Chapter - 35
ကျန်းလင် မိခင်သည် ရိုင်းစိုင်းစွာ ပြောဆိုနေသည်။
“ဒီမှာ ဆရာမ ဆရာမက ကလေးကို ကာကွယ်မပေးဘူးလား?? ကလေးက အခု ကျောင်းကို မသွားချင်တော့ဘူး”
ဆရာမရှု : “အဲ့ဒါက သမီးဖြစ်သူ မကောင်းတဲ့အရာကိုလုပ်လို့ပါ ကျွန်မတို့လည်း ကျန်တဲ့ကလေးတွေကိုပြောမပြပဲ တိုးတိုးတိတ်တိတ်ပဲ ဖြေရှင်းတာပါ ဒါကို
တခြားကလေးတွေ ဘယ်လိုသိသွားပြီး သူ့ကိုဝိုင်းပယ်ထားကြတာလဲတော့ ကျွန်မလည်း မပြောတတ်ဘူးရှင်”
ကျန်းလင်အမေ : “ရှင်လည်း ဆရာမလုပ်နေပြီးတော်တော်အသုံးမကျတာပဲ တာဝန်ယူစိတ်လည်း မရှိ……….”
ဆရာမရှုသည် ဤကိစ္စကြောင့် အတော်လေးခေါင်းရှုပ်ရသည်။ အဓိကအကြောင်းကတော့ ကလေးများအား မိဘများမှသေချာ မဆုံးမ မသွန်သင်သောကြောင့် ဖြစ်သည်။
ကျန်းလင်မိခင်အား ကြည့်ကာ ကျန်းလင်၏စာရိတ္တအား ခန့်မှန်းလို့ရနေသည်။
ကျန်းလင်သည် သူမအမှားလုပ်ထားသော်လည်းငိုယိုပြလိုက်လျှင် အဆင်ပြေသွားမည်ဟု ထင်နေခဲ့သူဖြစ်သည်။
မိသားစုကတောင် သူမအား ဤသို့ခွင့်ပြုပေးလျှင် တခြားသူများမှာလည်း ခွင့်ပြုလိမ့်မည်ဟု သူမတွေးထားပုံပင်။
ဆရာမရှု : “ကျန်းလင်အမေရှင့် သမီးက အိမ်မှာလိမ္မာပေမဲ့လည်း ဒီမှာတော့ သူများအိမ်စာကို ကူးပြီး အဖြေမှန်နေရဲ့သားနဲ့ ဖျက်ပစ်တဲ့ကလေးပဲ ဒါကိုရှင်က ကလေးချင်းစနောက်တယ်လို့ ထင်နေတာလားရှင့်”
“အဲ့လိုဆိုလဲထားဦး ရှင့်သမီးကို ဘာလို့ကလေးတွေက မပေါင်းတော့တာလဲဆိုတာရော သိလားရှင့်??”
ကျန်းလင်အမေ : “ဘာဖြစ်လို့လဲ???”
ဆရာမရှူ : “ရှင့်သမီးက ကျွန်မရုံးခန်းထဲမှာ မှားမှန်းတောင်းပန်နေတာကို ကလေးတွေက နားထောင်မိသွားတယ်လေ အတန်းထဲပြန်ရောက်တော့ မြောင်မြောင်ကမှားနေတယ်ဆိုပြီး တစ်တန်းလုံးကိုပြောတော့ ကလေးတွေက သူနဲ့မပေါင်းချင်တော့တာပေါ့”
ထိုစကားကြောင့် ကျန်းလင်အမေ ဘာပြောရမယ်မှန်းမသိတော့ပေ။
“ဒါ…ဒါဆိုလည်း ရှင်ကဒီလိုမျိုးကို ခွင့်ပြုထားတာလား??? ဆရာမတစ်ယောက်အနေနဲ့ ကလေးကိုအမှားပြင်ဖို့ အခွင့်အရေးပေးသင့်တယ် မဟုတ်ဘူးလား???”
ဆရာမရှု : “ကျွန်မတို့က အမှားပြင်ဖို့အခွင့်အရေးပေးတယ်လေ ရှင့်သမီးကရှင့်ကို ဒီကိုခေါ်လာတာမဟုတ်ဘူးလား??
