Chapter - 24
ချင်းယွီသည် ပါးလေးနှစ်ဖက်နီရဲလျက်
“ဒါဆို ငါတို့အပတ်တိုင်း တွေ့ရတော့မှာပေါ့”
ဟု ပြောလိုက်သည်။
“ဒါပေမဲ့လေ ငါဒီနွေရာသီကျောင်းပိတ်ရက်မှာ ပန်းချီနဲ့စန္ဒရား သင်မလို့”
“အရင်က အကသင်တန်းကို တက်တာက ငါဝိတ်ကျအောင်လို့ အခုဝိတ်လဲကျသွားပြီဆိုတော့ အမေက ငါ့ကို ဝါသနာပါတာ ရှာကြည့်လို့ပြောတယ်”
မြောင်မြောင်: “ကျောင်းပိတ်ရက်မှာတောင် ကျောင်းတက်မှာပေါ့ နင်က….တကယ် တော်တာပဲ…..”
ချင်းယွီ : “မဟုတ်ပါဘူးဟာ အမေကငါ့ကို ဝါသနာပါတာတွေ့စေချင်လို့ တက်ခိုင်းတာတဲ့ ဝါသနာမပါရင် သင်တာချက်ချင်းရပ်ပစ်လို့ရတယ်လို့ပြောတယ်”
မြောင်မြောင် : “ငါတော့ပျင်းနေတော့မှာပဲ ရှုံသာ့နဲ့ရှုံအယ်ကလည်း ခရီးထွက်ကြမှာ နင်ကလည်း သင်တန်းတက်နေမှာ”
“ဒါနဲ့ နင်က ပန်းချီနဲ့စန္ဒရား သင်တန်းတက်မှာ မလား?”
ချင်းယွီ : “အွန်း ဟုတ်တယ်လေ”
မြောင်မြောင် : “ဒါဆို ငါလည်း တစ်ခုခုသင်တန်းတက်ရမယ် မဟုတ်ရင်ပျင်းစရာကြီး”
"အိမ်ရောက်ရင် အမေ့ကိုပြောရမယ်”
ချင်းယွီ : “ငါကဒါတွေ ဝါသနာမပါဘူးဆိုရင် စိတ်နဲ့တွက်တဲ့သင်္ချာသင်မလို့”
မြောင်မြောင် : “ဟင် calculator နဲ့လည်း တွက်လို့ရနေတာကို ဘာလို့စိတ်တွက်သင်္ချာသင်မှာလဲ??”
မြောင်မြောင် : “ဘာပဲဖြစ်ဖြစ် နင်ကအရမ်းတော်တာပဲ အကုန်လုပ်နိုင်တယ်”
ချင်းယွီသည် ရှက်ရွံ့သွားကာ
“ကျေးဇူးတင်ပါတယ်”
ဟု ပြောလိုက်သည်။ ချင်းယွီသည် သေချာပေါက် မြောင်မြောင်၏ချီးကျူးခြင်းကို အမြဲခံရမည်ဟုစိတ်ဆုံးဖြတ်ထားသည်။
“ငါမတော်ရင်ရော သူငါ့ကိုချီးကျူးတော့ပါ့မလား?? မဖြစ်ဘူး မဖြစ်ဘူး ငါအမြဲတမ်း ထူးချွန်ထက်မြက်နေရမယ်”သည်လိုနှင့် မြောင်မြောင့် ၏မွေးနေ့ပွဲလေး တရားဝင်စတင်ခဲ့သည်။ မြောင်မြောင့်အားမိသားစုမှ မွေးနေ့သီချင်းဆိုပေးကာ ဂုဏ်ပြုကြသည်။
မြောင်မြောင်သည် ဖယောင်းတိုင်မီးမမှုတ်ခင်တွင် မျက်လုံးလေးပိတ်ကာ ဆုတောင်းလိုက်သည်။
ဖူ့ရုံသည် ကိတ်မုန့်အားခွဲပေးကာ
“မေမေ့ကလေးလေး စားလိုက်ဦး”
ဟု တယုတယပြောသည် ။
“သမီး ပိန်းဥကို အရင်ခွံ့လိုက်ဦးမယ် မေမေ”
ထိုစကားကြောင့် ချင်းယွီ အရမ်းပျော်သွားသည်။ သူ့အားအလေးထားသည်ဟု ခံစားရသောကြောင့်ဖြစ်သည်။
