အပိုင်း ၁၈

1.6K 24 0
                                    


သခင် စာကြည့်စားပွဲတွင်ထိုင်ကာ မျက်ခုံးကို လက်ညှိုးဖြင့်ထောက်ရင်း တစ်စုံတစ်ခုကို လေးလေးနက်နက်စဉ်းစားနေသည်။ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ဦးကျန်ရစ်ကိုလှမ်းခေါ်လိုက်သည်။

"ဦးကျန်ရစ်!!"

"ဟုတ်ကဲ့....သခင်လေး"

"အထဲကိုခဏ‌လောက်ဝင်ခဲ့ပါအုံး ဗျာ"

ဦးကျန်ရစ် စာကြည့်ခန်းထဲကိုဝင်လာပြီး ထိုင်ခုံတစ်လုံးပေါ်တွင်ဝင်ထိုင်လိုက်သည်။

"ကျနော့်ကို တစ်ခုလောက်ကူညီစမ်းပါ့"

"ပြောပါ....သခင်လေး"

"ဂေဟာကိုသွားပြီး အခရာ့ မိဘတွေရဲ့ အချက်အလက်တွေကို စုံစမ်းပေးပါ့လား"

"ရပါတယ်..သခင်လေး"

"ဟူးးး....သူ့မိဘတွေကို တွေ့ချင်လို့တဲ့ဗျာ"

သခင် သက်ပြင်းအရှည်ကြီးချလိုက်ပြီး ခပ်ဆွေးဆွေးလေးပြောလိုက်သည်။ ဦးကျန်ရစ် ခေါင်းတငြိမ့်ငြိမ့်ဖြင့် သခင့် ကိုနှစ်သိမ့်သလိုပြုံးပြရင်း

"ဟုတ်တာပေါ့ဗျာ....တွေ့ချင်မှာပေါ့....ဒါပေမယ့် သူ့မိဘတွေအပေါ်ထားတဲ့ သံယောဇဉ်ထက် သခင်လေးအပေါ်ထားတဲ့ သံယောဇဉ်ကပိုကြီးတယ်လို့....ကျွန်တော်တော့ ထင်တယ်"

"ဒါတော့ဒါပေါ့ သူ့မိဘတွေနဲ့တွေ့ပြီးမှ ပြန်လိုက်သွားရင်....ကျနော် ဘယ်လိုလုပ်ရမလဲ"

"သခင်လေး...အဲ့လောက်လည်း စိတ်ပူမနေပါနဲ့"

"ပူတယ်...ပူနေရတယ်...သူ့အတွက်ကြောင့်နဲ့ ကို စိတ်ရော ၊ ကိုယ်ရော အကုန်လုံးကိုထူပူနေတာ....ရည်းစားတစ်ယောက်ရလိုက်တာကလည်း သားတစ်ယောက်မွေးလိုက်မိသလို......"

သခင် အတွေးတစ်ခုရသွား၏။

"ဟုတ်ပြီ....ဦးကျန်ရစ်..ကျနော့် ကို လူတစ်ယောက်ကို မွေးစားဖို့စာချုပ်လုပ်ပေးဖို့ ရှေ့နေကြီးကိုလှမ်းပြောပေးပါ"

"ဗျာ...သခင်လေးက ဘယ်သူ့ကို မွေးစားမလို့လဲ"

"အခရာ့ ကို"

"ခင်ဗျာ!"

ဦးကျန်ရစ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သခင့် အတွေးတွေကို သူတကယ်လိုက်မမှီတော့။

သခင့် ရဲ့ အခရာ {Completed}Where stories live. Discover now