ကျွန်မတို့က ကလေးမိဘတောင်မခေါ်ပဲ သူဘာသူအမှားသိပြီး ပြင်ပါစေတော့လို့ ထား,ထားတာ သူကအဲ့အခွင့်အရေးကို မသုံးခဲ့တာလေ”
ရုံးခန်းထဲမှ စကားသံများသည် တစတစ ကျယ်လောင်လာခဲ့သည်။ ထိုအခါ အတန်း
ထဲမှာကလေးများသည် သိချင်စိတ် ဖြစ်လာကြသည်။
မြောင်မြောင်သည်လည်း စိတ်ထဲတွင်အားနာစိတ်ဝင်လာသည်။ သူမမှားယွင်းခဲ့သည်မရှိသော်လည်း သူများအတွက် စိတ်ပူပေးနေသည်။
ထို့နောက် ကျန်းလင်အမေသည် ကျန်းလင်နှင့်အတူ အတန်းထဲသို့ဝင်လာသည်။
ကျန်းလင်အမေ : “ရှောင်လင် ပြော သမီးကို ဘယ်သူအနိုင်ကျင့်တာလဲ??”
ဆရာမရှုသည် စိတ်မသာမယာဖြစ်ကာ
“ကျန်းလင်အမေ ပြဿနာကလည်း ပြီးသွားပြီကို ထပ်အစမဖော်ပါနဲ့တော့”
ဟု တားသည်။
သို့သော် ကျန်းလင်အမေမှာ ဂရုမစိုက်ပေ။
“ရှောင်လင် ပြောလေ ဘယ်သူသမီးကိုအနိုင်ကျင့်တာလဲလို့!!!”
ထိုအခါ ကျန်းလင်က မြောင်မြောင့်အားလက်ညှိုးထိုးပြကာ
“ဟို အဖြူရောင်အနွေးထည် ဝတ်ထားတဲ့ကောင်မလေး မေမေ”
ဟု ပြန်ဖြေသည်။
ထိုအခါ မြောင်မြောင်က အပြစ်ကင်းစွာကြောင်တောင်တောင်နှင့် ကြည့်နေသည်။
ကျန်းလင်အမေက သူမနားကပ်လာကာ
“ဪ ညည်းက ငါ့သမီးကို အနိုင်ကျင့်တာပေါ့လေ အချင်းချင်းစနောက်တဲ့ကိစ္စကို အတည်ယူပြီး ညည်းက တခြားကလေးတွေကိုပါ ငါ့သမီးနဲ့မပေါင်းခိုင်းတာပေါ့”
“ညည်းအိမ်က ပညာမတတ်ဘူးထင်တယ် စုတ်ပဲ့လိုက်တာ”
ထိုစကားများအား မြောင်မြောင် ကြောင်တောင်တောင် နားထောင်နေသည်။ ထိုစဉ် system မမမှ
“မြောင်မြောင် ငိုလိုက် သူက နင့်ကိုအနိုင်ကျင့်နေတာ မိဘတွေကိုလည်း မကောင်းပြောနေတယ် ငိုပြီး သမီးလည်း မေမေနဲ့တွေ့ချင်တယ်လို့ ပြောလိုက်”
ဟု သတိပေးသည်။
ထိုအခါမှ မြောင်မြောင်လည်း အော်ဟစ်ငိုယိုကာ
"ဒီအန်တီကြီးက ဆိုးလိုက်တာ မေမေ့ကိုခေါ်ပေး သမီးမေမေ့ကိုခေါ်ပေး”ဟု ငိုယိုလိုက်တော့သည်။
ထိုအခါ ဆရာမရှုမှ ကျန်းလင်အမေအား
“ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ” ဟုသော အကြည့်နှင့်ကြည့်ကာ မြောင်မြောင့်အား ရုံးခန်းသို့ခေါ်သွားလိုက်သည်။
မြောင်မြောင့်အား စိုးရိမ်သောကြောင့် ချင်းယွီကပါလိုက်လာခဲ့သည်။
“မြောင်မြောင် မငိုနဲ့တော့နော် မျက်လုံးတွေ နာလာလိမ့်မယ် ရော့ ဒါလေးနဲ့ မျက်ရည်သုတ်လိုက်”
ထိုအခိုက်အတန့်အား ကျန်းလင်အမေမှကြည့်ကာ