ထို့နောက် မြောင်မြောင်တို့ညစာစားပွဲတွင်ကြက်တောင်ပံကြော်နှင့်တခြားစားစရာများအား အစီအရီ တည်ခင်းထားသည်။
မြောင်မြောင်သည် ကြက်တောင်ပံကြော်စားချင်သော်လည်း ဖူ့ရုံကခေါက်ဆွဲကိုအရင်စားခိုင်းသည်။ ချင်းယွီ့အားလည်း တစ်ပန်းကန်ထည့်ပေးလိုက်သည်။
မြောင်မြောင်သည် အကုန်စားပြီးနောက် ဗိုက်အရမ်းတင်းကားသွားတော့သည်။ ထို့နောက် သူမသည် သူမ ၏ဓာတ်ပုံအယ်ဘမ်များအား တစ်ခုချင်း
ပြတော့သည်။
ယခုနှစ်အတွက် ပုံ ၈၀၀ ကျော်ရိုက်ပြီး ပုံ ၁၀၀ ကိုသာ ဓာတ်ပုံထုတ်ထားကာ အယ်ဘမ်ထဲသို့ထည့်သိမ်းထားသည်။ ယခုအထိဆိုလျှင် မြောင်မြောင့်တွင် အယ်ဘမ်၅ခုရှိနေပြီဖြစ်သည်။
ရှုံသာ့နှင့်ရှုံအယ်သည် ယခင်ပုံများအားကြည့်ဖူးသောကြောင့် ယခုနှစ်ပုံများအား ကြည့်နေကြသည်။
ချင်းယွီမှာမူ မြောင်မြောင် ၏လသားအရွယ်ဓာတ်ပုံများမှစကြည့်သည်။ လသားအရွယ်မြောင်မြောင်သည် ဝကစ်ကစ်လေးဖြင့်လွန်စွာချစ်ဖို့ကောင်းလှသည်။
ထို့နောက် တစ်နှစ်သားအရွယ်ပုံများအားကြည့်သည်။ တစ်နှစ်သားအရွယ်တွင် မြောင်မြောင်သည် လမ်းလျှောက်တတ်ခါစအရွယ်ဖြစ်နေပြီ။ သူမသည် လဲကျသော်လည်းမငိုပဲ အမြဲပြန်ပြန်ထကာပြုံးရွှင်နေသည့်ပုံများအားတွေ့ရသည်။၁နှစ်အရွယ်အထိ မြောင်မြောင့်အား အိမ်သားများမှဓာတ်ပုံရိုက်ပေးကာ မှတ်တမ်းတင်ပေးထားခြင်းဖြစ်သည်။
နှစ်နှစ်သားအရွယ်တွင်မူ စတူဒီယိုတွင် ရိုက်ခဲ့သော ပုံများအားတွေ့ရသည်။ ထိုပုံများတွင် မြောင်မြောင်သည် ချစ်စရာစကတ်လေးများနှင့်လိုက်ဖက်စွာရယ်မောနေသည်။
သုံးနှစ်အရွယ် မြောင်မြောင်သည် ဆံပင်ရှည်လေးနှင့် အတော်လေးလှပနေပြီဖြစ်သည်။ ယခင်ကထက် လှလှပပသိမ်သိမ်မွေ့မွေ့လေး နေတတ်လာနေပြီဖြစ်သည်။
ယခုနှစ် ရိုက်သောပုံများမှာမူ ချင်းယွီအတွက်အသက်ရှူမှားစရာပင်။ ချစ်စရာကောင်းလွန်းသောကြောင့် ပါးလေးအားကိုင်ပစ်ရန် လက်များယားယံလာခဲ့သေးသည်။
ချင်းယွီ : “လှတယ် နင်ကဘယ်လိုလေးပဲ ဝတ်ဝတ် လှနေတာပဲ”
ရှုံသာ့ : “ဟုတ်တယ် ရှောင်ကူးကူးက ဘာပဲဝတ်ဝတ်အရမ်းချစ်စရာကောင်းတယ်”
ထိုစကားများကြောင့် သူမ အရမ်းပျော်သွားသည်။ ထိုညတွင် မြောင်မြောင်သည် ဖူ့ရုံအားသူမ ၏အတွေးများကို ပြောပြခဲ့သည်။
