အပိုင်း ၁၇

1.7K 23 0
                                    


"မင်း ငါ့ကို လူစုံတုန်းလေးဆိုပြီး အရှက်ခွဲလိုက်တာလား"

သခင် နောက်ကျောဆီမှရန်လိုသည့် အသံတစ်ခုထွက်လာတာကြောင့် လှည့်ကြည့်လိုက်တော့ အခရာ။

"မင်း ဘာစကားတွေလာပြောနေတာလဲ...ကိုယ် က ဘယ်တုန်းက မင်းကို အရှက်ခွဲမိလို့လဲ"

"ငါ့ကို လက်ထပ်မယူဘူးဆိုတာက ဘာစကားလဲ...မင်း ငါ့ကိုဘယ်လို အစားလို့ထင်နေတာလဲ"

"မင်းက လက်ထပ်ယူစေချင်တာလား....ရတယ်...မနက်ဖြန်လား....သဘက်ခါလား....ကြိုက်တဲ့ရက်ပြောလိုက်"

"သခင်...မင်း!"

"ဒီမယ် အခရာ...ကိုယ်ပြောပြမယ်....ကိုယ် ဆိုတာက အန္တရာယ်ကောင်နော်....မင်းကို တရားဝင်ယူလိုက်ရင် ကိုယ့်အပေါ်ကျလာမယ့် အန္တရာယ်တွေကို မင်းက တဝက်ခွဲယူလိုက်သလိုဖြစ်သွားလိမ့်မယ်....ကိုယ် မင်းကို ကာကွယ်နိုင်တယ်ထားအုံး ကိုယ် သတိတစ်ချက်အလွတ်မှာ မင်းတစ်ခုခု ဖြစ်သွားရင်....ကိုယ် ရူးပြီးသေလိမ့်မယ် ... မင်း သိရဲ့လား"

"ဒါပေမယ့်..."

"လက်ထပ်တယ် ဆိုတာက အပြောပဲလွယ်တာနော်....မင်း ဘဝတစ်ခုလုံးကို ကိုယ့် အတ္တတွေနဲ့ ချုပ်နှောင်လိုက်မိလိမ့်မယ်...ကိုယ့်စိတ်ကိုကိုယ်ပဲသိတယ်..အခရာ...အခုချိန်မှာ ကိုယ်က မင်းအနားလေးကပ်မိတာတောင်မှ ကိုယ့်စိတ်တွေကထိန်းမရအောင်ဖြစ်နေတာ...လက်ထပ်ပြီးသွားလို့ မင်းကကိုယ့်အပိုင်ဖြစ်သွားရင် မင်း ကုတင်ပေါ်ကဆင်းရမှာ မဟုတ်တော့ဘူး...အဲ့ဒီအချိန်ကျမှ တားလို့လည်းမရဘူး ၊ အော်ပြီး ရုန်းကန်နေလို့လည်းမရဘူး .... ကိုယ့် စိတ်ကြိုက် ကိုယ်ပြုသမျှနုနေရတော့မှာ....ဖြစ်ချင်သလား"

"သခင်...မင်း ငါ့ကို သက်သက်မဲ့ခြောက်လန့်နေတာပဲ"

"ကိုယ် အတည်ပြောတာ....ချစ်သူ ဆိုတဲ့စိတ်သွင်းထားရင် ကိုယ် မင်းကိုမပိုင်သေးဘူး...ကိုယ့် စိတ်ကြိုက်လုပ်လိုက်လို့မရဘူးဆိုတဲ့ စည်းလေးနဲ့ ကိုယ့်ကိုကိုယ် ထိန်းလို့ရသေးတယ်....အပိုင်ယူပြီးသွားရင်တော့ သွေးသားဆန္ဒတွေကြွလာတာနဲ့ အလိုတူတူ မတူတူဝင်လုံးတော့မှာပဲ"

သခင့် ရဲ့ အခရာ {Completed}Where stories live. Discover now