုလဲစီထားသောအညိုရောင်စကတ်လေးနှင့် ချစ်စရာကောင်းစွာလှပေနေသည်။
မိသားစု ၃ ယောက် ဘိုကင်ချိတ်ထားသောစားသောက်ဆိုင်သို့ရောက်သောအခါ မြောင်မြောင်က ကြက်တောင်ပံကြော်တာရိုစွပ်ပြုတ်နှင့် အာလူးကြော်အားမှာသည်။
ထို့နောက် ဖူ့ရုံဆီမှ ipad တောင်းကာ ရှုခင်းများအားဓာတ်ပုံရိုက်ပြီး ချင်းယွီထံပို့သည်။
“ပိန်းဥ ဒီဆိုင်ကအရမ်းကောင်းတယ် ငါကြိုက်တဲ့စားစရာတွေအကုန်ရှိတယ်သိလား??”
ထိုအခါ ချင်းယွီက သွားရည်ကျနေတဲ့ emoji လေးပြန်ပို့သည်။
“များများစားခဲ့နော်”
မြောင်မြောင်သည် ထိုသို့ emoji လေးများပို့တတ်ချင်သောကြောင့် မေမေ့ဆီမေးရန်စဉ်းစားသည်။
သို့သော် ထိုအချိန်တွင် ဝိန်ဖုချိန်သည် ဖူ့ရုံအားနှစ်ပတ်လည်လက်ဆောင်အဖြစ်
စိန်လည်ဆွဲလေးအား ကိုယ်တိုင်ဝတ်ပေးသည်။ထို့နောက် ပန်းစည်းလေးကိုပါပေးခဲ့သည်။
ဖူ့ရုံသည် လှပစွာပြုံးရင်း “ကြည့်ပါဦး လူကအဘိုးကြီးဖြစ်တော့မယ် လာရိုနေတယ်” ဟု ပြောလိုက်သည်။
ဝိန်ဖုချိန် : “ဘယ်ကအဖိုးကြီးလဲ?? ကိုယ်တော့ ကိုတို့လက်ထပ်တာမနေ့တနေ့ကပဲ ရှိသေးတယ်လို့ ထင်နေတာ”
မိဘနှစ်ဦး မျက်ရည်ဝဲကာပြုံးနေသည်ကို ကြည့်ရင်း မြောင်မြောင်ထူးဆန်းလာသည်။
“မေမေတို့ကပျော်နေတာလား??? ဝမ်းနည်းနေတာလား??”
ထို့နောက်သူမ စဉ်းစားမနေတော့ပဲ ချင်းယွီဆီစာပို့လိုက်သည်။
“နင်အခုပို့လိုက်တဲ့ emoji က ဘယ်လိုပို့ရတာလဲ??”
ချင်းယွီ : “ငါလည်း ဒီနေ့မှ ပို့နည်းသိတာ ပိတ်ရက်ကျနင့်ကိုသင်ပေးမယ်လေ”
ထိုအခါမှ မြောင်မြောင် စိတ်ချမ်းသာသွားသည်။
စနေနေ့မနက်တွင် ချင်းယွီသည် မြောင်မြောင့်အိမ်သို့ရောက်လာကာ emoji များမည်ကဲ့သို့ပို့ရမည်ကို သင်ပေးသည်။ ထိုအချိန်တွင် ရှုံသာ့ရှုံအယ်တို့
လည်း ရှိနေသောကြောင့် လေးယောက်သားခေါင်းချင်းဆိုင်နေကြသည်။
တနင်္ဂနွေနေ့တွင်မူ ချင်းယွီသည် မိဘများနှင့်အပြင်ထွက်ရမည်ဖြစ်သောကြောင့်
“မြောင်မြောင် ငါ ဒီနေ့လာလို့မရဘူးအိမ်က မိဘတွေနဲ့အပြင်သွားစရာရှိလို့”ဟု စာပို့လိုက်သည် ။
ထိုအခါ မြောင်မြောင်က စာရိုက်မနေတော့ပဲ
“သွားသွား” ဟုပါသော emoji လေးအား ပို့လိုက်သည်။
လေးယောက်မရှိသောကြောင့် chess ကစား၍မရသော မြောင်မြောင်တို့ ၃ ယောက်သည်တူတူပုန်းတမ်းကစားကြသည်။
ချင်းယွီမရှိသောအခါ မြောင်မြောင် အမြဲတမ်း ခွေးရူးကျကာ လိုက်ရှာရသည်။
ချင်းယွီသည် မြောင်မြောင့်အား တမင်အလျှော့ပေးသည်ကို မြောင်မြောင့်မှာမသိပဲ သူမ၏သူငယ်ချင်းလေးမှာ သူမ၏ကံကောင်းစေသော လက်ဆောင်လေးဟု ယုံကြည်နေသည်။
