Chapter - 72
Mr. Zhu : "ဟုတ်ပါတယ် မင်းတို့အရွယ်တွေကျလက်ထပ်ဖို့ ဘယ်စဉ်းစားကြမလဲ?? ဒါပေမဲ့ လက်ထပ်ပြီးရင် ဘာပြဿနာမှ မတက်ဖို့ ခုတည်းက ကြိုဖြေရှင်းထားသင့်တယ်မလား?"
ရဲလု (နာရီကို တစ်ချက်ကြည့်လိုက်ပြီး) : "ကျွန်မအခု အလုပ်ပြန်သွားလုပ်ရတော့မယ် overtime ရှိလို့"
Mr. Zhu : "မင်း အချိန်ပိုဆင်းလည်း ပိုက်ဆံရတာမှမဟုတ်တာ ငါ မင်းကို ထောက်ပံ့ပေးပါမယ် လက်ထပ်ဖို့ပဲ လုပ်ကြတာပေါ့"
ရဲလု : " ဆောရီးပါရှင် ကျွန်မကတော့ ကိုယ့်ကိုယ်ကိုယ်အတွက် ကိုယ်ပဲငွေရှာရမယ်လို့ထင်တယ် ယောက်ျားတွေက မယုံရဘူးလေ"
ထိုသို့ပြောကာ ထထွက်လာခဲ့သည်။
ထိုစကားများအား ရှုံသာ့နှင့် တစ်ဖက်မိန်းကလေးကပါ ကြားနေရသည်။
Mr Zhu ထွက်သွားသောအခါ မိန်းကလေးက ရှုံသာ့အား "ဟိုကောင်မလေး သနားပါတယ်နော် သူ့ပါတနာက သူ့ကို မလေးမစားနဲ့" ဟု အတင်းပြောလိုက်သေးသည်။
ထိုသို့ပြောသောအခါ ရှုံသာ့လည်း ဘာမှပြန်မပြောပဲတိတ်ဆိတ်စွာ နေလိုက်သည်။
ထိုနေ့ပြီးနောက် သူတို့ နောက်ထပ် မတွေ့ဖြစ်ပေ။မိန်းကလေးဘက်မှ ဆက်သွယ်သော်လည်း အလုပ်ဖြင့်ဆင်ခြေပေးကာ ရှုံသာ့ သွားမတွေ့ပဲနေခဲ့သည်။
ယခုဆိုလျှင် ဧပရယ်လဖြစ်သောကြောင့် ပိုပိုပူလာခဲ့သည်။ ထို့ပြင် ရဲလုအကို၏မင်္ဂလာပွဲမှာလည်း နီးကပ်လာခဲ့ပြီ။ သူတို့သည် လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးပြီးသွားပြီ ဖြစ်သော်လည်း နောက် ၂ လနေမှသာ လက်ထပ်ကြမည်ဖြစ်သည်။
ထိုနေ့ညက ရဲလုအမေမှ ရဲလုအား "သမီး သမီးအကိုအတွက် မင်္ဂလာအိမ်က ယွမ်သိန်း ၂၀ လောက်ကုန်မှာ သမီးက တစ်လကို ယွမ် ၅၀၀၀ ရတာဆိုတော့ တစ်လကိုနှစ်ထောင် သမီးအကိုအတွက် ပေးပါ့လား"ဟု အရှက်မရှိစွာ ပြောသည်။