Chapter 29

1.6K 134 0
                                    

Chapter - 29
 
သေတ္တာထဲမှငါးလေး မြေပြင်ပေါ်တွင် ရှိနေသည်။မြောင်မြောင်သည် စစချင်းမည်ကဲ့သို့တုံ့ပြန်
ရမည်ကို မသိသော်လည်း ရင်ဘတ်ထဲတွင်ပူလောင်နေပြီဖြစ်သည်။
သူမရဲ့ငါးလေးသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် ငြိမ်သက်သွားပြီဖြစ်သည်။
 
မြောင်မြောင်သည် အခြေအနေအား နားလည်နိုင်စေရန် မိနစ်ပိုင်းအချိန်ယူလိုက်ပြီးမှ ငိုယိုတော့သည်။
 
“ဟင့်…. ငါ့ရွှေငါးလေး မလှုပ်တော့ဘူး!!! သေသွားပြီထင်တယ် လုပ်ပါဦး ပိန်းဥ ငါဘယ်လိုလုပ်ရမလဲ ဟင့်…….”
 
 
မြောင်မြောင်ငိုသောအခါ ဆရာမယန် ချက်ချင်းရောက်လာသည်။
 
“သမီး မြောင်မြောင် ဘာလို့ငိုနေတာလဲ??? ဘာဖြစ်လို့လဲ???”
 
“ဆရာမ.. သမီးငါးလေး သေသွားပြီ သမီးဘူးလေးထဲမှာ ထည့်ခဲ့တာကို အခုကျမြေကြီးပေါ်ရောက်ပြီးသေနေတယ်
တစ်ယောက်ယောက်က လုပ်လိုက်တာသေချာတယ် ဆရာမ”
ဆရာမယန်လည်း တစ်ယောက်ယောက်က တမင်အခုလိုလုပ်လိုက်မှန်း ခန့်မှန်းမိသည်။ ကလေးများထဲတွင် မြောင်မြောင်တစ်ယောက်တည်း ငါးဖမ်းမိသောကြောင့် မနာလိုဖြစ်ကာ လုပ်လိုက်ခြင်းဖြစ်နိုင်သည်။ သို့သော် သူမသည် မြောင်မြောင့်အားနှစ်သိမ့်ပေးရန်လိုအပ်သောကြောင့် 
“မြောင်မြောင်ရယ် မငိုပါနဲ့ အခုဆို ငါးလေးက ကောင်းကင်ဘုံကို ရောက်သွားတော့မှာလေ သူကပိုပျော်နေမှာပါ” ဟု ပြောပေးလိုက်သည်။
 
 
ဆရာမယန် : “ဟုတ်တာပေါ့ သမီးရဲ့”
 
ထိုအချိန်တွင် ကျိုရှုက ဘေးကနေရောက်လာပြီး “မြောင်မြောင် ဟိုကောင်လေ နင့်ကိုခိုးချတယ်လို့ပြောတဲ့ ချန်ကျို နင့်ငါးကို သေတ္တာထဲကနေ မြေကြီးပေါ်ကိုပစ်ချလိုက်တာ ငါမြင်လိုက်တယ် သိလား??”
ဟု လာရောက်သတိပေးသည်။
 
“ဘာ????? သူက တကယ် အဲ့လိုလုပ်တာလား??”
 
ကျိုရှု : “ဟုတ်တယ် ငါမြင်လိုက်တယ်”
 
မြောင်မြောင်ငိုနေသောကြောင့် ကျေနပ်နေသော ချန်ကျိုက သန့်စင်ခန်းမှဂုဏ်ယူဝံ့ကြွားစွာ ထွက်လာကာ “ဘာတွေဖြစ်နေကြတာလဲ??” ဟု မသိချင်ယောင်ဆောင်ကာမေးလိုက်သည်။
 
မြောင်မြောင်(စိတ်တိုစွာ) : “နင်တော်တော်မကောင်းတဲ့ကောင်ပဲ ငါ့ငါးလေးကို ဘာလို့သတ်ပစ်တာလဲ??? ငါးကလည်းသက်ရှိပဲလေ!!! နင်ပြစ်မှုတစ်ခုကိုကျူးလွန်လိုက်တာပဲ!!!!”
ချန်ကျို : “နင်ဘာတွေပြောနေတာလဲ?? ငါသတ်လိုက်တယ်လို့ဘယ်သူကပြောလဲ??”
 
မြောင်မြောင် : “ကျိုရှုကပြောတာ သူမြင်လိုက်တယ်တဲ့!!!!”
 
