Chapter - 27
မြောင်မြောင့်ဒုတိယခရီးစဉ်၏ နောက်ဆုံးနေ့တွင် အဖြူရောင် crop top လေးနှင့် စကတ်ဝဲလေးအားဝတ်ဆင်ကာ ဖိနပ်မှာလည်း ကြိုးသိုင်းလေးဖြင့် အလိုက်ဖက်ကြီး လိုက်ဖက်လွန်းနေသည်။မြောင်မြောင်သည် အိပ်ရာပေါ်တွင် ချင်းယွီနှင့် video call ပြောနေလေသည်။
မြောင်မြောင်သည် ipad အား ပေါင်ပေါ်တွင်တင်ထားသောကြောင့် မျက်နှာအားအောက်မှပင့်ရိုက်ထားသလို ဖြစ်နေသည်။ သို့သော်လည်း ချစ်စရာကောင်းနေဆဲပင်။ ဘေးတွင်မူ ရှုံသာ့ ရှုံအယ်တို့ရှိနေသည်။
“ပိန်းဥ ငါတို့ မနက်ဖြန်လေယာဉ်နဲ့ ပြန်လာမယ်နော် နောက်နေ့ကျ ရေတူတူသွားကူးကြမယ် ငါနင့်ကိုပြောပြစရာတွေအများကြီးပဲ”
ချင်းယွီ (ခေါင်းညိတ်ပြလျက်) : “ဟုတ်ပြီဟုတ်ပြီ ငါအဲ့နေ့မှ နင့်ပုံတွေတဝကြီးကြည့်မယ်”
သည်လိုနှင့် နာရီဝက်လောက်စကားပြောပြီးနောက် ဖုန်းချလိုက်ကြသည်။ ဖူ့ရုံသည် သည်တစ်ခါနေ့လယ်စာအတွက် နာမည်ကြီး ပင်လယ်စာ စားသောက်ဆိုင်တွင် ဘိုကင်တင်ထားသည်။မြောင်မြောင်သည် အရသာရှိလှသောအစားအစာများကို စားရတော့မည်ဖြစ်သောကြောင့် ပျော်ရွှင်နေသည်။ အငယ်နှစ်ယောက်မှာ ကန်ထဲရှိအလှမွေးထားသော ကျောက်ဂဏန်းများအား သွားကိုင်ကြည့်နေကြသည်။
ကျန်းဖန်ဖန် : “ကလေးတွေ လျှောက်မကိုင်ကြနဲ့ သူတို့ကသားတို့လက်ကို ထိခိုက်စေနိုင်တယ်နော်”
မြောင်မြောင်မှာမူ ထိုအကောင်များအားကြောက်ရွံ့မိသောကြောင့် အနားပင်မသွားရဲပေ။ အဝေးမှပဲသေချာ စူးစိုက်ကြည့်နေသည်။
ဖူ့ရုံ : “မြောင်မြောင် အဲ့အကောင်လေးတွေကို စားကြည့်ချင်လား?”
မြောင်မြောင် : “အဲ့ဒါတွေကိုမစားရဲဘူး မေမေ ကြောက်စရာကောင်းတယ်”
သည်လိုနှင့် မြောင်မြောင်တို့သည် ပုဇွန် ငါးဂဏန်းများကိုသာ စားလိုက်ကြသည်။
ဖူ့ရုံနှင့်ဖန်ဖန်တို့သည် ကလေးများအတွက်ချက်ပြုတ်ပြီးသား ပင်လယ်စာများကိုသာ မှာပေးပြီး သူတို့ကမူ ပုစွန်စိမ်းသုပ်နှင့်တခြားအစိမ်းများကိုပါ စားကြသည်။ မြောင်မြောင်တစ်ယောက် ပင်လယ်စာများကို ကိုယ်တိုင်အခွံခွာမစားနိုင်သောကြောင့် ဘေးနားမှ ဝန်ထမ်းမမတစ်ဦးက အခွံခွာကျွေးသည်။ ထိုအခါ မြောင်မြောင်သည်ပျော်ရွှင်စွာ ဆော့ချဉ်များနှင့်တို့ကာစားနေတော့သည်။
မြောင်မြောင်ကြောက်ရွံ့ခဲ့သော ကျောက်ဂဏန်းများသည် ချက်ပြုတ်ပြီးသောအခါ အနီရောင်အဖြစ်သို့ပြောင်းသွားကာ စားချင်စဖွယ်ဖြစ်သွားသည်။
“မေမေ ဒါတွေက ခုနက သမီးတို့တွေ့ခဲ့တဲ့အကောင်တွေလား??”
