အပိုင်း ၃

2.5K 54 0
                                    

"ဒေါက်.....ဒေါက်....ဒေါက်"

ဖြေးလေးစွာထွက်ပေါ်လာသော တံခါးခေါက်သံကြောင့် သခင်အခန်းတံခါးကိုသွားဖွင့်လိုက်တော့ အခရာခေါင်းအုံးလေးကိုပွေ့ပြီး ရပ်နေသည်။

"ဝင်လာခဲ့လေ"

"အင်း"

"မင်းအိပ်ချင်ရင်... အိပ်နှင့်... ငါ့မှာအလုပ်တွေရှိသေးတယ်"

"ဟင့်အင်း....မင်းငါ့အနားမှာရှိနေပေးလို့မရဘူးလား...သခင်"

အခရာ သခင့်ရင်ခွင်ထဲသို့ခေါင်းတိုးဝင်ရင်း ရှိုက်ငိုနေပြန်သည်။

"မင်းမငိုနဲ့တော့....အခရာ...မင်းငိုနေရတဲ့အကြောင်းအရင်းကို ငါဒေါသနဲ့မဖြေရှင်းလိုက်ခင်မှာ....မင်းတိတ်လိုက်တော့"

"သူတို့ငါ့ကို...တကယ်ကြီးစွန့်ပစ်လိုက်ပြီထင်တယ်...သခင်ရယ်"

"......"

သခင် သူ့ရင်ဘက်ကိုမျက်နှာအပ်ပြီးငိုနေသော အခရာ့ခေါင်းလေးကိုပွတ်သပ်ပေးနေရင်း...

"မင်းဘာဖြစ်ချင်လည်း...အခရာ...ငါဘာလုပ်ပေးရမလဲ....မင်းဖြစ်ချင်တာကိုပြော...ငါအကုန်လုပ်ပေးမယ်...မင်းမိဘတွေကို ငါလိုက်ရှာပေးရမလား"

"ဟင့်အင်း...ငါသူတို့ရဲ့ မျက်နှာတွေကိုလည်းမမှတ်မိတော့ဘူး...သူတို့ရဲ့နာမည်ကိုတောင်မှ...မမှတ်မိနိုင်တော့ဘူး...သခင်ရဲ့"

ပိုတိုးလိုငိုလာသော အခရာ့ကိုကြည့်ရင်း သခင်ထူပူလားသည်။

"မေ့လက်စနဲ့ မေ့ပစ်လိုက်တော့....အခရာ"

"ငါကဒီအတိုင်းလေးပဲသိချင်တာပါ...သူတို့ငါ့ကိုပြန်လာရှာကြမလားလို့ပါ"

"တော်လိုက်တော့ အခရာ...မင်းစိတ်ကိုလျော့လိုက်ပါတော့....ငါမင်းဘေးနားမှာအမြဲရှိနေမှာပဲလေကွာနော်"

သခင် အခရာ့မျက်နှာလေးကိုဆွဲမော့လိုက်ပြီး နွေးထွေးစွာပြုံးပြသည်။

ကြိုက်သည်။သခင့်ရဲ့ အဲ့ဒီအပြုံးတွေကို အခရာကြိုက်သည်။အရယ်အပြုံးနည်းသူတစ်ယောက်မို့  တစ်ချက်တစ်ချက်စိတ်ပါလက်ပါပြုံးလိုက်လျှင် တစ်ဖက်လူစိတ်ထဲမှာနွေးသွားလောက်သည်အထိ။

သခင့် ရဲ့ အခရာ {Completed}Where stories live. Discover now