“မေမေ သမီး ဒီကျောင်းပိတ်ရက်မှာစန္ဒရားတီးတာဖြစ်ဖြစ် ပန်းချီဖြစ်ဖြစ်သင်ချင်လို့”
“မဟုတ်ရင် သမီးတစ်ယောက်တည်း ပျင်းနေရမှာ”
“ချင်းယွီလည်း ဒီပိတ်ရက်မှာသင်တန်းတွေတက်မယ်လို့ပြောတယ်”
တကယ်တမ်း ဖူ့ရုံသည် သမီးလေးအားတခုခုသင်စေရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ဖူ့ရုံ : “သမီးလေးတက်ချင်တဲ့အတန်း တက်လေ မေမေ ဆရာမခေါ်ပေးမယ် ဒါနဲ့ သမီးချင်းယွီနဲ့အချိန်ညှိလိုက်လေ အားတဲ့နေ့တူရင် တူတူကစားလို့ရတာပေါ့”
မြောင်မြောင် : “ဟုတ်ကဲ့ မေမေ သမီးအခုပဲ သွားမေးလိုက်မယ်နော်”
မြောင်မြောင်သည် ipad လေးအားယူကာချင်းယွီဆီသို့အသံပို့လိုက်သည်။
“ပိန်းဥ နင့်အတန်းချိန်တွေက ဘယ်ချိန်တွေလဲ?? ငါ့မေမေက နင်နဲ့ကစားလို့ရအောင် နင့်စာသင်ချိန်တွေမေးကြည့်ခိုင်းနေတာ ငါလဲအဲ့အချိန်တွေပဲသင်ရအောင်လို့လေ”
ချင်းယွီသည် ပျော်ရွှင်သွားကာ
“ငါ့အတန်းတွေက ၆ ရက်လုံး နေ့လယ်မှ တနင်္ဂနွေနေ့က တစ်နေကုန်ပိတ်တယ် သိလား?”
ဟု ပြန်ဖြေလိုက်သည်။
မြောင်မြောင် : “ဟုတ်လား?? ဒါဆို ငါတို့တနင်္ဂနွေနေ့ တစ်နေကုန် တူတူဆော့လို့ရတာပဲ”
ချင်းယွီ : “ဟုတ်တယ် ဟုတ်တယ်”
မြောင်မြောင့်မွေးနေ့ပြီး နှစ်ရက်မြောက်နေ့တွင် ဖူ့လီ ၏စာမေးပွဲရလဒ်များ ထွက်လာသည်။ ဖူ့လီသည်အမှတ်ပေါင်း၇၀၀ကျော်ရခဲ့၍အားလုံးကချီးကျူးနေကြသည်။
နောက်ထပ်နှစ်ရက်ကြာသောအခါ ဖူ့လီသည် သူ့အဖေရှိရာသို့သွားနေတော့သည်။
အိမ်တွင် နေ့လယ်နေ့ခင်း ဖူ့ရုံပဲရှိသော်လည်း မြောင်မြောင်မှာအတန်းတက်နေရသောကြောင့် ပျင်းချိန်မရပေ။
တနင်္ဂနွေနေ့တွင် မြောင်မြောင် ချင်းယွီနှင့်ချိန်းထားသည်။ ထိုနေ့တွင် ရှုံသာ့တို့လည်း ခရီးမှပြန်လာပြီဖြစ်သောကြောင့် လေးယောက်သားအတူတူ ရေကူးကန်သို့ သွားရန်ဆုံးဖြတ်လိုက်ကြသည်။
ရေကူးကန်သို့ ရောက်သောအခါ ကလေးများ
ရေကူးဝတ်စုံလဲတော့သည်။ မြောင်မြောင်ကပန်းရောင်ရေကူး ဝတ်စုံလေးဝတ်ကာ အတော်လေးချစ်စရာကောင်းနေသည်။
ချင်းယွီမှာမူ ယခင်က ရေကူးဝတ်စုံများမှာကြီးနေသောကြောင့် နေရာမှာပင်အသစ်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ မရွေးတတ်ဖြစ်နေသည်။
“မြောင်မြောင် ငါဘာလေးယူလိုက်ရမလဲ??”
