အပိုင်း ၅

2.2K 40 0
                                    

သခင်တို့ကားလေးခြံထဲကိုမောင်းဝင်လာတော့အသင့်စောင့်နေသော ဦးကျန်ရစ်ကထွက်ကြိုသည်။

"သခင်လေး...သခင်လေးကို ဦးအာဏာစက်နဲ့ ဦးသာထက်တို့ စောင့်နေကြတယ်"

ဦးကျန်ရစ် စကား‌ကြောင့် သခင့် မျက်နှာပေါ်တွင် အံ့ဩခြင်းအရိပ်ကလေးဖြတ် ပြေးသွားသည်။

"သူတို့ရောက်နေကြတာကြာပြီလား...ဦးကျန်ရစ်"

"သိပ်တော့မကြာသေးပါဘူး..သခင်လေး"

သခင် ခေါင်းငြိမ့်ပြလိုက်ပြီး အိမ်ထဲသို့ဝင်ရန်ပြင်လိုက်သည်။

"ဦးအာဏာစက် နဲ့ ဦးသာထက်ဆိုတာ ဂီရိရဲ့ အဖေတွေမို့လား..သခင်"

အခရာ့ အမေးကြောင့် အိပ်ထဲသို့ဝင်ရန်ပြင်နေသော သခင့်ခြေလှမ်းတွေရပ်တန့်သွားသည်။

"အင်း..ဟုတ်တယ်..ငါ့စီးပွားရေးလုပ်ငန်းအတွက် အကြီးဆုံး ရှယ်ယာရှင်တွေပေါ့..ငါ့အနားမှာနေအုံး..မင်းကိုသူတို့နဲ့ မိတ်ဆက်ပေးမယ်"

အခရာ့ လက်ကိုဆွဲကာ သခင်ရှေ့မှ ဦးဆောင်၍အိမ်ထဲသို့ခေါ်သွားသည်။အခရာနောက်မှ ခပ်ကုပ်ကုပ်လိုက်လာရင်း ဧည့်ခန်းထဲတွင်ထိုင်နေသော လူနှစ်ယောက်ကို လှမ်းကြည့်လိုက်မိ၏။ဦးအာဏာစက် ကို စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးအဖြစ် သတင်းတွေထဲတွင် အခရာ မြင်ဖူးသည်။ချစ်သူသတ်တမ်း ၁၀နှစ် အိမ်ထောင်သတ် အနှစ် ၂၀လောက်ရှိနေပြီဖြစ်သော သူတို့အတွဲသည် ဆိုရှယ်မီဒီယာတွင်လည်း နာမည်ကြီးသည်။ screen ပေါ်တွင်သာမြင်ဖူးနေသော ဦးအာဏာတို့အတွဲကို အခရာ ရင်းနှီးနေမိသလိုဖြစ်နေသည်။

"စောင့်နေရတာကြာသွားပြီလားဗျ"

"မကြာသေးပါဘူး..သခင်ရဲ့..ပြန်လာပြီပေါ့"

"ဟုတ်တယ်ဗျ"

ဦးအာဏာစက် ထိုင်နေရာမှထကာ သခင့်ကို ဖတ်လှဲတကင်းနှုတ်ဆက်သည်။
ဦးအာဏာစက်၏ ပုံစံသည် ချောမောလွန်းသည်လည်းမဟုတ် တည်ကြည်လေးနက်ပြီးယောင်္ကျားပီသပုံပေါ်သည်။

"ဦးသာထက် နေကောင်းပါရဲ့နော်"

ဦးအာဏာ၏ဘေးတွင်ထိုင်နေသော ဦးသာထက်ကို သခင်လှမ်းပြီးနှုတ်ဆက်လိုက်သည်။

သခင့် ရဲ့ အခရာ {Completed}Where stories live. Discover now