ထိုနေ့က တူတူပုန်းတမ်း ၈ ကြိမ်ဆော့သော်လည်း ၄ ကြိမ်မှာ မြောင်မြောင်ခွေးရူးကျသည်။
ထို့နောက် ကလေးများပင်ပန်းသဖြင့် နေ့လယ်တရေးတမောအိပ်ဖို့ပြင်သည်။
မြောင်မြောင်အိပ်ပျော်ခါနီးတွင် systemမမ မှရုတ်တရက် “မြောင်မြောင် မြောင်မြောင် ထဦး ဘိုးဘိုးရဲ့ကျန်းမာရေး % ကိုကြည့်လိုက် အခြေအနေမကောင်းဘူး တစ်ခုခုကနေ ပြုတ်ကျပြီး ခါးရိုးကျိုးမယ့်သဘောဖြစ်နေတယ်” ဟုရုန်းရင်းဆန်ခတ်သတိပေးသည်။
မြောင်မြောင် : “ဟင် ဟုတ်လား???”
ထို့နောက်မြောင်မြောင်သည် မိသားစု gpchat ထဲအား
“ဘိုးဘိုး ဘာလုပ်နေလဲ?? ဂရုစိုက်ဦးနော် လမ်းလျှောက်တာတွေဘာတွေ သေချာဂရုစိုက်နော်”ဟု စိတ်ပူစွာ ပြောလိုက်သည်။
တစ်မိနစ်ခွဲလောက်ကြာသောအခါ ဘိုးဘိုးမှ
“မြေးလေး ဘိုးဘိုးတို့က ပန်းခြံထဲလမ်းလျှောက်နေတာ ဘိုးဘိုးဂရုစိုက်လိုက်မယ်နော်” ဟု ပြန်ဖြေသည်။
မြောင်မြောင် : “ဘွားဘွား ဘိုးဘိုးကို သေချာဂရုစိုက်လိုက်ဦးနော်”
ဘွားဘွား : “အေးပါ မြေးလေးရဲ့”
“ယောက်ျား မြောင်မြောင်ပြောတာဆိုတော့ ကျွန်မတို့ဂရုစိုက်ရမယ်”
“ဟုတ်တယ် ငါတို့မြောင်မြောင်က တစ်ခုခုကိုကြိုသိနေတဲ့ အစွမ်းရှိနေသလိုပဲ ငါသေချာဂရုစိုက်ရမယ်”
ခဏကြာသောအခါ လင်မယားနှစ်ယောက်သား ပြန်မည်အလုပ် ကစားနေကြသော
ကလေးများအား မစ္စတာ ဝိန်ဆီသို့ တိုက်ခါနီးဆဲဆဲဖြစ်နေချိန်တွင် မစ္စဝိန်မှ ရုတ်တရက် ဘေးကိုလှမ်းဆွဲလိုက်သောကြောင့် သက်သာရာရသွားသည်။
မစ္စတာဝိန် : “တော်သေးတာပေါ့ မဟုတ်ရင် ငါ့ခါးကျိုးတော့မလို့”
မစ္စဝိန် : “မြောင်မြောင်ပြောတာ တကယ်မှန်ပါတယ်ဆို ငါတို့မြေးမလေးက တကယ့်စွမ်းအားရှင်မလေးပဲ”
ထို့နောက် အိမ်သို့ပြန်ရောက်သောအခါ မစ္စတာဝိန်က သားဖြစ်သူတို့အား ထိုအကြောင်းကိုတိုးတိုးတိတ်တိတ် ပြောပြလိုက်သည်။
မြောင်မြောင်မှာမူ အဘိုးဖြစ်သူအန္တရာယ်ကင်းကြောင်းသိသည်နှင့် ချက်ချင်း အိပ်ပျော်သွားသည်။
ထိုအကြောင်းအား ယောက်ျားဖြစ်သူဖုန်းလှမ်းဆက်သောကြောင့် ဖူ့ရုံလည်းသိပြီးပြီဖြစ်သည်။
သူမ၏ကလေးတွင် မည်ကဲ့သို့ အစွမ်းများရှိနေပါလိမ့်ဟု စဉ်းစားနေရင်း မြောင်မြောင် အိပ်ရာမှနိုးလာခဲ့သည်။
မြောင်မြောင်သည် ဖူ့ရုံ၏အကြည့်များ ထူးဆန်းနေသည်ကို ခံစားလိုက်ရကာ
“မေမေ သမီးကိုဘာလို့အဲ့လိုကြည့်နေတာလဲဟင်?? သမီးမျက်နှာမှာ တစ်ခုခုပေနေလို့လား??”
