အပိုင်း ၁၃

2K 33 0
                                    



"မင်း...မင်းနော်..မဟုတ်တာလုပ်မယ်မကြံနဲ့...ငါ...ငါအော်လိုက်မှာနော်...ခွေးကောင်..ဖယ်ဆို"

မျက်လုံးစုံမှိတ်ပြီး အော်နေသော အခရာ့ ကိုကြည့်ကာ သခင် အူယားလာသဖြင့် လှုပ်ရှားနေသော နှုတ်ခမ်းလေးကို ကိုက်ဆွဲလိုက်သည်။

"အ့!"

"သာသာလေးကိုက်လိုက်တာပါ...နာသွားလို့လား"

"ဖယ်!...ငါ့အပေါ်က ဆင်း...ဖယ်ပါဆို"

ရုန်းကန်နေသော သူ့ကို သခင် ပိုတင်းကျပ်စွာ ချုပ်ကိုင်ထားလိုက်သည်။
မျက်နှာကို နီးကပ်စွာ ကပ်ချလိုက်ပြီး အခရာ့ နားရွက်ဖျားလေးကို ရှေ့သွားနှင့် ဖိကိုက်လိုက်ပြန်သည်။

"သခင်...မင်းနော်"

အခရာ့ နားတွင် သခင့် ဝင်သက်ထွက်သက်ကတိုးတိုက်လျက်။

"ဆာတယ်"

ခပ်ရှရှထွက်လာသော သခင့် အသံကြောင့် အခရာ ကြက်သီးတွေထလာပြီး ခြေချောင်းလေးတွေကကုပ်သွားသည်။

"အားးး!"

"အမလေးကွာ....နားကန်းတော့မလိုပဲ"

ရုတ်တရက် ထအော်လိုက်သော အခရာ့ အသံကြောင့် သခင် လန့်သွားကာ ချုပ်ကိုင်ထားသော လက်ကိုလွှတ်လိုက်သည်။

"နှာဘူးကောင်"

သူ့အပေါ်တွင် ကုန်းကုန်းကြီးလုပ်နေသော သခင့် ကို ဝမ်းဗိုက်ကနေဆောင့်ကန်ချလိုက်သည်။

"ဘုန်း!!"

"အား! သေပါပြီကွာ..ဗိုက်ကိုမှကန်ရတယ်လို့...အခရာ ရယ်"

နှစ်တောင်လောက်မြင့်သော ကုတင်ပေါ်ကနေ ပတ်လက်လန်ကျသွားသည်။ထိုင်ရက်သားနှင့် ဗိုက်ကိုဖိကာ အော်နေသော သခင့် ကြောင့် အခရာ ပျာပျာသလဲ ကုတင်ပေါ်ကဆင်းလာပြီး

"ငါ...ငါကတော့လုပ်ချလိုက်ပြန်ပြီ...အရမ်းနာနေလား...ဟင်..."

ပါးစပ်ကပြောရင်း လက်က သခင့် အင်္ကျီကြယ်သီးတွေကို ဆွဲဖြုတ်ပစ်နေသည်။ ဝမ်းဗိုက်နေရာမှ ချုပ်ကြောင်းကို ကိုင်ကြည့်ပြီးတော့မှ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းလေးချလိုက်သည်။

သခင့် ရဲ့ အခရာ {Completed}Where stories live. Discover now