ဖူ့ရုံ : “ဟုတ်တယ်လေ သမီးရဲ့ စားကြည့်ချင်လား??”
မြောင်မြောင် ခေါင်းညိတ်ပြသောအခါ ဖူ့ရုံသည် ဝမ်းဗိုက်ရှိ အသားများကို ခက်ရင်းနှင့်ကော်ထုတ်ကာ မြောင်မြောင့်ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ထူးကဲလှသောအရသာကြောင့် မြောင်မြောင် အံ့ဩမိကာ
"မေမေ ခုနကအကောင်တွေက ကြောက်စရာသာကောင်းတာ သေသွားတော့ စားလို့ကောင်းတာပဲနော်”
ဟု ပြောလိုက်သည်။
နေ့လယ်ခင်းတွင် မြောင်မြောင်တို့ ပစ္စည်းများသိမ်းဆည်းကာ ကိုယ်ပိုင်လေယာဉ်ပေါ်သို့ တက်ခဲ့ကြသည်။
မြောင်မြောင်သည် အစားများများစားထားသောကြောင့် လေယာဉ်ထွက်သည်နှင့်
မျက်လုံးများမှေးစင်းကာ အိပ်ပျော်သွားတော့သည်။
မြို့ထဲသို့ရောက်ခါနီးမှ မြောင်မြောင့်အား ဖူ့ရုံတစ်ယောက် နှိုးရသည်။
“ဘေဘီလေး ထတော့လေ မေမေတို့အိမ်ရောက်တော့မယ်”
သို့သော် မြောင်မြောင်သည် မထသေးပဲမိခင် ၏ရင်ခွင်ထဲသို့ဝင်ကာ မှေးစက်ပြန်သောကြောင့် ဖူ့ရုံမှာ သူမလေးအားချီကာ ကားပေါ်သို့တက်လာခဲ့ရသည်။ အိမ်သို့ရောက်သောအခါ အားအင်ပြည့်ဝ
နေသော မြောင်မြောင်သည် သူမ ခရီးသွားနေစဉ် မလုပ်ရသောစာများကို ကြိုးစားပမ်းစား ဖတ်တော့သည်။ ထို့နောက် အန်တီကြီးအား ကြက်တောင်ပံကြော်နှင့် တာရိုစွပ်ပြုတ်ပြုတ်ပေးရန်မေမေ့အားပူဆာသည်။
နေ့လယ်သို့ရောက်သောအခါ ချင်းယွီလည်း အတန်းဆင်းပြီဖြစ်သောကြောင့် မြောင်မြောင်နှင့်
နှစ်ယောက်သား video call ခေါ်ကြသည်။ သည်တစ်ခါတွင် မြောင်မြောင်သည် ဖုန်းအား ဖုန်းထောက်တိုင်တွင်တင်ထားသောကြောင့် သူမ ၏မျက်နှာလေးအား ကောင်းကောင်းမြင်နေရသည်။
“ပိန်းဥ မနက်ဖြန်ကျ မနက်စောစော ငါတို့အိမ်ကိုလာခဲ့နော် ငါတို့ chess ကစားပြီး နေ့လယ်ကျရေကူးကန်သွားမယ်လေ”
“ငါနင့်ကို ပြောပြစရာတွေအများကြီးရှိတယ် ဓာတ်ပုံတွေလည်း ပြရဦးမယ်”
ချင်းယွီ : “အင်းအင်း ဒါဆို ငါမနက်စောစောလာခဲ့မယ်နော် အဲ့ရောက်မှ နင့်ပုံတွေကြည့်တော့မယ် မြောင်မြောင်က ဘာပဲဝတ်ဝတ် ချစ်စရာကောင်းပြီးသားပါ”
ထိုချီးကျူးစကားကြောင့် မြောင်မြောင်ပျော်သွားသည်။ နောက်တစ်နေ့မနက်တွင် အမှန်တကယ်ပင် ချင်းယွီတစ်ယောက် မနက်စောစောရောက်လာခဲ့သည်။ သို့သော် ချင်းယွီမျက်နှာမကောင်းပေ။
မြောင်မြောင် : “ပိန်းဥ နင့်မျက်နှာက ဘာဖြစ်တာလဲ??”
