အပိုင်း ၁

5.3K 68 2
                                    

"ဟင့်...ဟင့်...ဟင့်.."

‌ 'အေးရိပ်'ဟုအမည်တပ်ထား‌ သော မိဘမဲ့‌ ဂေဟာ၏အဝင်ဝလှေကားထစ်ပေါ်တွင် ဒူးနှစ်လုံးပေါ်မျက်နှာအပ်ရင်း ငိုသံကို အပြင်မထွက်စေရန်ထိန်းရင်းရှိုက်ငိုနေသော ၈နှစ်အရွယ်ကလေးငယ်လေးတစ်ယောက်။

"ဟိတ် ဘာလို့ငိုနေတာလဲ။တိတ်တော့လေ မင်းယောင်္ကျားမဟုတ်ဘူးလား။ချောကလက်စားမလား ဟင်"

ကျောပြင်ပေါ်သို့ရောက်လာသော လက်သေးသေးလေး၏အနွေးဓာတ်ကြောင့် သခင် ငိုနေရာမှမော့ကြည့်လိုက်သည်။သူ့အရွယ်လောက်ပင်ရှိသည့် ကောင်လေးတစ်ယောက်က သူ့ကိုငုံ့ကြည့်ရင်းပြုံးပြနေသည်။သခင် မျက်ဝန်းထဲမှမျက်ရည်တွေကိုလက်ခုံဖြင့်ပွတ်သုတ်လိုက်သည်။

"မငိုပါဘူးနော် ဘယ်သူကငိုနေလို့လဲ"

"မင်းငိုနေတာ.. ငါမြင်သားပဲကွာ.... မညာချင်စမ်းပါနဲ့ ..ရော့"

လက်ထဲမှ ချောကလက်ကမ်းပေးလာရင်း သခင့်ဘေးကို သူဝင်ထိုင်သည်။

"မင်းနာမည်ကဘယ်လိုခေါ်လဲ ငါ့နာမည်က အခရာ တဲ့ "

"အ..ခ..ရာ.. မှုတ်တဲ့ခရာလိုမျိုးလား"

အခရာ မျက်မှောင်ကိုကြုံ့ရင်း သခင့်ကိုပြန်ကြည့်သည်။

"ဘယ်က မှုတ်တဲ့ခရာလဲ မင်းသိတာ မှုတ်တဲ့ခရာပဲသိတာလား အခရာ ဆိုတာငါ့နာမည် အဓိပ္ပာယ်က အဓိကကျတယ်ဆိုတဲ့ အဓိပ္ပာယ်ကွာ"

အရွယ်နှင့်မလိုက်အောင် လုံးစေ့ပတ်စေ့ရှင်းပြနေသော အခရာ့ကို သခင် ပါးစပ်အ‌ဟောင်းသားနှင့်ငေးကြည့်နေမိသည်။

"ဪ.."

"ဘာ အခုမှ ဪလဲ။မင်းနာမည်လည်းပြောအုံးလေ"

"သခင်"

"သခင်! ဒါပဲလားနာမည်က"

"အင်း"

"လှသားပဲ နာမည်လေးရော လူလေးရော"

"ဟင်..."

"ဒါနဲ့ မင်းကဒီကိုဘယ်လိုရောက်လာတာလဲ"

"ငါ့ မိဘတွေက မရှိတော့ဘူး အဲ့ဒါကြောင့်"

"သူတို့က ဘာဖြစ်ကုန်တာလဲ"

"အဆိပ်မိပြီးသေကုန်တာ"

"ဘယ်လို အ..အဆိပ် မိတယ် ဟုတ်လား"

သခင့် ရဲ့ အခရာ {Completed}Where stories live. Discover now