“ကြည့်စမ်း ကြည့်စမ်း ဒီကလေးနှစ်ယောက်က အရွယ်မတိုင်ခင် ချစ်ကြိုက်နေကြတာပဲ ဆရာမရှု ရှင် ဘာမှမပြောတော့ဘူးလား?? ရှင်ကမျက်နှာလိုက်နေတာပဲ”
ဟု ခနဲ့ပြီးပြောသည်။
ဆရာမရှုလည်း ဒေါသများထွက်လာကာ
“ဒီမှာ ရှင်က ဖြူစင်တဲ့ကလေးတွေကို အရောင်စိုးနေတာပဲ!! သူတို့က ဟိုးငယ်ငယ်ကတည်းက တူတူထိုင်လာကြပြီး အိမ်နီးနားချင်းတွေ ကိုယ့်သားသမီးကိုပဲ တန်ဖိုးရှိတယ်လို့မထင်ပါနဲ့ အပြောအဆိုလေးဆင်ခြင်ပေးပါ”
ဟု ခပ်မာမာပြောလိုက်သည်။
ကျန်းလင်အမေ : “ဒါဆို မဟုတ်ဘူးလို့ ငြင်းချင်တာပေါ့”
ဆရာမရှု : “ကျန်းလင်အမေ ကိုယ့်သမီးကိုလည်း မေးကြည့်ပါဦး သူဘာလို့ မြောင်မြောင့် အိမ်စာတွေကို ဖျက်ပစ်တာလဲဆိုတာ”
ကျန်းလင်အမေ : “ဘာဖြစ်လို့ ဖြစ်ရမှာလဲ? စနောက်ကြတာပဲ နေမှာပေါ့”
မြောင်မြောင်သည် စိတ်တိုစွာ
“စနောက်တာမဟုတ်ဘူး အန်တီ သမီးကအမြဲတမ်း ပိန်းဥနဲ့ရှိနေပြီး ပိန်းဥက သူ့ကိုကျအဖက်မလုပ်လို့ သမီးကို ဒီလိုလုပ်တာလို့ပြောတယ် အဲ့ဒါကို ဆရာမလည်းကြားတယ်”
ဟု ပြန်ချေပလိုက်သည်။
ထိုအခါ ကျန်းလင်အမေ မယုံနိုင်အောင်ဖြစ်သွားသည်။
“ဒါဆို ငါ့သမီးက ခုကတည်းက ကောင်လေးတစ်ယောက်ကို ကြိုက်တတ်နေပြီလား??”
ထိုအချိန်တွင် ဖူ့ရုံသည် ဖုန်းဆက်လှမ်းအကြောင်းကြားပြီးသည်နှင့် ချက်ချင်းကားဆရာနှင့်ထွက်လာခဲ့သည်။
မိနစ်နှစ်ဆယ်ကြာသောအခါ ရုံးခန်းသို့ရောက်လာခဲ့သည်။ ဖူ့ရုံသည် ဘေးပတ်ဝန်းကျင်ကို ပဓာနမထား မြောင်မြောင့်အား ဘာဖြစ်သွားသေးလဲ အရင်ကြည့်သည်။
ထို့နောက် ချင်းယွီ့အား ကြည့်သည်။
နှစ်ယောက်စလုံး အဆင်ပြေသည်ဆိုတာ သေချာမှ ဆရာမရှုဘက်သို့လှည့်ကာ
“ဆရာမရှု ဘယ်လိုဖြစ်ရတာလဲ ပြောပါဦး”
ဟု မေးလိုက်သည်။
ဖူ့ရုံအားမြင်သောအခါ ကျန်းလင်အမေ အံ့ဩကာ မနာလိုဖြစ်သွားမိသည်။ သူမသည် အသက် ၃၀ အရွယ်ရှိသော်လည်း ဘဝအား ကျန်းမာလှပစွာနေထိုင်သောကြောင့် သာမန်ပင် ဝတ်စားဆင်ယင်ထားသော်လည်း ကျော့မော့စွာ လှပနေသည်။
ဆရာမရှုသည် ဖူ့ရုံအား ရှင်းပြပြီးသောအခါ
“ဒါဆို ကျွန်မသမီးကို အော်ဟစ်တာ ဟိုကပညာမတတ်တယ်ဆိုတာ ဘာမှန်းမသိတဲ့အမျိုးသမီးပေါ့နော် ဟုတ်လား?”
ဟု တိုက်ရိုက်မပြောပဲ ဖဲ့လိုက်သည်။
ကျန်းလင်အမေ : “ဘာ!!! ရှင်အခု ကျွန်မကို စောင်းပြောနေတာလား?? ရှင်ကမှ သမီးကို ဘယ်လိုတွေဆုံးမထားတာလဲ??
ရှင့်သမီးက တစ်တန်းလုံးကို ကျွန်မသမီးနဲ့မပေါင်းဖို့ပြောနေတာ ကြီးလာရင် ဘယ်လောက်များ စာရိတ္တချို့ယွင်းမယ်မသိဘူး!!!!!”