ဟုမေးလိုက်ကာ လက်မှလည်း သူမပါးအိအိလေးအားကိုင်ကြည့်နေသည်။
ဖူ့ရုံ(ပြုံးလျက်) : “မဟုတ်ပါဘူး သမီးလေးရယ်”
ဖူ့ရုံအနေနှင့် ကလေး ပေးမသိစေချင်သောကိစ္စမျိုးအား အတင်းအကြပ်မမေးရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူမသည် မြောင်မြောင့်အား အဝတ်လဲပေးလိုက်ပြီး ဆံပင်များအားမချည်ပေးပဲ ချထားစေလိုက်သည်။
ဝိန်ဖုချိန် အိမ်သို့ပြန်ရောက်လာသောအခါမြောင်မြောင့်အား အတော်ကြာကြာကြည့်နေခဲ့သည်။
ဖူ့ရုံ : “ယောက်ျား ဘာဖြစ်လို့လဲ??”
ဝိန်ဖုချိန် : “မင်းသမီးလေး တစ်ခုခုများ ထူးခြားနေသလားလို့!!”
ဖူ့ရုံ : “မထူးခြားပါဘူး အရင်လိုပါပဲ”
ဝိန်ဖုချိန် : “ဒါနဲ့လေ ကိုတို့သမီးက ရှေ့ဖြစ်ဟောအစွမ်းရှိတာလားမသိဘူးနော်”
ဖူ့ရုံ : “ဘယ်အစွမ်းပဲရှိရှိ ကျွန်မကတော့ အဲ့အစွမ်းကြောင့် ကျွန်မသမီး ဘာတွေပြန်ပေးရမလဲဆိုတာ မသိနိုင်လို့ အဲ့ဒါကိုပဲ စိတ်ပူနေမိတယ်”
ဝိန်ဖုချိန် : “ကိုယ်တို့ အဲ့လိုမဖြစ်အောင် သေချာစောင့်ကြည့်ကြတာပေါ့ကွာ”
“အခုကတော့ ဘာအန္တရာယ်မှ မရှိပုံပါပဲ”
တစ်ဖက်တွင် မြောင်မြောင်ကတော့ အပူအပင်ကင်းစွာ ကာတွန်းကားထိုင်ကြည့်နေလေသည်။
သည်လိုနှင့် အချိန်များကုန်လွန်သွားသည်မှာမြောင်မြောင်ကျောင်းပြီးမည့်အချိန်သို့ ရောက်လာသည်။
ကျောင်းဆင်းပွဲတွင် ထုံးစံအတိုင်း ကပြဖျော်ဖြေကြရမည်ဖြစ်သည်။ မြောင်မြောင်မှာ အေရိုးဘစ်အကနှင့် တရုတ်ရိုးရာအကတို့ကို ပေါင်းစပ်ထားသော performance တွင် ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။
မြောင်မြောင်သည် အရပ်ပိုရှည်လာပြီး ပိုမိုလှပလာသည်။ ချင်းယွီမှာမူ အကထဲတွင်မပါပေ။ အကများတွင် ကောင်လေးနှင့်ကောင်မလေး တူတူတွဲကရသောကြောင့်ဖြစ်သည်။
system မမပြောပုံအရဆိုလျှင် ချင်းယွီသည် ဆရာမချန်၏စော်ကားမှုပြီးသည့်နောက်ပိုင်း မိန်းကလေးများနှင့်ဆက်ဆံရမည်ကို ကြောက်သွားခြင်းဖြစ်သည်။
“ဒါဆို ငါကရော… မိန်းကလေး မဟုတ်ဘူးလား?” ဟု မြောင်မြောင် ကိုယ့်ကိုယ်ကိုယ်မေးမိသည်။
မြောင်မြောင်သည် ကပြဖျော်ဖြေရာတွင်ခရမ်းရောင်ဝတ်စုံလေးကို လှပစွာဝတ်ထားပြီး မိတ်ကပ်အနည်းငယ်လည်း လိမ်းထားသေးသည်။
ဖူ့ရုံနှင့်ဝိန်ဖုချိန်ကလည်း မြောင်မြောင့်အား လာရောက်အားပေးကြသည်။
“ပိန်းဥ ငါဝတ်ထားတာလှလား??”