ချင်းယွီသည် မျက်လွှာကိုချကာ
"ငါ မနေ့က ငါ့မိဘတွေကို ငါက နင်နဲ့နောက်အသက်တွေကြီးလာတဲ့အထိ အတူတူဘေးခုံမှာ စာသင်ချင်တာလို့ ပြောလိုက်တာကို ငါ့အဖေကပြောတယ် ငါတို့က အခုပဲ အဲ့လို တူတူထိုင်လို့ရမှာတဲ့ နောက်ကျ အမှတ်တွေနဲ့ခွဲပြီးထိုင်ရမှာတဲ့ အထက်တန်းကျတော့လည်း စိတ်ကြိုက်ဘာသာယူတာ မတူနိုင်တော့ဘူးတဲ့ တက္ကသိုလ်တက်ရရင် ပိုဆိုးမယ်တဲ့ ငါတို့နောက်ကျ တစ်ခန်းတည်းတောင် တူတူမတက်ရနိုင်တော့ဘူးလို့ ပြောတာ”
မြောင်မြောင်သည် ထိုစကားကိုကြားပြီး စိတ်မကောင်းဖြစ်ကာ
"ဒါဆို ငါဘယ်လိုလုပ်ရမလဲ?? ငါစာသေချာကြိုးစားမယ်လေ”ဟု ပြောလိုက်သည်။
ချင်းယွီ : “ကျေးဇူးတင်ပါတယ် မြောင်မြောင်ရယ်”
ထိုညက မြောင်မြောင်သည် မတက်ကြွနိုင်စွာ ဖူ့ရုံအား
"မေမေ သမီး ခုကစပြီးသီချင်းဆိုတာ ကတာတွေမသင်တော့ဘူးသမီး ဘာသာရပ်တွေကိုပါ သင်တော့မယ်”
ဟု ပြောလိုက်သည်။
ဖူ့ရုံ(အံ့ဩစွာ) : “ဘာလို့လဲ သမီးလေးရဲ့ဘယ်လိုလုပ်ပြီး အဲ့လိုတွေးရတာလဲ?”
မြောင်မြောင်သည် သူမလက်ချောင်းလေးများအား ထိုးဆိတ်နေရင်း
"မြောင်မြောင် နောက်ကျ ပိန်းဥနဲ့တစ်ခုံတည်း တူတူမထိုင်ရမှာ ကြောက်တယ် မေမေ သမီးသူ့ကိုသူနဲ့အမြဲတူတူထိုင်နိုင်ဖို့ စာကြိုးစားမယ်လို့ ကတိပေးထားတယ်”
ဟု ပြောလိုက်သည်။
ဖူ့ရုံသည် အပြုံးတစ်ခုအား ဆင်မြန်းလျက်
“မြောင်မြောင် ကြိုးစားနေစရာမလိုပါဘူး အဲ့လိုနေချင်ရင် ကိုယ်ပိုင်ကျောင်းကိုပို့ပေးမယ်လေ အဲ့မှာဆိုပိုက်ဆံနဲ့အရာရာကိုဝယ်လို့ရတယ်”
ဟု ပြောလိုက်သည်။
မြောင်မြောင်သည် အံ့အားသင့်စွာ
"ဟုတ်လား မေမေ??”
ဟု မေးလိုက်သည်။
ဖူ့ရုံ : “ဟုတ်တာပေါ့ သမီးလေးရဲ့”
ဖူ့ရုံသည် ဟိုးအရင်ကတည်းက ထိုကိစ္စအားစဉ်းစားထားဖူးသည်။ သူမသည် မြောင်မြောင်အား ပညာရေးကိစ္စနှင့် စိတ်မဖိစီးစေချင်ပေ။ ဖူ့လီတက်သော ကျောင်းအားထားရန် သူမရည်စူးထားခြင်းဖြစ်သည်။ မကြာခင် အားလပ်ရက်မှာပြီးဆုံးသွားပြီဖြစ်သည်။
စက်တင်ဘာလလယ်တွင် Little Star မူကြိုကျောင်း ပြန်ဖွင့်လေပြီ။
မြောင်မြောင်မှာလည်း တစ်တန်းပိုကြီးသွားသောကြောင့် သူမ၏ အတန်းပိုင်ဆရာမမှာလည်းပြောင်းလဲသွားသည်။
ဆရာမအသစ်လေးမှာ အရမ်းချောမောသောကြောင့် မြောင်မြောင်မြင်မြင်ချင်းပင် သဘောကျမိသွားသည်။
“အားလုံးပဲ မင်္ဂလာပါနော် ဆရာမက ဆရာမချန်ပါ ရှေ့လျှောက် ကောင်းကောင်းနေကြမယ်နော် ကလေးတို့”
“ဟုတ်ကဲ့ပါ ဆရာမ…”
“ဆရာမက ဒီအတန်းကို ခုမှစဝင်တာဆိုတော့နာမည်တွေမသိသေးဘူး ဒီတော့ တစ်ယောက်ချင်းစီ ထပြီး မိတ်ဆက်ကြမလား??”