ဖူ့ရုံသည်သမီးအား ယုံကြည်ချက်အပြည့်ဖြင့်
“သမီးလေး ဖြစ်ပျက်သမျှကို ပြောပြလိုက်နော်”
ဟု ပြောခိုင်းလိုက်သည်။
မြောင်မြောင် : “သူက သမီးဆီက အိမ်စာ စာအုပ်ငှားတယ်။ အစက သမီးက မငှားပေမဲ့ သူကသနားစရာကောင်းအောင်ပြောနေတော့ ငှားပေးလိုက်တာ။ ဒါပေမဲ့သူက သမီးစာအုပ်ထဲက အိမ်စာတွေကို ဖျက်ပစ်တယ်။ အဲ့တော့ သမီးကို ဆရာမကဆူရော။သမီး သူ့ကိုသွားမေးတော့ သူကငြင်းတယ်လေ။ သမီးကပဲ သူ့ကိုစွပ်စွဲနေသလို ပြောတယ်။ သူဖျက်ထားတဲ့သက်သေပြတော့မှ ဆရာမရှေ့မှာ သူက သမီးကို တောင်းပန်တယ်။ ဒါပေမဲ့ အတန်းဖော်တွေကိုကျတော့ သမီးကမကောင်းလို့ သူ့ကိုအန္တရာယ်ဖြစ်မှာဆိုးလို့ ခုံနေရာပြောင်းတယ်လို့ ပြောတယ်တဲ့။ အဲ့ဒါကို အတန်းထဲကသူငယ်ချင်းက ပြောလို့ သမီးလည်းပြန်သိတာပါ။”
“တကယ်တော့ သမီးက ဘယ်သူ့ကိုမှ သူနဲ့မပေါင်းဖို့မပြောဖူးဘူး။ သူက မျက်စိရှေ့မှာတင် ညာနေလို့ သူငယ်ချင်းတွေရဲ့အမေတွေက မပေါင်းနဲ့လို့ပြောလို့သူတို့က မပေါင်းတာတဲ့”
ထိုအကြောင်းကို ကြားသောအခါ ကျန်းလင်မယုံနိုင် ဖြစ်သွားသည်။
“ဒါဆို ငါညာပြောတုန်းက ညာနေတယ်ဆိုတာ သူတို့သိကြတယ်ပေါ့!!!!!”
ဖူ့ရုံ : “ကဲ .. ရှင်လည်း အကြောင်းစုံသိပြီဆိုတော့ ကိုယ့်အမှားကြောင့်ကို ကျောင်းပြောင်းသွားလိုက်ပါ”
ကျန်းလင်အမေ : “ဘာ!!! ငါ့သမီးက ဘာလို့ ကျောင်းပြောင်းရမှာလဲ??”
ဖူ့ရုံ : “မပြောင်းလည်း ရတယ်လေ ဒါပေမဲ့ နောက်တစ်ခါ ကျွန်မသမီးကို ဘယ်လိုနည်းနဲ့မှ လာထိပါးဖို့မစဉ်းစားပါနဲ့”
သည်လိုနှင့် တစ်ပတ်လောက်ကြာသောအခါ ကျန်းလင်အမေ အလုပ်မှထွက်ခဲ့ရသည်။
အကြောင်းအရင်းတစ်စုံတစ်ရာတော့ ဘယ်သူမှမသိပေ။
ကျန်းလင်အဖေတစ်ယောက်တည်း အလုပ်လုပ်ရသောအခါ ကျန်းလင်မှာ ယခင်ကလောက် မသုံးစွဲနိုင်တော့ပေ။ အင်္ကျီများကိုလည်း ဝတ်ပြီးသားကိုသာ ထပ်တလဲလဲဝတ်လာခဲ့သည်။
ထိုအခါ အတန်းထဲရှိကောင်မလေးမှ မြောင်မြောင့်အား
“မြောင်မြောင် ကျန်းလင်ကတော့ သူ့ကိုသနားအောင်လုပ်နေပြီ သူ့အမေအလုပ်ထွက်လိုက်ရလို့ ဝတ်စရာတောင်မရှိတော့ဘူးတဲ့”
ဟု အတင်းပြောသည်။
မြောင်မြောင် : “မဖြစ်နိုင်တာ ငါတို့အိမ်မှာလည်း ငါ့အဖေတစ်ယောက်တည်း အလုပ်,လုပ်တာ ဒါပေမဲ့အင်္ကျီတွေကိုတော့ နှစ်ခါထက်ပိုမဝတ်ရပါဘူး”
“ဘာလို့ပါလိမ့်??????”
(ဆက်ရန်)