ချန်ကျို : “သူငါ့ကိုလာလွှဲချနေတာ တကယ်က သူသတ်ပစ်တာနေမှာပေါ့”
 
ထိုကဲ့သို့ မဆီမဆိုင် စွပ်စွဲခံရသောကြောင့် ကျိုရှု မျက်ရည်များဝဲလာသည်။
“နင်ကမှလျှောက်ပြောနေတာ ငါရှူးပေါက်ပြီးထွက်လာတော့ နင်ငါးကိုမြေကြီးပေါ်ချလိုက်တာ ငါသေချာမြင်လိုက်တယ်”
 
ချင်းယွီ : “ချန်ကျို မင်း ညကျ အိမ်မက်ဆိုးတွေမက်မှာမကြောက်ဘူးလား?? မင်းကို အဲ့ငါးလေးကလာပြီးခြောက်လိမ့်မယ်”
 
မြောင်မြောင် : “ဟုတ်တယ် နင့်ကို စိတ်စွဲပြီးသေသွားတာဆိုတော့ နင့်နောက်ကို တကောက်ကောက်လျှောက်လိုက်နေတော့မှာပဲ”
ထိုစကားများကြောင့် ချန်ကျို ကြောက်လန့်သွားကာ “မဟုတ်တာတွေ သရဲဆိုတာ တကယ်မှမရှိတာ နင်တို့ ဘာတွေလျှောက်ပြောနေကြတာလဲ???” 
ဟု တုန်လှုပ်စွာဖြေလိုက်သည်။
 
မြောင်မြောင် : “နင်ဒီငါးလေးကိုသာ သတ်နိုင်တာ ကြောင်လေးတွေ ခွေးလေးတွေကိုလည်း သတ်နိုင်မှာပဲ”
 
ချန်ကျို : “မဟုတ်ဘူး ငါဒီငါးကိုသာ သတ်လိုက်တာ ခွေးတွေကြောင်တွေကိုတော့ ဘယ်တုန်းကမှမသတ်ဖူးဘူး”
သူကိုယ်တိုင် ငါးလေးအားသတ်လိုက်သည်ဟု ဝန်ခံလိုက်သောအခါ အတန်းဖော်သူငယ်ချင်းများက ကြောက်လန့်သွားကြသည်။
 
ဆရာမယန် : “ကဲ… သား…. ချန်ကျို နောက်ဆိုအဲ့လိုမလုပ်ရဘူးနော် ငါးဆိုတာလည်း သက်ရှိတစ်ကောင်ပဲ ဒီလိုလုပ်တာပြစ်မှုရောငရဲပါကြီးတယ်”
 
ထိုသို့ပြောနေစဉ် ချန်ကျိုတစ်ယောက် အဝေးသို့ပြေးထွက်သွားသည်။
 
ဆရာမယန် ချန်ကျိုအားကားပေါ်တက်ရန် မနည်းချော့မော့ပြောဆိုလိုက်ရသည်။
 
ကျောင်းသို့ပြန်ရောက်ပြီး အိမ်ပြန်ရန်စောင့်နေကြစဉ် မြောင်မြောင်တို့သည် ရှုံသာ့ ရှုံအယ်တို့အား ကိစ္စအလုံးစုံကိုပြောပြလိုက်သည်။
 
ရှုံသာ့ : “ရှောင်ကူးကူးကို အဲ့လိုစိတ်တိုအောင်လုပ်တဲ့ကောင်က ဘယ်သူလဲ သူ့ကိုသွားထိုးမယ်”
 
မြောင်မြောင် : “မထိုးနေနဲ့ မဟုတ်ရင်ငါတို့မိဘတွေခေါ်ခံနေရဦးမယ်”
 
ထိုအချိန်တွင် ချင်းယွီကသူမအား သကြားလုံးချိုချိုလေး လက်ဆင့်ကမ်းပေးလိုက်သည်။
 
မြောင်မြောင် : “တော်ပြီ ငါ ဘာမှ စားချင်စိတ်မရှိဘူး……”
 
စိတ်ညစ်နေသောမြောင်မြောင်သည် အိမ်ပြန်ရောက်သောအခါ မိခင်အားငိုယိုပြီးထိုကိစ္စအားပြောပြသည်။
 
ဖူ့ရုံ : “သမီးရယ် စိတ်မကောင်းမဖြစ်ပါနဲ့ သမီး ခုမအိပ်ခင်ရေခွက်လေးနဲ့ဘုရားကို ဆုတောင်းလိုက်ရင် အဲ့ငါးလေးက ပြန်ရှင်လာနိုင်တယ်”
 
မြောင်မြောင်သည် မျှော်လင့်တကြီးဖြင့် “တကယ်လား မေမေ?” ဟု မေးလိုက်သည်။
 
ဖူ့ရုံ : “ဟုတ်တာပေါ့ ဒီတော့ အခုခဏလေး သွားအိပ်လိုက်နော်”
 
