အပိုင်း ၁၂

1.9K 33 0
                                    

"အား!အာ့"

ဖိအိပ်ထားသဖြင့် ကျင်ထုံနေသော လက်ကိုဆန့်ထုတ်လိုက်ပြီး တစ်ချက်သမ်းဝေလိုက်သည်။
အနားရှိ နာရီကိုလှမ်းကြည့်လိုက်တော့ အချိန်က မနက် ၆နာရီ အတိ။
သခင်ကတော့ မျက်ဝန်းတွေကိုမှိတ်လျက်ငြိမ်သက်နေဆဲ။ အခရာ သခင့်မျက်နှာကို ကြည့်နေရင်း နဖူးပေါ်ဝဲကျနေသော ဆံချည်မျှင်လေးများကိုပင့်သပ်တင်လိုက်ပြီး ခပ်ဖွဖွလေးနမ်းရှိုက်လိုက်သည်။

"Morning .... သခင်"

မျက်နှာသစ်ပေး၊သန့်ရှင်းရေးလုပ်ပေးပြီးတော့ ကိုထွန်းရောက်လာသည်။

"အခရာ....အစောကြီးနိုးနေတာလား"

"ဟုတ်...ညက သခင့် အနားမှာပဲအိပ်လိုက်တာမို့ပါ"

"ဪ"

ကိုထွန်း အံ့ဩသွားသလိုပုံစံလေးဖြစ်သွားပြီးမှ ကျေနပ်စွာပြုံးလိုက်သည်။

"အခရာ!"

"ဂီရိ"

ဂီရိ အခန်းထဲကိုဝင်လာပြီး အခရာ့ကိုဆွဲဖက်လိုက်သည်။ အခရာ လည်း သူကိုတင်းတင်းကျပ်ကျပ်ပြန်ဖက်ထားလိုက်သည်။

"အများကြီးပင်ပန်းသွားပြီ....ငါ့ရဲ့ သူငယ်ချင်းလေး"

ထိုအခါမှ အခရာ ငိုချလိုက်မိတော့သည်။

"သူ့အနားမှရှိနေပေမယ့်...ငါသိပ်အထီးကျန်တာပဲ ဂီရိရယ်...ငါသူ့ကို အဆုံးရှုံးမခံနိုင်ဘူး...သူမရှိရင် ငါအသက်တောင်ရှူနိုင်မှာမဟုတ်တော့ဘူး....ငါ့မှာ တွယ်တာစရာ မိဘဆိုတာလည်းမရှိတော့ဘူး....ငါ့မှာ သူ‌တစ်ယောက်ပဲရှိတာပါကွာ...ငါလည်း ငါချစ်တဲ့သူနဲ့ ပျော်ပျော်ရွှင်ရွှင်လေးနေချင်သေးတာပေါ့ "

မျက်ရည်တွေက အဆက်မပြတ်ကျဆင်းနေပြီး ငိုရှိုတ်နေသော အခရာ့ ကိုကြည့်ရင်း ဂီရိပါ မျက်ရည်ဝဲလာသည်။ စီးပွားရေးလုပ်ငန်းတွေကြောင့် ပတ်သတ်နေရသည်ဆိုပေမယ့် ဂီရိ က သခင့်ထက် အခရာ့ကို ပိုခင်သည်။ ငယ်ပေါင်းသူငယ်ချင်းမဟုတ်ပေမယ့် အခရာ့ အရေးအတွက်ဆို ငယ်သူငယ်ချင်းတွေထက်တောင် ပိုအလေးထားသည်။
အခရာ့ ပါးပြင်ပေါ်ကမျက်ရည်တွေကို တယုတယသုတ်ပေးလိုက်ပြီး

သခင့် ရဲ့ အခရာ {Completed}Where stories live. Discover now