အပိုင်း ၁၉

1.8K 23 0
                                    

"အခု ရှာတွေ့ပြီလို့ပြောလိုက်တာလား....ဘယ်မှာလဲ....ဘယ်မှာလဲလို့"

မိဘတွေကိုရှာတွေ့ပြီဆိုသော စကားကြောင့် နာကျင်မှုတွေက ချက်ချင်းပျောက်ကွယ်သွားသလို ကုတင်ပေါ်ကအတင်းဆင်းလာသည်။

"နေအုံး...ကိုယ် ပြောတာကိုနားထောင်အုံး"

အခန်းအပြင်ကို ထွက်ပြေးတော့မလိုဖြစ်နေသော အခရာ့ ကိုယ်လုံးလေးကို စွေ့ခနဲ ပွေ့ကာ ကုတင်ပေါ်ကို ပြန်တင်ပေးရင်း

"ဟုတ်တယ်...မဟုတ်ဘူးဆိုတာကို အတည်ပြုဖို့အတွက် ကိုယ် အရင်သွားတွေ့ကြည့်အုံးမယ်....ပြီးမှ မင်းကိုတွေ့ပေးဖို့ ကိုယ်စီစဉ်ပေးမယ်...ဟုတ်ပြီလား...ကိုယ် ပြောတာကိုနားထောင်"

"တကယ်လို့ မဟုတ်ဘူးဆိုရင်ရော"

'အဲ့ဒါဆိုရင် ကိုယ် အတိုင်းမသိဝမ်းသာမိမယ် ထင်တယ် အခရာ' သခင် စိတ်ထဲမှတီးတိုးရေရွတ်ရင်း သူ့မျက်နှာလေးကိုကြည့်လိုက်တော့ ပြိုတော့မည့်မိုးလို ဖြစ်နေသည်။

"ကိုယ် တွေ့အောင်ရှာပေးမှာပါ"

ရင်ထဲမှဆို့နစ်နေသော အမည်မသိဒဏ်ရာတစ်ခုက ပိုမိုနာကျင်လာသလို။

"အခုတော့ ဆေးသောက်ပြီးနားလိုက်နော်....ကိုယ် အပြင်သွားစရာရှိသေးတယ်"

ဆံနွယ်လေးတွေနှင့်အုပ်နေသော နဖူးပြေပြေလေးကို တစ်ချက်နမ်းရှိုတ်လိုက်သည်။ အခန်းထဲတွင် တစ်ယောက်ထဲထားခဲ့ပြီး သခင် အိမ်အောက်ထပ်ကိုဆင်းလာလိုက်သည်။

"ဦးကျန်ရစ် ... ကျနော်တို့ သွားကြရအောင်...."

"ဟုတ်ကဲ့ပါ....သခင်လေး"

"ကိုသူရ...ရှေ့နေကြီးကိုလှမ်းခေါ်လိုက် စာရွက်စာတမ်းတွေ အကုန်ယူလာခဲ့ပါလို့"

"ဟုတ်ကဲ့"

သူရ ကားတံခါးကိုဖွင့်ပေးလိုက်သည်။ သခင် ကားထဲကိုဝင်ထိုင်လိုက်သည်နှင့် စိတ်တို့ကထိန်းချုပ်မရ။ ချစ်သူ အတွက်ကြောင့် မလုပ်မဖြစ်လုပ်ရမည့် အရာကို မိမိ၏စိတ်တို့က အတင်းအကန် ငြင်းဆန်နေမိသည်။
ကားအနက်ရောင်လေးက စားသောက်ဆိုင်တစ်ခုရှေ့တွင် ထိုးရပ်သွားသည်။ သူရ ဆိုင်ထဲကိုအရင်ဝင်သွားပြီး ကောင်တာမှ ဧည့်ကြိုမိန်းကလေးနှင့် သွားစကားပြောရသည်။

သခင့် ရဲ့ အခရာ {Completed}Where stories live. Discover now