ဗိုက်ကိုဖိကာအော်ရင်း ချွေးစီးတွေပြန်နေသော အခရာ့ကို ကြည့်ရသည်မှာ လမ်းလျှောက်နိုင်မည့်ပုံမပေါ်။သခင် ညာလက်ကို အခရာ့ ဒူးအောက်ကိုလျှိုဝင်လိုက်ပြီး ဘယ်လက်ဖြင့် ကျောပြင်ကို သိုင်းဖက်လိုက်ကာ ဘယ်ဘက်ရင်အုံပေါ်ကိုခေါင်းမှီစေလျက် ပွေ့ချီလိုက်သည်။အခရာ့ကိုပွေ့ချီရင်း လှေကား ထစ်များကိုအလျင်အမြန်နင်းဖြတ်ပြီး အောက်ထပ်မှ မောင်ထူးတို့ဆီကိုလှမ်းအော်ပြောလိုက်သည်။
"ကိုထွန်းကိုလှမ်းခေါ်လိုက်...အမြန်လာပါလို့"
သခင် လှမ်းပြောလိုက်သဖြင့် မောင်ထူး အိမ်အပြင်ကိုထွက်သွားသည်။
ကိုထွန်း ဆိုသူက ဆရာဝန်ထွန်းတောက်ရှင်။
ထွန်းတောက်ရှင် သည် သခင့်ကျေးဇူးမကင်းသူတစ်ယောက်ဖြစ်သည့်အလျောက် ကျေးဇူးသိတတ်သူတစ်ဦးပင်။သခင် လွှတ်လိုက်သည့် လူနာဆိုလျှင် ဆေးကုသစရိတ်မတောင်းဘဲ နေကောင်းကျန်းမာသည်အထိ ဂရုစိုက်ကုသပေးသည်။သူနေထိုင်ရာရပ်ကွက်ထဲတွင်လည်း သခင် ဆိုသောနာမည်ဖြင့်ကုသိုလ်ဖြစ်ဆေးခန်းလေးတစ်ခုကိုတည်ဆောက်ထားသည်။သူတို့နှစ်ယောက်တွေ့ဆုံခြင်းသည်ကောင်းသောတွေ့ဆုံခြင်းဖြစ်ခဲ့သည်။ချို့တဲ့သော မိသားစုမှမွေးဖွားလာသော ထွန်းတောက်ရှင်က ပညာအရည်အချင်းတွင် သူများတကာတွေထက်သာလွန်၍ထက်မြတ်သူဖြစ်သည်။ဆေးတက္ကသိုလ်ကို တတ်ရောက်နိုင်ခဲ့ပေမယ့် မိဘများက ပထမနှစ်တစ်နှစ်လောက်သာပညာသင်စရိတ်ကိုထောက်ပံ့ပေးနိုင်ခဲ့သည်။တက္ကသိုလ်တဝက်တပြတ်နှင့် လမ်းဘေးရောက်ခါနီးနေသော ထွန်းတောက်ရှင် ကို သခင်တွေ့ရှိခဲ့ပြီး"ခင်ဗျားမှာ အရည်အချင်းရှိတယ် ငါ့မှာငွေကြေးရှိတယ် ကြိုးစားရင်ကြိုးစားနိုင်သလောက် ထောက်ပံ့မယ် အကျိုးရှိအောင်တော့လုပ်ပေး"
သခင့် ၏စကားတစ်ခွန်းက ထွန်းတောက်ရှင်အတွက် အားဖြစ်ခဲ့သည်။သခင့် ၏အထောက်အပံ့ကိုယူပြီး ကျောင်းပြီးအောင်ဆက်တတ်ခဲ့သည်။ဆရာဝန်ဖြစ်လာသော ထွန်းတောက်ရှင်က သခင့်အတွက်ဆို အသက်စွန့်ဝံ့သည်အထိ သစ္စာခံဖြစ်လာသည်။
"ဘယ်သူဘာဖြစ်တာလဲ...မောင်ထူး"
"သခင်လေး အခရာ...ဗိုက်နာလို့တဲ့အဲ့ဒါ"
YOU ARE READING
သခင့် ရဲ့ အခရာ {Completed}