ထိုအခါ ကလေးများမှာ ရုတ်တရက်ရှက်ရွံ့သွားကြသည်။
ထို့နောင် အစဉ်လိုက်အတိုင်း ကလေးများကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ကြသည်။
မြောင်မြောင့်အလှည့်သို့ ရောက်သောအခါ
“မင်္ဂလာပါ သမီးနာမည်က မြောင်မြောင်ပါ ကြက်တောင်ပံကြော်နဲ့ တာရိုစွပ်ပြုတ်ကြိုက်ပါတယ်”
ဟု မိတ်ဆက်လိုက်သည်။
ဆရာမချန်သည် အစားမက်သောချစ်စရာကောင်မလေးပါ့လားဟု တွေးလိုက်သည်။
“မင်္ဂလာပါ ချင်းယွီလို့ခေါ်ပါတယ် ကျွန်တော် ကျွန်တော့်ဘေးကအတန်းဖော်လေးကို အရမ်းသဘောကျပါတယ်”
မြောင်မြောင်လည်း ဝမ်းသာသွားကာ
“ငါလည်း နင့်ကို အရမ်းသဘောကျပါတယ်နော်”
ဟု ပြန်ဖြေလိုက်သည်။
“ကဲကဲ… အားလုံး မိတ်ဆက်ပြီးပြီဆိုတော့ ဆရာမ စာစမသင်ခင်ကလေးတို့ရဲ့level ကိုသိဖို့ မေးခွန်းလေးတွေ အရင်ဖြေခိုင်းမယ်နော် အဖြေတွေကိုသူငယ်ချင်းတွေဆီက မကြည့်ရဘူးနော်”
ထိုမေးခွန်းစာရွက်တွင် သင်္ချာ အင်္ဂလိပ်စာနှင့် တရုတ်ဘာသာစကားတို့ ပါဝင်သည်။ အချိန်စေ့သောအခါ ဆရာမက အဖြေလွှာစာရွက် များကိုပြန်သိမ်းလိုက်သည်။ အဖြေတိုက်စစ်ပြီးသောအခါ ဆရာမချန်ကချောင်းတစ်ချက်ဟန့်ကာ
"အခု စာမေးပွဲမှာ အမှတ်ပြည့်ရတဲ့သူ နှစ်ယောက်ရှိတယ် ဘယ်သူလဲဆိုတာသိကြလား?”
ဟု မေးလိုက်သည်။
ထိုအခါ ကျိုရှုက “မြောင်မြောင်ပါဆရာမ”ဟုအလောတကြီး ပြောလိုက်သည်။
ဆရာမချန် : “ဟုတ်တယ် မြောင်မြောင်က အမှတ်ပြည့်ရတယ်”
မြောင်မြောင်သည်လက်ထောင်လျက် “ချင်းယွီပါဆရာမ” ဟု ဖြေလိုက်သည်။
ဆရာမချန် : “ဟုတ်တယ် ချင်းယွီနဲ့မြောင်မြောင်က အမှတ်ပြည့်ရတယ်”
“ဒီတစ်တန်းလုံးက ချစ်စရာလည်း ကောင်းကြသလိုစာလဲတကယ်တော်တာပဲ ဆရာမတော့ အရမ်းကံကောင်းတယ်”
ထို့နောက် နေ့လယ်စာစားဖို့ သွားကြမည်ပြင်သောအခါ နောက်တန်းမှ ကောင်လေးတစ်ယောက်က
"ချင်းယွီက မကောင်းတဲ့ကောင်ပဲ သူကမြောင်မြောင့်ဆီက ခိုးကြည့်ပြီးအမှတ်ပြည့်ရသွားတာ”
ဟု ဆိုင်းမဆင့်ဘုံမဆင့်ပြောချလိုက်သည်။
ထိုအခါ ချင်းယွီက
“မဟုတ်တာ ငါက ဘာလို့ သူ့ဆီကကြည့်ဖြေရမှာလဲ?? ငါ့ဘာသူငါဖြေတာပါ”
ဟု ဖြေလိုက်သည်။
ကောင်လေး : “ဒါဆို မြောင်မြောင်က မင်းဆီက ခိုးကြည့်တာနေမှာပေါ့”
