အပိုင်း ၁၅

1.9K 29 0
                                    

"အခရာ....မင်းပဲစဉ်းစားကြည့်...သခင် ကကွာ ရုပ်ရှိရေလျှံ...ရုပ်ရည်ကလည်းပြောစရာမလိုအောင် စောက်ရမ်း ချော....စီးပွားရေးဘက်မှာလည်း ဦးဆောင်မှုကရှယ်နော်....မင်းအပေါ်မှာလည်း စိတ်ပူတတ်၊ဂရုစိုက်တတ်လိုက်တာ ကလည်းလွန်ပါရော...ဒီလောက်ထိအဖက်ဖက်က perfect ဖြစ်နေတာကွာ.....မင်းကိုလည်း ဒီလောက်ချစ်ပေးနေတာ...မင်းဘက်က နည်းနည်းလောက် အလျှော့လေးပေးရမှာ မင်းဝန်လေးသလား.....ဒီလောက်တောင် ပစ်ထားနေရင် ဘဲပစ်ခံရမှာမြင်ယောင်သေးတယ်"

"ဘယ်လို"

"ဟုတ်တယ်လေကွာ...လူဆိုတဲ့အမျိုးက ကိုယ် ပိုင်ဆိုင်ပြီးသာဆိုရင် မလိုချင်တော့ဘူးကွာ...သိလား"

"မင်း စကားကြီးက ဘာအဓိပ္ပာယ်လဲ"

"မင်းကလည်း ဝေးလိုက်တာ....ငါဥပမာတစ်ခုပြောမယ်....ဒီလိုကွာ အခု မင်းဆီမှာ ရှိနေပြီးသား အဲ့ဒီဖုန်း နဲ့ ကောင်တာထဲက ဖုန်းအသစ်တစ်လုံးနဲ့ မင်းဘယ်ဟာကိုပိုလိုချင်လဲ"

"ကောင်တာထဲက ဖုန်းအသစ်ပေါ့"

"အဲ့ဒါဘာလို့လဲ သိလား....မင်းဆီမှာရှိနေတဲ့ဖုန်းကို မင်း ပိုင်ဆိုင်ပြီးသားဖြစ်နေလို့ပဲ....ဘယ်သူကကွာ...ကိုယ့်မှာရှိနှင့်နေပြီးသား အရာကို လိုချင်ပါတယ်ပြောမှာလဲ..ငါ့ ဖုန်းလေးငါလိုချင်လိုက်တာ...ငါ့လက်စွပ်‌လေးငါလိုချင်လိုက်တာလို့..မပြောကြဘူး..ဟုတ်တယ်မို့လား....ငါတို့ ယောင်္ကျားလေးတွေက ပိုဆိုးတယ်...မင်းလည်း ယောင်္ကျားလေးပဲသဘောပေါက်မှာပါ"

"မင်းပြောတာကို ငါသဘောမပေါက်ချင်ပေမယ့်...သဘောပေါက်သွားပြီ...ငါဘယ်လိုလုပ်ရမလဲ"

"ဒါကဒီလိုရှိတယ်...မိုင်ဖရန့်ရဲ့...မင်းမှာရှိနေပြီးသား ဖုန်းလေးက ကောင်းနေသေးတယ် သုံးရအဆင်ပြေသေးတယ် စုထားဆောင်းထားတဲ့ဒေတာလေးတွေကလည်း မင်းအတွက်အဖိုးတန်နေသေးတယ်ဆိုရင်....မင်း အသစ်တစ်ခုကိုလိုချင်မှာမဟုတ်ဘူးလေ....အသစ်တစ်ခု ရလာရင်တောင်မှ အရင်အဟောင်းလေးကိုစွန့်လွှတ်နိုင်မှာမဟုတ်ဘူး....ဟုတ်တယ်မို့လား"

"နေပါအုံး...ဂီရိရယ်...မင်းဟာက ငါ့ကို moti ပေးနေတာလား...ဖုန်းရောင်းနေတာလား"

သခင့် ရဲ့ အခရာ {Completed}Where stories live. Discover now