မြောင်မြောင် : “နင်ကချစ်စရာကောင်းတာပဲဟာ ဒါလေးနဲ့လိုက်တယ် ဒါလေးယူလိုက်”
“မြန်မြန်လဲခဲ့နော် ငါတို့ရေကူးရအောင်”
ထို့နောက် သူမတို့လေးယောက် အတူတူရေကူးကြသည်။ သို့သော် ခြေထောက်လေးများမှာ အားမသန်သေးသောကြောင့် ယက်ကန်ယက်ကန်ဖြစ်နေရရှာသည်။ မြောင်မြောင်တစ်ယောက် ရေကြိုးစားပမ်းစားကူးနေစဉ် အနောက်မှသူမ ၏ဆံပင်အား ဆောင့်ဆွဲခံလိုက်ရသည်။
“အား!!!!! ဆံပင်နာတယ်!!!”
ရေကူးကန်ထဲရှိ သက်တူရွယ်တူကောင်လေး တစ်ယောက်က သူမအား ဆံပင်ဆွဲလိုက်ခြင်းဖြစ်သည်။
“နင်ဘာလုပ်တာလဲ?? ငါနင့်ကို ဘာမှမလုပ်ပဲ ဘာလို့ဆံပင်ကိုလာဆွဲတာလဲ??”
ကောင်လေး : “ဆွဲချင်လို့ဆွဲတာပေါ့ဟာ အဲ့တော့ဘာလုပ်ချင်လဲ??”
ထိုအခါ မြောင်မြောင့်နားသို့ ချင်းယွီ ရောက်ခဲ့သည်။ထို့နောက် ချင်းယွီသည် သူ့နောက်သို့မြောင်မြောင်အားရပ်စေကာ “မြောင်မြောင် ဘာဖြစ်လို့လဲ??” ဟု မေးလိုက်သည်။ ရှုံသာ့ ရှုံအယ်တို့ကပါ ရောက်လာသည်။
မြောင်မြောင် : “ထူးဆန်းလိုက်တာ မမရယ်”
ရှုံအယ် : “ဟေ့ကောင် မင်းဘာလို့ သူ့ဆံပင်ကိုဆွဲရတာလဲကွ??”
ရှုံသာ့ : “မင်းကိုရော နာမနာ ဆွဲပေးရမလား?”
“ကလေးတွေ ဟိုဘက်သွားဆော့ကြစို့”
မြောင်မြောင် : “အန်တီ သူက မြောင်မြောင့်ဆံပင်ကိုဆွဲတယ်!!!”
အန်တီ : “ကြည့်ရတာ သူသမီးလေးကို ခင်ချင်လို့နေမှာပါ”
“တချို့ကောင်လေးတွေက ကောင်မလေးအာရုံစိုက်တာခံရအောင် ဒီလိုလုပ်တတ်ကြတယ်”မြောင်မြောင် : “ဟင်… နာကျင်အောင်လုပ်မှတော့ အမုန်းပဲခံရမှာပေါ့”
ချင်းယွီ : “ ငါကတော့ အဲ့လိုမလုပ်ပါဘူး သဘောကျတဲ့သူကို ပိုသဘောကျအောင်ပဲ လုပ်ရမှာပေါ့”
“သူမုန့်တွေစားရတာကြိုက်ရင် မုန့်တွေဝယ်ကျွေးမယ်”
“သူချစ်စရာကောင်းတာလေးတွေ ကြိုက်ရင် ချစ်စရာကောင်းတာလေးတွေ လက်ဆောင်ပေးမယ်”
“သူကထူးချွန်တဲ့သူကို သဘောကျရင် ငါကထူးချွန်တဲ့သူဖြစ်အောင် လုပ်မယ်”
မြောင်မြောင် : “အင်းလေ ပိန်းဥကမှတကယ်တော်တာ ဟိုကောင်ကငတုံး”
“ထားလိုက်တော့ ငါတို့သွားဆော့ရအောင်”
“အန်တီ သမီးတို့ဘယ်သူအရင်ရောက်လဲ ကြည့်ထားပေးနော်”
