စိုစွတ်ပြီးမှောင်မိုက်နေသော နေရာတစ်ခု။
အဖြူရောင် မြူခိုးငွေ့တွေက ရစ်ပတ်လွှမ်းခြုံလျက်။'ဒါကဘယ်လိုနေရာကြီးလဲ'
အခရာ တီးတိုးရေရွတ်ရင်း ရှေ့ကိုဆက်သွားမိသည်။ပိုမိုကြီးစိုးလာသောအမှောင်ထုကြောင့် ဆက်သွားနေရသော်လည်း ဘာကိုမှမမြင်ရ။
သူ့ဆီကို ဦးတည်လို့တရွေ့ရွေ့လာနေသော လူနှစ်ဦး၏ပုံစံကို ရိုးတိုးရိပ်တိတ်မြင်လိုက်ရသည်။
အခရာ မျက်လုံးကိုပွတ်ပြီးကြည့်လိုက်တော့လည်း ဘာကိုမှရှင်းရှင်းလင်းလင်းမမြင်ရ။မြူခိုးတွေကြားတွင်ရှိနေသော ထိုအရိပ်နှစ်ခုက ယောင်္ကျားတစ်ယောက် နှင့် မိန်းမတစ်ယောက်ဖြစ်သည်ကိုတော့ အခရာသေချာသိသည်။"သား....သားလေး....အခရာရေ"
ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် အခရာလန့်သွားသည်။
"ဘယ်...ဘယ်သူလဲ"
အထစ်ထစ်အငေါ့ငေါ့နှင့် လှမ်းမေးလိုက်တော့ မြူခိုးတွေကြားကနေပြန်ဖြေသည်။
"မေမေလေ...သားရဲ့....မေမေတို့နဲ့ အတူနေရအောင် သားကိုပြန်လာခေါ်တာ....သားပြန်လိုက်ခဲ့နော်"
"မေ.....မေ"
ထိုအရိပ်က လက်နှစ်ဖက်ကို ဆန့်တန်းကာ အခရာ့ကို လှမ်းခေါ်နေသည်။အခရာ ဝမ်းသာသွားမိသည်။သူ့မိဘတွေ သူ့ကိုပြန်လာခေါ်ကြပြီ။
"မေမေ...သားလိုက်လာခဲ့မယ်"
အခရာ သွားရန်ခြေလှမ်းပြင်လိုက်တော့ နောက်မှလှမ်းဆွဲလိုက်သော လက်တစ်စုံကြောင့် ခြေလှမ်းတွေက ရပ်တန့်သွားရသည်။လှည့်ကြည့်လိုက်တော့
"သခင်"
သခင် က သူ့ကိုပြုံးလျက်ကြည့်နေသည်။ဘာစကားမှတော့မပြော။တစ်ခါ မြူခိုးတွေကြားက အရိပ်နှစ်ခုကို ကြည့်ပြန်တော့ ထိုအရိပ်နှစ်ခုက သူနှင့်ပိုဝေးကွာသွားသလို။အခရာ သခင့်လက်ကို ဖြုတ်ချလိုက်ပြီး ထိုအရိပ်နှစ်ခုနောက်ကိုအားကုန်ပြေးလိုက်သည်။
"နေပါအုံး...သားကိုစောင့်ပါအုံး....သားကိုမထားခဲ့ပါနဲ့.....မေမေ...မေမေ....သားကိုစောင့်ပါအုံးဗျ"
YOU ARE READING
သခင့် ရဲ့ အခရာ {Completed}