ချင်းယွီ : “လှတာပေါ့ နင်က ဘာဝတ်ဝတ်အကုန်လှတယ်”
ထိုစကားကြောင့် သူမ ပျော်ရွှင်သွားသည်။
ကျောင်းဆင်းပွဲအခမ်းအနား ပြီးသောအခါ မြောင်မြောင်တို့ ဓာတ်ပုံရိုက်ရသည်။
ထိုဓာတ်ပုံထဲတွင် ချင်းယွီသည် အနည်းငယ်ပိန်နေသောကြောင့်
“ပိန်းဥ နင်အစားများများစားပါဦး နင်က အရင်လိုချစ်ဖို့မကောင်းတော့ဘူး”
ဟု ပြောလိုက်မိသည်။
ချင်းယွီသည် လူချောလေးတစ်ယောက်ဖြစ်လာခဲ့ပြီးဝိတ်လည်း အတော်ကျသွားသည်။
သို့သော် နတ်သမီးလေးက သူ့အား ချစ်စရာမကောင်းတော့ဘူးဟု ပြောလိုက်သောအခါ ချက်ချင်းဝိတ်တက်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
“အင်းအင်း ငါဒီနေ့ကစပြီး များများစားမယ်”
ယခင်က သူပိန်ချင်ခဲ့သည်။ ယခု သူ့နတ်သမီးလေးပြောသည့်အခါ ပြန်ဝချင်နေခဲ့သော ချင်းယွီမှာ သနားစရာပင် ကောင်းလှသည်။
မြောင်မြောင် : “မေမေ သမီးတို့ ရှုံသာ့တို့ကျောင်းကိုသွားတက်လို့ရပြီပေါ့နော်”
ဖူ့ရုံ : “ဟုတ်တာပေါ့ သမီးရဲ့ ဒါပေမဲ့ အခုက
July ပဲရှိသေးတယ် September မှ ကျောင်းပြန်ဖွင့်မှာဆိုတော့ ခဏတော့စောင့်ရဦးမယ်လေ”
ရှုံသာ့တို့သည် မြောင်မြောင်တို့ထက် တစ်တန်းကြီးသောကြောင့် အလယ်တန်းကျောင်းတွင် တက်နှင့်နေပြီးဖြစ်သည်။
ရှုံသာ့တို့ပြောသော အလယ်တန်းကျောင်း၏ပျော်စရာကောင်းမှုများကို မြောင်မြောင် ကြုံတွေ့ချင်နေပြီဖြစ်သည်။
ထို့အပြင် အလယ်တန်းက မမများသည် ကြိုးခုန်ကြသည်ဟု ရှုံသာ့တို့ပြောဖူးသည်ကို သူမသတိရမိသွားသည်။
ထို့ကြောင့် သူမစိတ်ထဲတွင်
“သူတို့တွေကလည်း ထူးဆန်းလိုက်တာ ကြိုးဆိုတာခေါင်းမှာချည်ဖို့ပဲ မဟုတ်ဘူးလား?? ဘယ်လိုလုပ်ပြီး ခုန်ဖို့သုံးကြတယ်မသိဘူး”
ဟု ရိုးသားစွာ တွေးနေမိတော့သည်။
(ဆက်ရန်)