အန်တီ : “ကောင်းပါပြီရှင်”
ရေကူးပြိုင်ပွဲတွင် မြောင်မြောင်ကနောက်ဆုံးပန်းဝင်သူဖြစ်သည်။ သို့သော် အားလုံးက သူမအားချီးကျူးကြသည်။
ရှုံသာ့ : “ရှောင်ကူးကူးက တော်လိုက်တာ ဇွဲမလျှော့ပဲ ပန်းတိုင်ထိရောက်အောင် ကူးလာနိုင်တယ်”
ရှုံအယ် : “ဟုတ်တယ် ရှောင်ကူးကူးက တကယ်အံ့ဩဖို့ကောင်းတာပဲ”
ချင်းယွီ : “ဟုတ်တယ် မြောင်မြောင်က အတော်ဆုံးပဲ”
စစချင်းတွင် မြောင်မြောင်သည် နောက်ဆုံးပန်းဝင်သူမို့ စိတ်ညစ်သော်လည်း ထိုအားပေးစကားများကြောင့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာသည်။
“မြောင်မြောင့်ဦးလေးရဲ့ချမ်းသာမှုရာခိုင်နှုန်းက 80 အောက်လျော့သွားတယ်နော်”
မြောင်မြောင် : “ဟင် ဟုတ်လား?? ဒါဆိုဘယ်လိုကြောင့်ပါလိမ့်??”
“ဦးလေး ပိုက်ဆံအရမ်းသုံးနေတာလား? တခြားကောင်မလေးရှိနေတာလားဟင်?”
system မမ : “အဲ့လိုတော့ မဟုတ်လောက်ဘူး ကြည့်ရတာ သူ့နားမှာ မကောင်းတဲ့သူတစ်ယောက် ရှိနေတာထင်တယ် အဲ့လူ့ကြောင့် သူပိုက်ဆံဆုံးရှုံးရမယ့်သဘောပဲ”
မြောင်မြောင် : “ဟင်??? ဒါဆို ဖေဖေ့ချမ်းသာမှုရာခိုင်နှုန်းကိုလည်း ကြည့်လိုက်ဦးမယ်”
“ဟင်? ဖေဖေ့ချမ်းသာမှုရာခိုင်နှုန်းက 99 တဲ့အရင်ကဆို 100 ရှိတာကို ဦးလေးပိုက်ဆံအလိမ်ခံရတာ ဖေဖေ့စီးပွားရေးကိုပါ ထိခိုက်မယ်ထင်တယ်”
system မမ : “အဲ့လိုမဖြစ်အောင် မြောင်မြောင်က ဦးလေးဆီသွားသတိပေးလိုက်ပေါ့”
မြောင်မြောင် : “မြောင်မြောင်ပြောရင် သူတို့ကယုံပါ့မလား မမရဲ့ မယုံလောက်ဘူးထင်တယ်နော်”
system မမ : “ယုံပါတယ် ကလေးရယ် သူတို့ကမြောင်မြောင့်ကို သာမန်ကလေးလို့ ထင်ကြတာမှမဟုတ်တာ”
မြောင်မြောင် : “အာ့ဆို ဘယ်လိုထင်ကြတာလဲဟင်??”
system မမ လည်း ရှင်းမပြတတ်တော့ပဲ
“အရမ်းလိမ္မာပြီး အရမ်းထူးချွန်တဲ့တူမလေးလို့မြင်ကြတာပေါ့”
ဟုသာ ဖြေလိုက်သည်။
မြောင်မြောင်လည်း အားပြန်တင်းလိုက်ကာ
“အာ့ဆိုလည်း မြောင်မြောင် ဒီနေ့ည ဦးလေးတို့အိမ်ကိုသွားပြီးဒီအကြောင်းကို သတိပေးလိုက်ပါမယ်”
ဟု နာခံစွာ system မမအား ပြန်ဖြေလိုက်လေသည်။
(ဆက်ရန်)