မြောင်မြောင်သည်စိတ်တိုကာ “ဘာ!!! ငါကဘာလို့ခိုးကြည့်ရမှာလဲ?? ငါအောင်စာရင်းထွက်တုန်းက အမှတ်၃၀၀အပြည့်ရထားတာဟ”ဟု ဖြေသည်။
“ကြည့်ရတာ နင်ကစာညံ့လို့ ငါတို့ကိုမနာလို
ပြီးပြောနေတာထင်တယ် ငါတို့ကနင့်လိုမဟုတ်ဘူး ဆရာမက အခုနေရာခွဲပြီးပြန်ဖြေခိုင်းရင်တောင် ငါတို့က အမှတ်ပြည့်ရမှာပဲ”
ထိုသို့ပြောသောအခါ ထိုကောင်လေးသည် သူ့အားစာညံ့သည်ဟုပြောသောကြောင့် ငိုယိုတော့သည်။
သို့သော် မြောင်မြောင်မှာ ဂရုမစိုက် ချင်းယွီလက်ကိုဆွဲကာ ထွက်လာခဲ့သည်။ ဆရာမချန်သည် ကလေးငိုနေသောကြောင့် အကျိုးအကြောင်းလာမေးသည်။
ကောင်လေး : “ဆရာမ မြောင်မြောင်က သားကိုစာညံ့တယ်လို့ပြောပြီး လှောင်တယ်”
ထိုအခါ အတန်းထဲမှကျိုရှုက
“နင် ဘာလို့ နင်ခံရတာပဲပြောတာလဲ?? နင်ကအရင်မြောင်မြောင်နဲ့ချင်းယွီကို ခိုးချတယ်လို့ ပြောတာလေ” ဟု ပြောလိုက်သည်။
ဆရာမချန် : “ကလေး သူများကို အဲ့လိုမပြောရဘူးလေ သူတို့ကအရင်နှစ်ကတည်းက စာတော်တယ် နှစ်ယောက်လုံး စုစုပေါင်းအမှတ် ၃၀၀ အမှတ်ပြည့်ရကြတာလေ သားဆိုအဲ့လောက်မရဘူးမလား??”
ကောင်လေး : “ဟုတ်တယ် ဆရာမ သားက ၁၀၀ ကျော်ပဲရတာ ဒါဆိုသူတို့ကသားထက် ၂ ဆတောင်များတာပဲနော်”
မြောင်မြောင်သည် ညရောက်သည်အထိစိတ်တိုပြီးရှုံသာ့ ရှုံအယ်တို့အား ထိုအကြောင်း ပြောပြမိသည်။
ရှုံအယ် : “အဲ့ကောင်က တော်တော်ဆိုးတာပဲ ဒါနဲ့ ရှောင်ကူးကူးက အရမ်းတော်တာပဲ”
ရှုံသာ့ : “ဟုတ်တယ် ရှောင်ကူးကူးလည်း တော်တယ် ချင်းယွီလည်း တော်တယ် အရမ်းမိုက်တာပဲ”
ရက်သတ္တပတ် တစ်ပတ်လောက်ကြာသောအခါ မြောင်မြောင်သည် ချင်းယွီမျက်နှာမကြည်မသာဖြစ်နေသည်ကို သတိထားမိသည်။
“ပိန်းဥ နင်ဘာဖြစ်နေတာလဲဟင်?? စိတ်ညစ်စရာရှိလို့လား??”
ချင်းယွီသည် နှုတ်ခမ်းကိုစုကာ
“ဘာမှမဟုတ်ပါဘူးဟာ” လို့သာ ဖြေလိုက်သည်။
ထိုအခါမှ ချင်းယွီသည် တွန့်ဆုတ်စွာ
“မြောင်မြောင် ငါ့ကိုတစ်ယောက်ယောက်က
လာ,လာထိနေသလိုပဲ”
ဟု ဖြေလိုက်သည်။
မြောင်မြောင် : “ဟင်???!!!!.....”
ထို့နောက် system မမမှ ချင်းယွီအား scan ဖတ်ကြည့်တော့သည်။
(ဆက်ရန်