Chapter 66

1.1K 84 0
                                    

Chapter - 66

ချင်းယွီသည် စိတ်ရှိသည့်အတိုင်းဆိုလျှင် မရပ်ချင်သော်လည်း ယခုမူ မြောင်မြောင့်အား

လိုအပ်သည်များမပါပဲ စိတ်လက်မာန်ပါမပြုမူချင်သောကြောင့် မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။

"ဒီတစ်ခါတော့ ထားလိုက်ရအောင်နော်"

မြောင်မြောင် : "သွား!! ငါ နင့်ကို မုန်းတယ် ငါ့ကို လာမထိနဲ့တော့!!!"

ချင်းယွီ : "ဟင်?? ဒါဆို ကိုယ် အခုပဲ သွားဝယ်လိုက်မယ်"

"တော်ပြီ ငါစိတ်မပါတော့ဘူး" ဟု မြောင်မြောင် ဒေါသထွက်စွာ ပြောလိုက်သည်။

ထိုအခါ ချင်းယွီလည်း နောင်တအကြီးအကျယ်ရကာ မနက်ကျ မည်ကဲ့သို့ပြန်ချော့ရမည်ကို တွေးနေမိသည်။

တစ်ဖက်တွင် မြောင်မြောင်မှာမူ system မြောင်မြောင့်အား ရင်ဖွင့်နေသည်။

"မမရာ ညီမလေးစိတ်ထဲ မကျေနပ်ဘူး"

systemမြောင်မြောင် : "ဒါဆို သူ့ကို သွားဝယ်ခိုင်းလိုက်လေ"

မြောင်မြောင် : "ဟာ!! ညီမလေးကစပြီး ဝယ်ခိုင်းချင်ပါဘူး"

system မြောင်မြောင် : "ဒါပေမဲ့ ရှင်လေးက စိတ်ပါနေတာမလား??"

ထိုအခါမှ မြောင်မြောင် ရှက်သွားသည်။

နောက်တစ်နေ့မနက်တွင် ချင်းယွီသည် မနက်စာပြင်ထားသော်လည်း မြောင်မြောင်မှာ ချင်းယွီအားစကားမပြောပဲ မုန့်စားကာ ကျောင်းသို့ထွက်သွားသည်။

ယခုဆိုလျှင် မြောင်မြောင် သူ့အား စကားမပြောသည်မှာ နှစ်ရက်ရှိပြီ။

ချင်းယွီလည်း ဘာလုပ်ရမည်မသိ ဖြစ်နေချိန်တွင် သူ့ဘက်မှအရင် မိသားစုအားဖွင့်ပြောရန် စဉ်းစားလိုက်သည်။

မမလေးက ၃ နှစ်သား (Complete ✅)Where stories live. Discover now