အပိုင်း ၉

1.9K 30 0
                                    

အခရာ သခင့် အနမ်းကို ငြင်းဆန်ခြင်းမပြု။
သခင် နမ်းနေရာမှ ခွာလိုက်ပြီး အခရာ့ ဆံပင်လေးတွေကိုထိုးဖွလိုက်သည်။အခရာ့ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ‌စိတ်ထဲပေါ်လာသော သီချင်းစာသားလေးကို ခပ်တိုးတိုးလေးရွတ်ဆိုလိုက်သည်။

"My home has beautiful eyes"

သခင် စာသားလေးကိုရွတ်ရင်း အခရာ့ မျက်ခွံလေးကိုဖိကပ်နမ်းလိုက်သည်။

"The cuteness nose , the prettiest smile"

သီချင်းကို ဆက်ဆိုရင်း သူ့ လက်ညှိုးလေးနှင့် အခရာ့ နှာခေါင်းလေးကို တို့ထိလိုက်တော့ အခရာက နှစ်လိုဖွယ်ပြုံးရင်း အသံသေးသေးလေးထွက်လာသည်အထိရယ်မောလိုက်သည်။
သခင် လည်း သွားတတ်လေးပေါ်အောင်ပြုံးရင်း အခရာ့ ကို ကြည့်နေမိသည်။ရင်ဘက်ထဲမှ နှလုံးသားလေးကလည်း ခုန်ပေါက်လို့။

"အာ့ဆို ငါကမင်းရဲ့အိမ်လေးပေါ့ ဟုတ်လား...သခင်"

"...."

သခင် ဘာမှပြန်မပြော။ အခရာ မျက်ခုံးကိုတွန့်ချိုးလိုက်ပြီး

"ဘာလဲ..ငုတ်တုပ်ကြီးအိပ်ပျော်သွားတာလား"

"မဟုတ်ပါဘူးကွာ....မင်းကိုကြည့်နေတာ"

အခရာ မျက်စောင်းလေးထိုးလိုက်သည်။

"အခရာ..."

သခင့် ခေါ်သံကြောင့် အခရာ မျက်လုံးအဝိုင်းသားနှင့် စိုက်ကြည့်နေသည်။

"မင်းက ဘာလို့ဒီလောက်တောင် ချစ်ဖို့ကောင်းနေတာလဲကွာ.."

"ဟုတ်ပါ့နော်...ဒီလောက်ချစ်ဖို့ကောင်းနေတဲ့ ငါလေးက ဘာလို့ရည်းစားမရှိတာပါလိမ့်ပဲ"

ခပ်ဆွေးဆွေးလေးပြောလိုက်သော အခရာ့ စကားကြောင့် သခင် မျက်မှောင်ကြုံ့လိုက်သည်။

"ဘာရယ်"

"ဟုတ်တယ်လေ....ငါ့ကိုမင်းနဲ့ညားနေပါတယ်ဆိုပြီး....မင်းကိုကြောက်တာနဲ့ ငါ့ကို ဘယ်မိန်းကလေးကမှ ရည်းစားစကားလိုက်မပြောရဲကြဘူး...ငါဘူပိတ်နေတာမင်းကြောင့်..မင်းကြောင့်...ငါ့နှလုံးသားမှာကျွန်းခံနေတယ်ဆိုရင် အဲ့ဒီကျွန်းက မင်းပဲ ...သိလား ...သခင်...ခွေးကောင်"

သခင့် ရဲ့ အခရာ {Completed}Where stories live. Discover now