အပိုင်း ၁၀

2K 32 0
                                    

မနက်စာစားနေရင်း အခရာ စားပွဲထိပ်တွင်ထိုင်နေသော သခင် ကိုလှမ်းလှမ်းကြည့်မိသည်။အကဲခတ်မြန်သော သခင် က

"ပြောစရာရှိလို့လား"

အခရာ့ မျက်နှာလေးဝင်းလက်သွားသည်။

"ဒီညနောက်မကျစေနဲ့နော်...သခင်...၆ နာရီမထိုးခင်ပြန်လာခဲ့...နော်"

သခင် ခေါင်းငြိမ့်ပြလိုက်တော့ အခရာ က ချစ်ဖို့ကောင်းအောင်ပြန်ပြုံးပြသည်။
သခင် မနက်စာစားပြီး အိပ်ခန်းကိုပြန်ကာ အဝတ်အစားလဲပြီးပြန်ဆင်းလာသည်။suit ဝတ်ထားသော သခင့်ပုံစံက လူကြီးလူကောင်းတစ်ယောက်လိုဖြစ်နေသည်။ တင်းမာနေသော မျက်နှာကြောင့် အရှိန်အဝါတွေထွက်နေသလိုတောင်ဖြစ်နေပြီး အကြည့်တွေမလွဲနိုင်အောင်ဖြစ်ရသည်။
သခင့် အနားတွင် သူရက တောက်လျှောက်ကပ်လိုက်နေပြီး တစ်နေ့တာလုပ်ငန်းဆောင်တာတွေကိုပြောပြနေသည်။ သခင် ကခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်နေပြီး ကားနားကိုလျှောက်သွားကြသည်။ သူရ ကားတံခါးကိုဖွင့်လိုက်သည်။

"သခင်"

ကားပေါ်တတ်ရန်ပြင်နေသော သခင် က အခရာ့ အသံကြောင့် တုံ့ဆိုင်းသွားသည်။

"၆နာရီမထိုးခင်နော်...မေ့မနေနဲ့"

သခင် အခရာ့ ရှေ့ကိုပြန်လျှောက်လာပြီး မျက်နှာချင်းဆိုင်ရပ်နေလိုက်ပြီး မျက်လုံးချင်းဆုံအောင်ကြည့်သည်။

"ဘာကိစ္စပဲရှိရှိ ၆နာရီမထိုးခင်...ရောက်အောင်ပြန်လာခဲ့မယ်...မင်းသာ စောက်ရစ်ရှည်ပြီး မီးဖိုထဲဝင်မနေနဲ့...ဓားရှတယ်..ဆီပူလောင်တယ်...အသံကြားရင်...နာပြီသာမှတ်..ကြားလား.."

အခရာ ဇတ်ကလေးပုဝင်သွားသည်။ ဆူပုတ်နေသော မျက်နှာလေးကို သခင် အူယားလာသဖြင့် ဆူထွက်နေသော နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းဖြင့်ဆွဲစုပ်နမ်းရှိုက်လိုက်သည်။ အခရာ့ မျက်နှာလေးနီရဲသွားပြီး ဘေးမှ သူရတို့လည်း မျက်လုံးပြူးသွားကြသည်။

"ခွေးကောင်!..မင်း ပြန်မလာခဲ့နဲ့...သွား"

သခင် သဘောတကျရယ်လိုက်ပြီး ကားပေါ်ကိုတတ်ပြေးသည်။
အခရာ့ မျက်နှာလေးကတော့ ရှက်စိတ်နှင့်ဒေါသ ရောပြီး ခရမ်းချဉ်သီးမှည့်လေးလိုဖြစ်နေသည်။

သခင့် ရဲ့ အခရာ {Completed}Where stories live. Discover now