မြောင်မြောင် အိပ်နေချိန်တွင် ဖူ့ရုံသည် ထိုငါးအားဓာတ်ပုံရိုက်ပြီး တစ်ပုံစံတည်းတူသည့်ငါးအား ယူလာရန် မန်နေဂျာအား အမိန့်ပေးလိုက်သည်။
 
ညနေပိုင်း မြောင်မြောင်နိုးသောအခါ အမှန်တကယ်ပင် သူမ၏ငါးလေး အသက်ပြန်ရှင်လာသည်ကိုတွေ့ရသောကြောင့် အလွန်အမင်း ပျော်ရွှင်သွားသည်။
 
ထိုငါးလေးအား ဓာတ်ပုံရိုက်ကာ ချင်းယွီဆီသို့ သူမငါးလေးအသက်ပြန်ရှင်လာပြီဟူသော သတင်းကောင်းအား ပြောလိုက်သည်။
 
ချင်းယွီကတော့ ဖူ့ရုံ ယခုလိုပြင်ဆင်ထားသည်ကိုသတိထားမိသည်။ သို့သော် သူဘာမှ မပြောလိုက်ပေ။ သူ့နတ်သမီးလေးအား စိတ်မညစ်ညူးစေချင်သောကြောင့် ဖြစ်သည်။
မြောင်မြောင်သည် သူ့ငါးလေး အသက်ရှင်လာသည်ကို ကြွားချင်သောကြောင့်
“မမ system ရေ ဘယ်ရောက်နေလဲ?”
ဟု ခေါ်လိုက်သည်။
 
ပြန်မထူးသောကြောင့် “မမ စားနေပြန်ပြီလား??” ဟုမေးလိုက်သည်။
 
system မမ : “ဟုတ်တယ် ခု system ကတော့ သေးသေးလေးပဲရှိပါသေးတယ် သူကသူ့ပိုင်ရှင် ကောင်းဖို့အတွက် တခြားသူတွေကို ထိခိုက်ချင်နေတာ အဲ့တော့ပိုကြီးမလာခင် စားထားမှဖြစ်မယ်”
မြောင်မြောင် : “သူ့ပိုင်ရှင်အတွက် ကောင်းတာလုပ်ပေးနေတာပဲကို မမလည်း မြောင်မြောင့်အတွက်အဲ့လိုလုပ်ပေးနေတာပဲလေ”
 
system မမ : “မမတို့က မတူဘူးလေ သူတို့ကသူများကို ဒုက္ခပေးကြတယ် မမကမြောင်မြောင်နဲ့မိသားစုကိုပဲ ကာကွယ်ပေးရတာလေ”
 
သည်လိုနှင့် ထိုပိုင်ရှင်အား မြောင်မြောင်ကြည့်လိုက်တော့ ချန်ကျိုဖြစ်နေသည်ကိုတွေ့လိုက်ရသည်။
 
ချန်ကျိူသည် ထိုရက်ပိုင်း သူတစ်ယောက်တည်းသာကြားရသောစကားသံများကြောင့် ထိတ်လန့်နေသည်။
 
စာသင်နေစဉ် “ဘာလဲ?? ငါ့ကိုဘာတွေပြောနေတာလဲ!!!!!” ဟု ထပြောသောကြောင့် ဆရာမက သူ့အားဆူလိုက်သည်။
 
နောက်ရက်တွင် ဘေးမှကောင်လေးသည် ချန်ကျို ရူးနေသည်ဟု ပြောလိုက်သောကြောင့် နှစ်ယောက်သားရန်ဖြစ်ကာ ထိုကောင်လေးလက်ကျိုးသွားသည်။
 
ထို့ကြောင့် ချန်ကျိုတစ်ယောက် မိဘခေါ်ခံရကာအပြစ်ပေးခံလိုက်ရသည်။
နောက်တစ်နေ့တွင် system မမက သူမအား“မြောင်မြောင် မမ တစ်ရက်နှစ်ရက်လောက်
ပျောက်မယ်နော် ဟို system လေးကိုစားပြီး upgrade တင်မလို့ အဲ့ဟာက တကယ်စားလို့ကောင်းတာပဲ” ဟု ပြောလိုက်သည်။
 
“မမကလည်း စားတာက အရသာလည်း ကွာသေးတာပဲလား??”
 
“ကွာတာပေါ့ ငယ်လေ စားလို့ကောင်းလေပဲ”
မြောင်မြောင်နားမလည်သောကြောင့် ဘာမှထပ်မပြောပဲနေလိုက်တော့သည်။
 
ဤတစ်ခါတွင်ရော ဘာတွေများအဆင့်မြင့်ပြောင်းလဲသွားမလဲဟု မြောင်မြောင်စိတ်လှုပ်ရှားနေမိသည်။
 
(ဆက်ရန်)

မမလေးက ၃ နှစ်သား (Complete ✅)Where stories live. Discover now